




Source: Mashable

Unicode : နေကြတ်မှုဖြစ်စဉ် ကြည့်ရင်း အမေဇုန်ရဲ့ နေကာမျက်မှန်ဟာ မျက်လုံးကို အကာအကွယ်အပြည့်အ၀ မရသည့်အကြောင်းပြချက်ဖြင့် တရားစွဲခံရ

amazon-sunglass

လူတိုင်းက သူတို့ကို နေကိုမကြည့်ကြဖို့ ပြောခဲ့ကြပါတယ်။ ဒါပေမယ့် တောင်ကာရိုလိုင်းနားက စုံတွဲတစ်တွဲ ဟာ အမေဇုန်က ဝယ်လာတဲ့ မျက်မျန်ကို သုံးပြီး နေကိုကြည့်ခဲ့ပေမယ့် မျက်လုံးကို အပြည့်အ၀ ကာကွယ်မှု မပေးနိုင်တာကြောင့် အမေဇုန်ကို လွန်ခဲ့တဲ့ အပတ်က တရားစွဲဆိုမှု လုပ်ခဲ့ပါတယ်။

ကော်ရီပေနီ နဲ့ ကေလဟားရစ် တို့ နှစ်ဦး ဟာ ထို တရားစွဲထားတဲ့ အပတ်မှာ ပဲ သူတို့ သြဂုတ် ၂၁ ရက်နေ့က နေကြတ်တာကို ကြည့်ရင်း တွေ့ကြုံခဲ့ရတာတွေကို ပြောပါတယ်။ နေကို ကြည့်ရင်းနဲ့ ခေါင်းကိုက်လာတာ၊ မျက်ရည်ယိုလာတာ၊ မူမမှန်တာနဲ့ အမြင်အာရုံေ၀ဝါးတာတွေကို ကြည့်ပြီးနောက်မှာ ဖြစ်ခဲ့တယ် လို့ ဆိုပါတယ်။ သူတို့နှစ်ယောက်ဟာ နေကြတ်တာကို ကြည့်ဖို့ အတွက် သြဂုတ်လ အစောပိုင်းတုန်းက အမေဇုန် ကနေ မျက်မှန် ၃စုံ ဝယ်ယူခဲ့ကြတာဖြစ်ပါတယ်။

အမေဇုန်က သူ့ရဲ့ ဝက်ဆိုဒ် ကနေ မျက်မှန်တွေ အားလုံးကို နေမကြတ်ခင် နေ့ အထိ ပြန်လည် သိမ်းယူခဲ့ပြီးဖြစ်ပေမယ့် ဒီစုံတွဲနှစ်ယောက်ကတော့ အမေဇုန်က ထုတ်ပြန်ခဲ့တဲ့ သတိပေးစာကို လက်ခံရရှိခဲ့ခြင်း မရှိပါဘူးလို့ ဆိုပါတယ်။ သူတို့နှစ်ယောက် ဟာ နေကြတ်တာကို မျက်မှန်မပါပဲနဲ့ ဘယ်သောအခါမှ ကြည့်လေ့မရှိဘူးလို့လည်း ဆိုပါတယ်။

ဒီစုံတွဲ က သူတို့ လိုထပ်တူ ဖြစ်ခဲ့တဲ့ လူတွေကို စုဝေးနေပြီး သူတို့ တရားခွင်မှာ အမှုထွက်ဆိုရာမှာ လူအင်အားပိုတောင့် ဖို့နဲ့ သူတို့ရဲ့ တရားခွင်ကို ဝင်ရောက်ပူးပေါင်းဖို့ အတွက်စုဆောင်းနေတာလည်းဖြစ်ပါတယ်။

Source: Mashable

Leave a comment

Your email address will not be published.