



Unicode : မြောက်ကိုးရီးယားမှ ဂူအန်းကို တိုက်ခိုက်မည့်အစီအစဉ် အဆင်သင့်ဖြစ်သော်လည်း အမေရိကန် ဘာလုပ်မလဲဆိုတာ စောင့်ကြည့်မည်

kim-nk

မြောက်ကိုးရီးယားဟာ အမေရိကန်ပိုင် ဂူအန်းကျွန်းကို တိုက်ခိုက်မယ့် အစီအစဉ်အတွက် အဆင်သင့်ဖြစ်နေပြီး အမေရိကန် ဘာဆက်လုပ်အုံးမလဲဆိုတာ စောင့်ကြည့်နေမည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။

မြောက်ကိုးရီးယားကနေ ဒုံးကျည် ၄ စင်းနဲ့ ဂျပန်နိုင်ငံပေါ်မှာ ဖြတ်ကာ ဂူအန်းကို ပစ်ခတ်မယ့် အစီအစဉ်အတွက် ခေါင်းဆောင် ကင်ဂျုံအန်း က ခေတ္တဆိုင်းငံ့ထားပြီး ” အမေရိကန်တွေ ဘာဆက်လုပ်အုံးမလဲဆိုတာ ကြည့်အုံးမယ်၊ ကိုးရီးယားကျွန်းဆွယ်ကို အမေရိကန်အနေနဲ့ မထီမဲ့မြင် လုပ်နေမယ်ဆိုရင် မြောက်ကိုးရီးယားက ကြေငြာထားတဲ့အတိုင်း ဆက်လုပ်သွားမှာ ဖြစ်တယ် ” လို့ နိုင်ငံပိုင် သတင်းစာ KCNA ကနေ ထုတ်ပြန်လိုက်ပါတယ်။

မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ” အမေရိကန်အနေနဲ့ ကိုးရီးယားကျွန်းဆွယ်ပေါ်မှာ စစ်ပွဲမဖြစ်အောင် နဲ့ တင်းမာမှုတွေကို လျော့ပါးသွားအောင် မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခုတော့ လုပ်သင့်တယ် ” ဟု ပြောလိုက်သည်။

Leave a comment

Your email address will not be published. Required fields are marked *