ေျမာက္ကိုးရီးယား ဒံုးက်ည္စမ္းသပ္မႈအေပၚ တရုတ္ျငိ္မ္ေနသည့္အတြက္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ မွ အျပစ္တင္ေ၀ဖန္

ေျမာက္ကိုးရီယား ရဲ႕ ဒံုးက်ည္စမ္းသပ္မႈေတြနဲ႕ပတ္သတ္ျပီး တရုတ္က အေရးယူျခင္းမရွိသည့္အျပင္ ဘာမွ မလႈပ္ရွားဘဲ ျငိမ္ေနသည့္အတြက္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က အျပစ္တင္ေျပာၾကားလိုက္ပါတယ္။ လက္ရွိမွာ ေျမာက္ကိုးရီးယားတို႕ရဲ႕ ဒံုးက်ည္လက္နက္စမ္းသပ္မႈမ်ားဟာ ဆက္တိုက္ေအာင္ျမင္မႈရရွိလ်က္ရွိျပီး ျပီးခဲ့တဲ့အပတ္မွာေတာ့ ေျမာက္ကိုးရီးယားဟာ အေမရိကန္ကို ႏ်ဴကလိယားလက္နက္ျဖင့္ တိုက္ခိုက္ႏုိင္ျပီလို႕ ႏိုင္ငံပိုင္ သတင္းစာကေန ထုတ္ျပန္ေၾကျငာခဲ့ပါတယ္။

ဒါေၾကာင့္ အေမရိကန္ႏုိင္ငံ ဟာ၀ိုင္အီကြ်န္းမွာ ေျမာက္ကိုးရီးယားရဲ႕ ဒံုးက်ည္လက္နက္ကို တန္ျပန္တိုက္ခိုက္ႏုိင္မယ့္ စနစ္ေတြ တပ္ဆင္ထားရွိထားျပီး အေမရိကန္က တရုတ္ရဲ႕ ျငိမ္သက္ေနမႈအေပၚ အားမလိုအားမရျဖစ္ေနပါတယ္။ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္က တရုတ္ကို ျပင္းထန္စြာ ေ၀ဖန္တိုက္ခိုက္လိုက္ပါတယ္။

‘ အေမရိကန္ရဲ႕ အစဥ္အဆက္ သမၼတေတြ ဘယ္လိုဦးေႏွာက္နဲ႕ တရုတ္ကို ေဒၚလာဘီလီယံနဲ႕ခ်ီျပီး ကုန္သြယ္မႈေတြ လုပ္ခဲ့ၾကလည္းမသိဘူး။ တရုတ္က ဒီအေရးကိစၥမွာ ျငိမ္သက္ေနတယ္၊ ေျမာက္ကိုးရီးယားရဲ႕ ကိစၥကို တစ္ခုခုလုပ္ဖို႕ တရုတ္ကလည္း လုပ္ရမယ္ဟု ‘ သမၼတ ေဒၚနယ္ထရမ့္က အျပစ္တင္ေ၀ဖန္တိုက္ခိုက္ခဲ့သည္။

ျပီးခဲ့သည့္အပတ္တြင္ ေျမာက္ကိုးရီးယား ကာကြယ္ေရး၀န္ၾကီးဌာနမွ ” ေျမာက္ကိုးရီးယားႏုိင္ငံရဲ႕ ေခါင္းေဆာင္ၾကီးကို အေမရိကန္က ဖယ္ရွားဖို႕ ၾကံစည္ေနတယ္၊ လုပ္ေဆာင္ေနေၾကာင္းခိုင္မာတာကို အရိပ္အေယာင္အနည္းငယ္မွ် ေတြ႕တာနဲ႕ ေျမာက္ကိုးရီးယားဟာ အေမရိကန္ကို ညွာတာေထာက္ထားေနမွာ မဟုတ္ပါဘူး။ ႏ်ဴကလီးယားလက္နက္ အျပင္ အျခားေသာ လက္နက္ေတြနဲ႕ပါ တုံ႕ျပန္တိုက္ခိုက္သြားမွာ ျဖစ္ပါတယ္ ” ဟု ေျပာဆိုခဲ့သည္။

