ဧဝရက် တောင်ပေါ်တွင် လမ်းပိတ်ဆို့မှုကြောင့် လူ၃ဦးသေဆုံး

မေလ ၂၃ရက် ကြာသပတေးနေ့တွင် နီပေါမှ ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်တဲ့ ဧဝရက် ရေခဲတောင်ပေါ်၌ ခရီးသည် များ အလွန်များပြီး လမ်းကြောပိတ်ဆို့မှုဖြစ်ပွားခဲ့ပါတယ်။ ၎င်းလမ်းကြောပိတ်ဆို့မှုကို စောင့်နေရင်း အေးခဲပြီး ခရီးသည် (၃)ဦးသေဆုံးခဲ့ရပါတယ်။ ထို(၃)ဦးအပါအဝင် တစ်ပတ်အတွင်း ဧဝရက် တောင်ပေါ်တွင် သေဆုံးသူဟာ (၇)ဦးအထိ ရှိ သွားပြီဖြစ်ပါတယ်။

နီပေါရှိတောင်တက်အဖွဲ့အစည်းက ယခုလတွင် ရာသီဥတုသာယာသဖြင့် တောင်တက်ဖို့ရန်အတွက် ခွင့်တောင်းထားတဲ့ ခရီးသည် ၄၀၀ ကို တစ်ပတ်အတွင်းမှာ ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။ ထို့ကြောင့် တောင်ပေါ်တွင်လူများ ထူထပ် သွားခဲ့ ပါတယ်။ ဧဝရက် တောင်တက်လမ်းရဲ့ တစ်ချို့နေရာတွေ လူတစ်ဦးစာနေရာပဲရှိတဲ့အတွက် အတက်အဆင်းမှာ ပိတ်ဆို့ သွားခဲ့ရတာဖြစ်ပါတယ်။ ထို့အပြင် တောင်တက်လမ်းဟာ ကြမ်းတမ်းတဲ့အတွက် အမြန်သွားဖို့ဆိုတာကလည်း မဖြစ်နိုင် ပါ ဘူး။ သေဆုံးသူများတွင် အိန္ဒိယခရီးသည်(၂)ဦးနှင့် အခြားတောင်တက်သမားတစ်ဦးတို့ ပါဝင်ပြီး သူတို့ဟာ အမြင့်ပေ ၂၆၂၀၀ တွင် လမ်းပိတ်နေခြင်းကြောင်း ၁၂နာရီကျော်ကြာအောင်စောင့်ခဲ့ရသဖြင့် အေးခဲပြီးသေဆုံးသွားခဲ့ရတာဖြစ်တယ်လို့ သိရှိရပါတယ်။

ဧဝရက် တောင်ဟာ ကမ္ဘာ့အမြင့်ဆုံးတောင်တစ်တောင်ဖြစ်ပြီး (၂၉၀၃၅)ပေ အမြင့်ရှိပါတယ်။ နီပေါရှိ တောင် တက်ကြီးကြပ်အဖွဲ့ဟာ နှစ်စဉ်နွေဦးရောက်လို့ ရာသီဥတုသာယာတဲ့အချိန်မှာ ခရီးသည်များကို တောင် တက်ခွင့်ပေးနေ ကျဖြစ်သလို အဲလိုအချိန်မှာပဲ လူအသေအပျောက်ဖြစ်ပွားနေကျဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် နွေဦးရာသီတုန်းကလည်း (၅)ဦး သေဆုံးခဲ့တယ်လို့ သိရှိရပါတယ်။

Source : FOX News

Leave a comment

Your email address will not be published. Required fields are marked *