



Unicode : မြောက်ကိုးရီးယား၏ နောက်ထပ်ပစ်မှတ်သည် ဂူအန်းဖြစ်လာလိမ့်မည်ဟု ထုတ်ပြန်

kim-guam

သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၆နာရီဝန်းကျင်ခန့်က မြောက်ကိုးရီးယားမှ ဂျပန်သို့ ဒုံးကျည်တစ်စင်း ပစ်လွှတ်လိုက်ခြင်းသည် နိဒါန်းပျိုးခြင်းသာ ဖြစ်တယ်လို့ မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက ထုတ်ပြန်လိုက်ပါတယ်။

ဂျပန်ကို ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဟာ ပစိတ်ဖိတ်သမုဒ္ဒရာထဲသို့ ၃ပိုင်းပျက်ကျသွားပြီး ဂျပန်နိုင်ငံမှ ဒုံးခွင်းစနစ်များရဲ့ ပစ်ခတ်ခြင်းကြောင့် မဟုတ်ဘဲ သူ့အလိုလို ပျက်ကျသွားတာ ဖြစ်ပါတယ်။ ” အင်္ဂါနေ့ နံနက်က ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဟာ မြောက်ကိုးရီးယားရဲ့ ပစိတ်ဖိတ်ဒေသတွင်း ပထမဆုံး ခြေလှမ်းတစ်ခုဖြစ်ပြီး အမေရိကန်ပိုင် ဂူအန်းကျွန်းကို ပစ်လွှတ်မယ့် ဒုံးကျည်ရဲ့ နိဒါန်းတစ်ခုလည်း ဖြစ်ပါတယ် ” ဟု ထုတ်ပြန်ခဲ့သည်။

မြောက်ကိုးရီးယားရဲ့ ပစိဖိတ်ဒေသတွင်း လှမ်းမယ့် ခြေလှမ်းလို့ ထုတ်ပြန်ထားတာကြောင့် မကြာမှီအချိန်အတွင်းမှာ မြောက်ကိုးရီးယားဟာ ဒုံးကျည်တွေကို ဆက်တိုက်ထုတ်လုပ်မှာ ဖြစ်ပြီး ပစိတ်ဖိတ်ဒေသဟာ မြောက်ကိုးရီးယားရဲ့ အနာဂတ်တစ်ခု အဖြစ် ရည်မှန်းထားကြောင်း ပေါ်လွင်နေပါတယ်။

 

Leave a comment

Your email address will not be published. Required fields are marked *