Unicode : မြောက်ကိုးရီးယား ဒုံးကျည်စမ်းသပ်မှုအပေါ် တရုတ်ငြိမ်နေသည့်အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် မှ အပြစ်တင်ဝေဖန်

trump vs xi

မြောက်ကိုးရီယား ရဲ့ ဒုံးကျည်စမ်းသပ်မှုတွေနဲ့ပတ်သတ်ပြီး တရုတ်က အရေးယူခြင်းမရှိသည့်အပြင် ဘာမှ မလှုပ်ရှားဘဲ ငြိမ်နေသည့်အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အပြစ်တင်ပြောကြားလိုက်ပါတယ်။ လက်ရှိမှာ မြောက်ကိုးရီးယားတို့ရဲ့ ဒုံးကျည်လက်နက်စမ်းသပ်မှုများဟာ ဆက်တိုက်အောင်မြင်မှုရရှိလျက်ရှိပြီး ပြီးခဲ့တဲ့အပတ်မှာတော့ မြောက်ကိုးရီးယားဟာ အမေရိကန်ကို နျူကလိယားလက်နက်ဖြင့် တိုက်ခိုက်နိုင်ပြီလို့ နိုင်ငံပိုင် သတင်းစာကနေ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

ဒါကြောင့် အမေရိကန်နိုင်ငံ ဟာဝိုင်အီကျွန်းမှာ မြောက်ကိုးရီးယားရဲ့ ဒုံးကျည်လက်နက်ကို တန်ပြန်တိုက်ခိုက်နိုင်မယ့် စနစ်တွေ တပ်ဆင်ထားရှိထားပြီး အမေရိကန်က တရုတ်ရဲ့ ငြိမ်သက်နေမှုအပေါ် အားမလိုအားမရဖြစ်နေပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်ကို ပြင်းထန်စွာ ဝေဖန်တိုက်ခိုက်လိုက်ပါတယ်။

‘ အမေရိကန်ရဲ့ အစဉ်အဆက် သမ္မတတွေ ဘယ်လိုဦးနှောက်နဲ့ တရုတ်ကို ဒေါ်လာဘီလီယံနဲ့ချီပြီး ကုန်သွယ်မှုတွေ လုပ်ခဲ့ကြလည်းမသိဘူး။ တရုတ်က ဒီအရေးကိစ္စမှာ ငြိမ်သက်နေတယ်၊ မြောက်ကိုးရီးယားရဲ့ ကိစ္စကို တစ်ခုခုလုပ်ဖို့ တရုတ်ကလည်း လုပ်ရမယ်ဟု ‘ သမ္မတ ဒေါ်နယ်ထရမ့်က အပြစ်တင်ဝေဖန်တိုက်ခိုက်ခဲ့သည်။

ပြီးခဲ့သည့်အပတ်တွင် မြောက်ကိုးရီးယား ကာကွယ်ရေးဝန်ကြီးဌာနမှ ” မြောက်ကိုးရီးယားနိုင်ငံရဲ့ ခေါင်းဆောင်ကြီးကို အမေရိကန်က ဖယ်ရှားဖို့ ကြံစည်နေတယ်၊ လုပ်ဆောင်နေကြောင်းခိုင်မာတာကို အရိပ်အယောင်အနည်းငယ်မျှ တွေ့တာနဲ့ မြောက်ကိုးရီးယားဟာ အမေရိကန်ကို ညှာတာထောက်ထားနေမှာ မဟုတ်ပါဘူး။ နျူကလီးယားလက်နက် အပြင် အခြားသော လက်နက်တွေနဲ့ပါ တုံ့ပြန်တိုက်ခိုက်သွားမှာ ဖြစ်ပါတယ် ” ဟု ပြောဆိုခဲ့သည်။

 

Leave a comment

Your email address will not be published. Required fields are marked *