ခွေးလေးတွေ၊ ကြောင်လေးတွေ အတွက် အန္တာရယ်ဖြစ်နိုင်မည့် အစားအစာများ

ဒီကနေ့ခေတ်မှာ အိမ်မွေးတိရိစ္ဆာန်လေးတွေကို မွေးလာကြပါတယ်။ အနောက်နိုင်ငံတွေမှာဆို ကျားတွေ ခင်္သြေ့တွေ မြွေတွေ အစရှိတဲ့ အန္တာရယ်ရှိတဲ့ အကောင်းတွေကိုတောင် မွေးလာကြပါတယ်။ ကျွန်တော်တို့ အရှေ့နိုင်ငံတွေမှာတော့ ခွေနဲ့ ကြောင်လေးတွေကို မွေးတာများကြပါတယ်။ ချစ်စရာကောင်းတဲ့ ခွေးလေးတွေ ကြောင်လေးတွေ ရဲ့ကျန်းမာရေးအတွက် မကျွေးသင့်တဲ့ အစားအစာတွေရှိပါတယ်။ အဲဒီအစားအစာတွေက ဘာတွေဖြစ်မလဲဆိုတာ လေ့လာကြည့်ကြရအောင်။

အရက်

အရက်က လူတွေမှာတောင် အသည်းနဲ့ ဦးနှောက်ကို ထိခိုက်စေပါတယ်။ ခွေးတွေ၊ ကြောင်တွေမှာဆို အသည်းနဲ့ ဦးနှောက်ကို ထိခိုက်မှုပိုများရုံသာမက အာရုံကြောထိန်းချုပ်မှုများကို ပျက်စီးစေတဲ့အပြင် သေဆုံးသည်အထိ ဆိုးရွားစွာ ထိခိုက်စေပါတယ်။

ထောပတ်သီး

Persin ပါဝင်တဲ့ အသီးအနှံတွေဟာ ခွေးလေးတွေ၊ ကြောင်လေးတွေရဲ့ နှလုံးနဲ့ အဆုတ်ကို များစွာထိခိုက်စေပါတယ်။

ကဖင်းဓာတ်

ကဖင်းဓာတ်က ခွေးလေးတွေ၊ ကြောင်လေးတွေရဲ့ နှလုံးခုန်နှုန်းကို မတည်ငြိမ်စေတဲ့အပြင် အလွန်အမင်းရေဆာခြင်းနဲ့ အပေါ့သွားခြင်းတွေ ဖြစ်စေနိုင်ပါတယ်။

ချောကလက်

ချောကလက်က ခွေးလေးတွေနဲ့ ကြောင်လေးတွေရဲ့ နှလုံးခုန်မှုကို မမှန်စေတဲ့အပြင် ဝလာစေပါတယ်။

ကြက်သွန်နီနဲ့ ကြက်သွန်ဖြူ

ကြက်သွန်နီနဲ့ ကြက်သွန်ဖြူက ခွေးလေးတွေ၊ ကြောင်လေးတွေရဲ့ သွေးနီဥလေးတွေကို ထိခိုက်စေပြီး အသက်ရှူရခက်ခဲတဲ့ ပြဿနာတွေကို တွေ့ကြုံရနိုင်ပါတယ်။

အသားစိမ်း၊ ငါးစိမ်း

 

အသားစိမ်း၊ ငါးစိမ်းတွေမှာ ဘက်တီးရီးယားပိုးမွှားတွေ အများကြီးပါနေတာကြောင့် မကျွေးသင့်ပါဘူး။

Leave a comment

Your email address will not be published. Required fields are marked *