၂၀၁၈ ခုနှစ် အကောင်းဆုံးသတင်းဓါတ်ပုံဆုထုတ်ပြန်

၂၀၁၈ ခုနှစ် ကမ္ဘာ့ အကောင်းဆုံးသတင်းဓါတ်ပုံဆုကို ထုတ်ပြန်လိုက်ကြောင်း ဧပြီလ ၁၃ ရက်နေ့ထုတ် NBC သတင်းအရသိရပါတယ်။ ဒီဆုအတွက် နိုင်ငံပေါင်း ၁၂၅ နိုင်ငံက ဓါတ်ပုံဆရာပေါင်း ၄၅၄၈ ဦးက ဓါတ်ပုံပေါင်း ၇၃၀၄၄ ပုံကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ၂၀၁၈ခုနှစ်ရဲ့ အကောင်းဆု သတင်းဓါတ်ပုံဆုကို ၂၀၁၇ ခုနှစ် မေလ ၃ ၇က်နေ့က ဗင်နီဇွဲလားနိုင်ငံ ကရာကာ့စ် မြို့မှာ ဖြစ်ပွားခဲ့တဲ့ သမ္မတ Nicolas Maduro ဆန့်ကျင်ရေးလူထုအုံကြွမှုမှာ ရဲတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွာရာမှ အသက် ၂၈ အရွယ် ဆန္ဒပြသူ Jose Victor Salazar Balza ဆိုသူကို မီးစွဲလောင်နေတဲ့ပုံ က ဆွတ်ခူးရရှိသွားခဲ့ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *