ေမာင္ေတာခရိုင္တြင္ အၾကမ္းဖက္ဘဂၤလီမ်ားမွ ရဲကင္းႏွင့္ ရဲစခန္းမ်ားကို တစ္ခ်ိန္ထဲတြင္ ၀င္ေရာက္တိုက္ခိုက္

ၾသဂုတ္လ ၂၅ ရက္၊ မနက္ ၁ နာရီတြင္ ေမာင္ေတာခရိုင္အတြင္း ရဲကင္းႏွင့္ ရဲစခန္းမ်ားအား အၾကမ္းဖက္ ဘဂၤလီမ်ားမွ လက္လုပ္မိုင္းမ်ားျဖင့္ တိုက္ခုိက္ခဲ့ေၾကာင္း သိရွိရသည္။ တစ္ခ်ိန္ထဲမွာပင္ ေနရာအမ်ားအျပားရွိ ရဲကင္းႏွင့္ ရဲစခန္းမ်ားအား အၾကမ္းဖက္ ဘဂၤလီမ်ားမွ ၀င္ေရာက္တိုက္ခိုက္ခဲ့ျပီး ရဲတပ္၀င္မ်ားမွ ျပန္လည္တိုက္ခိုက္ခဲ့သျဖင့္ ရဲတပ္သားအခ်ိဳ႕ က်ဆံုး ဒဏ္ရာရရွိမႈမ်ား ျဖစ္ခဲ့သည္။

အစြန္းေရာက္ ဘဂၤလီ အၾကမ္းဖက္သမားမ်ားသည္ ည ၁ နာရီမွ စတင္၍ နတ္ေခ်ာင္း၊ တမန္းသား၊ ကြမ္းသီးပင္ေခ်ာင္းဝ၊ နံ႕သာေတာင္၊ နံ႕သာေတာင္ေခ်ာင္းဝ၊ မီးတိုက္ေခ်ာင္းဝ၊ က်ီးကၽြန္း၊ ဇီးပင္ေခ်ာင္းဝ၊ ေလာင္းဒုံ၊ သီဟိုဠ္ကၽြန္း၊ ဇင္ပိုင္ညာ၊ သေရကုန္းေဘာင္၊ ပေညာင္ပင္ႀကီး၊ ေရႊရင္ေအး၊ ျမင္းလြတ္၊ အလယ္သံေက်ာ္၊ ဥေဒါင္း(နတလ)၊ သေဘၤာေကြ႕၊ ခ်ိန္ခါလီ၊ ကိုးတန္ေကာက္၊ သဝန္ေခ်ာင္း၊ ေတာင္ဘဇာ၊ ေဖာင္ေတာျပင္၊ ေမာင္ေတာ (နတလ) စသည္တို႔ရွိ ရဲကင္းမ်ား၊ ရဲစခန္းမ်ားကို တိုက္ခိုက္ခဲ့ျပီး ရဲတပ္ဖြဲ႕၀င္ ၅ ဦးက်ဆံုးျပီး အၾကမ္းဖက္ ဘဂၤလီ ၇ ဦးအေလာင္း ရရွိခဲ့သည္။ အစြန္းေရာက္ အၾကမ္းဖက္ ဘဂၤလီမ်ားထံသို႕ ေသနတ္ ၂ လက္ပါသြားေၾကာင္း သိရွိရသည္။

နံနက္ ၁ နာရီခန္႕တြင္ရဲကင္းႏွင့္ ရဲစခန္းမ်ားအား တိုက္ခုိက္ျပီးေနာက္ နံနက္ ၃ နာရီခန္႕တြင္ အစြန္းေရာက္ အၾကမ္းဖက္ ဘဂၤလီ ၁၅၀ ခန္႕သည္ ခမရ(၅၅၂) ဂိတ္သို႔ ႏွစ္ဖြဲ႕ခြဲ၍ ဝင္ေရာက္ႏိုင္ရန္ ၾကဳ္းပမ္းခဲ့ရာ တပ္မေတာ္သားမ်ားက ျပန္လည္တိုက္ခိုက္ခဲ့သည္။

ယခု သတင္းထုတ္ျပန္သည့္ အခ်ိန္အထိ ေနရာအခ်ဳိ့တြင္ အျပန္အလွန္ တိုက္ခိုက္မႈမ်ား ျဖစ္ပြားေနဆဲ ျဖစ္ၿပီး တပ္မေတာ္ႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ား ပူးေပါင္းကာ အစြန္းေရာက္ ဘဂၤလီ အၾကမ္းဖက္သမားမ်ားကို ေခ်မႈန္းလ်က္ ရွိေၾကာင္း သိရွိရသည္။

