ဩစ‌‌တြေးလျားတွင် သားဗိုက်ကောင်များကို ကားဖြင့်တိုက်သတ်ခဲ့တဲ့ ဆယ်ကျော်သက်အမျိုးသားအား ရဲများကဖမ်းဆီးခဲ့

ဩစတေးလျနိုင်ငံ​ Sydney မြို့တောင်ပိုင်းရှိ ဆင်ခြေဖုံးရပ်ကွက်လေး၏ လမ်းပေါ်တွင် အသက် (၁၉)နှစ်အရွယ် ရှိ အမျိုးသားတစ်ဦးဟာ သားပိုက်ကောင်ငယ်လေးများကို ကားဖြင့်ရက်စက်စွာ တိုက်သတ်ခဲ့ရာ သားပိုက်ကောင် ၂၀ နီးပါး သေဆုံးသွားခဲ့ပါတယ်။

အခင်းဖြစ်ပွားချိန်ဟာ စက်တင်ဘာလ (၃၀)ရက် တနင်္လာနေ့ညဘက် (၁)နာရီလောက်တွင်ဖြစ်ပွားခဲ့ပြီး တရားခံကို တော့ အင်္ဂါနေ့ညနေပိုင်းလောက်မှာ ဖမ်းမိခဲ့တယ်လို့ ရဲများ၏ ပြောပြချက်အရသိရပါတယ်။ ကံကောင်းစွာနဲ့ပဲ မွေးကင်စ သားပိုက်ကောင် (၃)ကောင်ဟာ သေဆုံးနေတဲ့ မိခင်ရဲ့ဗိုက်လွယ်အိတ်ကလေးထဲတွင် အသက်ရှင် ကျန်ရစ် နေခဲ့တဲ့ အတွက် တောရိုင်း တိရိစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့က စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

တရားခံကိုတော့ နိုဝင်ဘာလတွင် ခုံရုံးတင်မှာဖြစ်တယ်လို့သိရှိရပါတယ်။ ဩစတြေးလျား၏ တောရိုင်းတိရိစ္ဆာန် ဥပ ဒေအရတောရိုင်းတိရိစ္ဆာန်များကို ရက်စက်စွာသတ်ဖြတ်ခြင်းဟာ ထောင်ဒဏ်(၄)နှစ်နှင့်ငွေဒဏ်ဩစတြေးလျား ဒေါ် လာ 22,000 (£12,000; $15,000) ကျသင့်မှာဖြစ်ပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *