ဩစတြေးလျားတိရိစ္ဆာန်ဥယျာဉ်တွင် ရှားပါးမျိုးစိတ် Francois’ Langur မျောက်အထီးတစ်ကောင်မွေးဖွားခဲ့

စက်တင်ဘာလ နောက်ဆုံးအပတ်က ဩစတြေလျားရှိ Sydney’s Taronga တိရိစ္ဆာန်ဥယျာဉ်ထဲတွင် ကမ္ဘာ့ ရှားပါးမျိုးစိတ်ဖြစ်တဲ့ Francois’ Langur မျောက်အထီးတစ်ကောင်မွေးဖွားခဲ့ပါတယ်။ ထိုမျောက်ကလေးဟာ အခြား သော Francois’ Langur မျောက်များနှင့်မတူတဲ့ လိမ္မော်ရောင်အမွေးများဖြင့် မွေးဖွားလာခဲ့ပါတယ်။ ထိုမျော က်ကလေးဟာ ချစ်စရာကောင်းသလို အလွန်လည်း သွက်လက်ပြီး အသိဉာဏ်မြင့်မားနေတယ်လို့ သိရပါတယ်။

Sydney’s Taronga တိရိစ္ဆာန်ဥယျာဉ်၏ ပြောပြချက်အရ လက်ရှိမှာ ထိုမျောက်ငယ်လေးကို မျောက် အထီး များနဲ့ မျောက်အမများကြားတွင် တစ်လှည့်စီထားကာ သူတို့ရဲ့ ဓလေ့စရိုက်များကို သင်ကြားနိုင်ရန် စနစ်တကျပြုစု ပျိုး ထောင်နေတယ်လို့ သိရပါတယ်။ ထူးခြားချက်ကတော့ မျောက်အမများဟာ ထိုမျောက်ကလေးကို အလွန်ဂရုစိုက် ကြ ပြီး တစ်နေ့လုံး တစ်ကောင်ပြီးတစ်ကောင် အလှည့်ကျချီကာ စောင့်ရှောက်ပေးတာကို တွေ့မြင်ရတယ်လို့ သိရပါ တယ်။

Francois’Langurမျောက်များဟာ အလွန်ရှားပါးတဲ့ မျောက်မျိုးစိတ်တစ်ခုဖြစ်တဲ့အတွက် ကမ္ဘာ့တောရိုင်းတိ ရိစ္ဆာန်များဥပဒေဖြင့်ကာကွယ်ပေးထားရပါတယ်။ လက်ရှိမှာ တစ်ကမ္ဘာလုံးတွင် Francois’Langurမျော က် ပေါင်း ၃၀၀၀ လောက်ပဲ ကျန်တော့တာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

Source : FOX News

Leave a comment

Your email address will not be published. Required fields are marked *