ဩစတြေးလျားရှိ Port Campbell အမျိုးသားဥယာဉ်တွင် နိုင်ငံခြားခရီးသည် ၂ ဦး လှေတိမ်းမှောက်မှုဖြစ်ပွား

ဩစတြေးလျားရှိ Port Campbell အမျိုးသားဥယာဉ်တွင်ရှိသော Twelve Apostles ဟာ ကမ္ဘာအနှံက ခရီး သည်တွေ အသွားများသော အပန်းဖြေနေရာတစ်ခုဖြစ်ပါတယ်။ ထိုနေရာ၌ ပြီးခဲ့တဲ့ ဧပြီလ ၂၂ရက် တနင်္လာနေ့တွင် နိုင်ငံ ခြားခရီးသည်ဖြစ်တဲ့ အသက် ၇၁နှစ်အရွယ်ရှိ Ross Powell နှင့် အသက် ၃၂နှစ်အရွယ်ရှိ Powell၏ သား Andrew တို့ဟာ ပင်လယ်ထဲတွင် လှေစီးရင်း လှေတိမ်းမှောက်မှုဖြစ်ပွားခဲ့ပါတယ်။

သူတို့ လှေတိမ်းမှောက်တဲ့ နေရာဟာ လှိုင်းများတဲ့နေရာဖြစ်ပြီး တိမ်းမှောက်သွားပုံကတော့ ရေလည်မှာရှိနေတဲ့ ထုံးကျောက်ပေါ်ရှိ လူထံသို့သွားရန်အတွက် လှေကို ပြန်လှည့်လိုက်ရာတွင် တိမ်းမှောက်သွားတာဖြစ်တယ်လို့ သိရ ပါတယ်။ ရေလှိုင်းတွေကြားထဲမှာ ကယ်ဆယ်ရေးသမားများဟာ ခက်ခက်ခဲခဲ ကယ်ဆယ်ခဲ့ရတယ်လို့ သိရပါတယ်။ အခင်းဖြစ်ဖြစ်ခြင်း ကယ်ဆယ်ရေးသမားများဟာ Sherbrook မြစ်ဝမှ သူတို့ လှေတိမ်းမှောက်ခဲ့တဲ့နေရာအထိကို ရေကူးပြီးသွားခဲ့ရတယ်လို့ သိရပါတယ်။ ရေကူးသွားတဲ့ ကယ်ဆယ်ရေးသမားများ ရောက်ပြီးမှ ကယ်ဆယ်ရေးလေယာဉ် ရောက်ရှိခဲ့ပြီး သားဖ ၂ ဦးလုံးကို အချိန်မှီ ကယ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဩစတြေးလျား ဝန်ကြီးချုပ် Scott Morrison က Powell တို့သားဖကို လှေတိမ်းမှောက်ခဲ့တဲ့အတွက် လျော်ကြေးပေးဆောင်ခဲ့တယ်လို့သိရပါတယ်။ လှေတိမ်းမှောက်မှုကြောင့် Powell တို့ သားဖ၂ ဦး အပြင်းဖျားခဲ့တယ်လို့လဲ သိရပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *