ေငြက်ပ္ ၂၀၇ သိန္းေက်ာ္တန္ဖုိးရွိ မူးယစ္ေဆး၀ါးမ်ား ဖမ္းဆီးရမိ

ရွမ္းျပည္နယ္(ေျမာက္ပုိင္း)၊ မူဆယ္ၿမိဳ႕နယ္၏ေတာင္ဘက္ ၁၂ မုိင္ခန္႔အကြာရွိနန္႔အြန္ေက်းရြာအုပ္စု နမ့္ေပၚ တံတားအနီး၌ တပ္မေတာ္သားမ်ား၊ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕၀င္မ်ားႏွင့္ ဌာနဆုိင္ရာတာ၀န္ရွိသူမ်ားပါ၀င္ေသာ ပူးေပါင္းအဖြဲ႕က ေမာ္ေတာ္ယာဥ္မ်ားအား ေရွာင္တခင္စစ္ေဆးျခင္းေဆာင္ရြက္စဥ္ ယေန႔ မြန္းလြဲ ၁ နာရီခြဲခန္႔တြင္ ကြတ္ခုိင္ဘက္မွ မူဆယ္ဘက္သို႔ ေမာင္းႏွင္လာသည့္ က်ိန္ကြမ္းခ်ိန္(ဘ) ဦးက်ိန္က်ားယုံ ေမာင္းႏွင္ၿပီး ၀မ္ရႊီေ၀ွ႕(ဘ) ဦး၀မ္ခ်န္က်ဳံးလုိက္ပါလာသည့္ မတ္တူးအမ်ဳိးအစား ယာဥ္အမွတ္၊ 7H/—-အား စစ္ေဆးရာ ယာဥ္ေနာက္ခန္းထုိင္ခုံၾကားအံ၀ွက္အတြင္းမွ တိပ္အၾကည္ျဖင့္ပတ္ထားသည့္ အထုပ္သုံးထုပ္ အတြင္းမွ 88/1 စာတန္းပါ ပန္းေရာင္စိတ္ၾကြ႐ူးသြပ္ ေဆးျပား ၁၃၈၆၀ ျပား(ခန္႔မွန္းတန္ဖုိးေငြက်ပ္၂၀၇ သိန္းေက်ာ္)ႏွင့္အတူ ဖမ္းဆီးရမိခဲ့သည္။

arrested

အဆုိပါမူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသူအား တရားဥပေဒအရ အမႈဖြင့္အေရးယူေဆာင္ရြက္ႏိုင္ရန္ မူဆယ္ၿမိဳ႕ မရဲစခန္းသို႔ စနစ္တက်လႊဲေျပာင္းအပ္ႏွံခဲ့ေၾကာင္း သတင္းရရွိသည္။

Source : တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုး

Unicode :ငွေကျပ် ၂၀၇ သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

wy

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၏တောင်ဘက် ၁၂ မိုင်ခန့်အကွာရှိနန့်အွန်ကျေးရွာအုပ်စု နမ့်ပေါ် တံတားအနီး၌ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်များအား ရှောင်တခင်စစ်ဆေးခြင်းဆောင်ရွက်စဉ် ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် ကွတ်ခိုင်ဘက်မှ မူဆယ်ဘက်သို့ မောင်းနှင်လာသည့် ကျိန်ကွမ်းချိန်(ဘ) ဦးကျိန်ကျားယုံ မောင်းနှင်ပြီး ဝမ်ရွှီဝှေ့(ဘ) ဦးဝမ်ချန်ကျုံးလိုက်ပါလာသည့် မတ်တူးအမျိုးအစား ယာဉ်အမှတ်၊ 7H/—-အား စစ်ဆေးရာ ယာဉ်နောက်ခန်းထိုင်ခုံကြားအံဝှက်အတွင်းမှ တိပ်အကြည်ဖြင့်ပတ်ထားသည့် အထုပ်သုံးထုပ် အတွင်းမှ 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား ၁၃၈၆၀ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ်၂၀၇ သိန်းကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

arrested

အဆိုပါမူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား တရားဥပဒေအရ အမှုဖွင့်အရေးယူဆောင်ရွက်နိုင်ရန် မူဆယ်မြို့ မရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

Source : တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Leave a comment

Your email address will not be published.