ေဒါက္တာကိုဖီအာနန္ ဦးေဆာင္သည့္ ရခိုင္ျပည္နယ္ဆိုင္ရာ အၾကံေပးေကာ္မရွင္မွ အၿပီးသတ္အစီရင္ခံစာ ထုတ္ျပန္သည့္အခ်ိန္ႏွင့္ အခ်ိန္ကိုက္ အၾကမ္းဖက္တိုက္ခိုက္မႈမ်ား ေဆာင္ရြက္လာျခင္း ျဖစ္သည္။

အေသးစိတ္ သတင္းမ်ား ဆက္လက္ ထုတ္ျပန္သြားပါမည္။

Source : State Counsellor Office Information Committee

Unicode : မောင်တောခရိုင်တွင် အကြမ်းဖက်ဘင်္ဂလီများမှ ရဲကင်းနှင့် ရဲစခန်းများကို တစ်ချိန်ထဲတွင် ဝင်ရောက်တိုက်ခိုက်

rakhine

သြဂုတ်လ ၂၅ ရက်၊ မနက် ၁ နာရီတွင် မောင်တောခရိုင်အတွင်း ရဲကင်းနှင့် ရဲစခန်းများအား အကြမ်းဖက် ဘင်္ဂလီများမှ လက်လုပ်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ တစ်ချိန်ထဲမှာပင် နေရာအများအပြားရှိ ရဲကင်းနှင့် ရဲစခန်းများအား အကြမ်းဖက် ဘင်္ဂလီများမှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဝင်များမှ ပြန်လည်တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်သားအချို့ ကျဆုံး ဒဏ်ရာရရှိမှုများ ဖြစ်ခဲ့သည်။

အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားများသည် ည ၁ နာရီမှ စတင်၍ နတ်ချောင်း၊ တမန်းသား၊ ကွမ်းသီးပင်ချောင်းဝ၊ နံ့သာတောင်၊ နံ့သာတောင်ချောင်းဝ၊ မီးတိုက်ချောင်းဝ၊ ကျီးကျွန်း၊ ဇီးပင်ချောင်းဝ၊ လောင်းဒုံ၊ သီဟိုဠ်ကျွန်း၊ ဇင်ပိုင်ညာ၊ သရေကုန်းဘောင်၊ ပညောင်ပင်ကြီး၊ ရွှေရင်အေး၊ မြင်းလွတ်၊ အလယ်သံကျော်၊ ဥဒေါင်း(နတလ)၊ သင်္ဘောကွေ့၊ ချိန်ခါလီ၊ ကိုးတန်ကောက်၊ သဝန်ချောင်း၊ တောင်ဘဇာ၊ ဖောင်တောပြင်၊ မောင်တော (နတလ) စသည်တို့ရှိ ရဲကင်းများ၊ ရဲစခန်းများကို တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၅ ဦးကျဆုံးပြီး အကြမ်းဖက် ဘင်္ဂလီ ၇ ဦးအလောင်း ရရှိခဲ့သည်။ အစွန်းရောက် အကြမ်းဖက် ဘင်္ဂလီများထံသို့ သေနတ် ၂ လက်ပါသွားကြောင်း သိရှိရသည်။

နံနက် ၁ နာရီခန့်တွင်ရဲကင်းနှင့် ရဲစခန်းများအား တိုက်ခိုက်ပြီးနောက် နံနက် ၃ နာရီခန့်တွင် အစွန်းရောက် အကြမ်းဖက် ဘင်္ဂလီ ၁၅၀ ခန့်သည် ခမရ(၅၅၂) ဂိတ်သို့ နှစ်ဖွဲ့ခွဲ၍ ဝင်ရောက်နိုင်ရန် ကြု်းပမ်းခဲ့ရာ တပ်မတော်သားများက ပြန်လည်တိုက်ခိုက်ခဲ့သည်။

ယခု သတင်းထုတ်ပြန်သည့် အချိန်အထိ နေရာအချို့တွင် အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားနေဆဲ ဖြစ်ပြီး တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားများကို ချေမှုန်းလျက် ရှိကြောင်း သိရှိရသည်။

ဒေါက်တာကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှ အပြီးသတ်အစီရင်ခံစာ ထုတ်ပြန်သည့်အချိန်နှင့် အချိန်ကိုက် အကြမ်းဖက်တိုက်ခိုက်မှုများ ဆောင်ရွက်လာခြင်း ဖြစ်သည်။

အသေးစိတ် သတင်းများ ဆက်လက် ထုတ်ပြန်သွားပါမည်။

Source : State Counsellor Office Information Committee

Leave a comment

Your email address will not be published. Required fields are marked *