တောက်ပတဲ့အပြုံးလေးတွေရရှိစေမယ့် နည်းလမ်းကောင်းများ

လူတိုင်းက အပြုံးအလှပိုင်ရှင်လေးတွေဖြစ်ချင်ကြမှာပါ။ တောက်ပတဲ့ အပြုံးတစ်စုံရရှိစေဖို့အတွက် ဓာတုပစ္စည်းတွေကို အသုံးပြုစရာမလိုတဲ့ သဘာဝနည်းလမ်းကောင်းလေးတွေရှိလို့ လေ့လာကြည့်ရအောင်။

ဆံနွင်းမှုန့်ကို လက်ဖက်ရည်ဇွန်းတစ်စွန်းနဲ့ အုန်းဆီအနည်းငယ်နဲ့ ပူဒီနာဆီအနည်းငယ်တို့ ရောပြီး သုံးနေကျသွားတိုက်ဆေးနဲ့ရောတိုက်ပေးပါ။ သွားအပေါ်ယံကြွေလွှာတွေကို ဖြူဖွေးလာစေရုံသာမက ခံတွင်းရနံ့ကိုပါ သင်းပျံ့နေစေပါလိမ့်မယ်။

Tea tree oil စစ်စစ်ငါးစက်လောက်ကို ဖန်ခွက်ထဲမှာ ရေတစ်ခွက်ခန့်ထည့်ပြီး ရောမွှေပါ။ သွားမတိုက်ခင်မှာ အဲ့ဒီရေနဲ့ပလုတ်ကျင်းပေးပါ။ သွားတွေသိသိသာသာဖြူဖွေးလာပါလိမ့်မယ်။

စတော်ဘယ်ရီသီးကို ဆားနဲ့ရောချေပြီး အနှစ်ရအောင်ပြုလုပ်ပါ။ အဲ့ဒီအနှစ်နဲ့ မိနစ်အနည်းငယ်ကြာအောင် သွားတိုက်ပေးပါ။ နှစ်ပတ်တစ်ခါလောက်ပြုလုပ်ပေးရင် သွားတွေသိသိသာသာဖြူလာစေမှာပါ။

အုန်းဆီကို သွားတွေပေါ်မှာ ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ဆွတ်ပေးထားပါ။ ပြီးရင်သွားတိုက်လိုက်ပါ။ တစ်ပတ်မှာ နှစ်ကြိမ်ပြုလုပ်ပေးရုံနဲ့ တောက်ပတဲ့အပြုံးကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

ငှက်ပျောသီးခွံဟာ သွားပေါ်မှာကပ်ကျန်နေတဲ့ သွားချေးတွေကို ပျော်ဝင်စေတဲ့ အစွမ်းသတ္တိရှိတဲ့အပြင် သွားတွေကို တောက်ပစေပါတယ်။ ငှက်ပျောသီးခွံနဲ့သွားတွေကို ၅ မိနစ်လောက်ပွတ်တိုက်ပေးပြီး ရေဆေးချလိုက်ရင် တောက်ပတဲ့သွားလေးတွေနဲ့ အလှပဆုံးပြုံးနိုင်ပါလိမ့်မယ်။

သံပုရာရည် (၃) ဇွန်းနဲ့ ဆား(၁) ဇွန်းကိုရောပြီး သွားမတိုက်ခင် ပလုတ်ကျင်းပေးပါ။ တစ်ပတ်မှာ ၂ ကြိမ်သာပြုလုပ်ပါ။ လှပတဲ့အပြုံးနဲ့အတူ လန်းဆန်းတဲ့ခံတွင်းရနံ့ကိုပါ ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် သွားဖုံးရောင်ရမ်းခြင်းခံစားနေရရင်တော့ ဒီနည်းလမ်းကို အသုံးမပြုသင့်ပါဘူး။

ရှားစောင်းလပတ်အနှစ်ကို ပုံမှန်သုံးနေကျသွားတိုက်ဆေးနဲ့ရောပြီး သွားတိုက်ပေးရင်လည်း သွားတွေကို တောက်ပစေပါလိမ့်မယ်။

Leave a comment

Your email address will not be published. Required fields are marked *