၂၀၁၈ ရုရှား ကမ္ဘာ့ဖလားအတွက် ကြေးအမြင့်ဆုံး နည်းပြများ

မကြာခင်မှာ တစ်ကမ္ဘာလုံးက စိတ်ဝင်စားတဲ့ ရုရှား ကမ္ဘာ့ဖလား ၂၀၁၈ ပြိုင်ပွဲကြီး စတင်ပါတော့မယ်။ ယှဉ်ပြိုင်ခွင့် ရကြတဲ့ အသင်းအားလုံးဟာ ဖလားကြီးကိုပိုင်ဆိုင်နိုင်ဖို့ အပြိုင်အဆိုင်ကြိုးစားနေကြမှာမလွဲပါဘူး။ ပြိုင်ပွဲဝင် အသင်းတိုင်း မှာပါဝင်ကြတဲ့ ကစားသမားတွေကလည်း တစ်ကမ္ဘာလုံးက သိကြတဲ့ အကျော်အမော်တွေကများတာမို့ ပွဲတွေကတော့ အကျိတ်အနယ်ရှိမှာမလွဲပါဘူး။ ဒီလိုအကျော်အမော်ကစားသမားတွေကို နောက်ကွယ်က ပုံဖေါ်ခဲ့သူတွေဖြစ်တဲ့ အသင်း နည်းပြတွေဟာ အသင်းတိုင်းအတွက် အသက်တမျှ အရေးပါလှပါတယ်။ ဒါကြောင့်လည်း ကောင်းပေ့၊တော်ပေ့၊ ထက် ပေ့ဆိုတဲ့နည်းပြတွေကို ရွေးချယ်ပြီးလေ့ကျင့်ကြရပါတယ်။ တော်ထက်သလောက် ကြေးတွေကလည်းကွာနိုင် ပါ တယ်။ ဒါဆိုရင် ဘော်လုံးချစ်ပရိတ်သတ်တွေအနေနဲ့ ၂၀၁၈ ရုရှားကမ္ဘာ့ဖလားပွဲမှာ ဘယ်နည်းပြတွေက ကြေး ဘယ် လောက်တောင်မြင့်တယ်ဆိုတာ သိချင်ကြမှာသေချာပါတယ်။ ဒီအတွက် ကြေးအများဆုံး (၁၄)ဦးကို ရွေးထုတ် တင်ပြ ပေးလိုက်ပါတယ်။
(၁၄)သြစတြေးလျ(Australia)နည်းပြVertvanMarwijk-ပေါင်၁.၀၃သန်း
(၁၃)ဆော်ဒီနည်းပြJuanPizzi-ပေါင်၁.၂၃သန်း
(၁၂)ကိုလံဘီယာနည်းပြJosePeckerman-ပေါင်၁.၃၀သန်း
(၁၁)အီဂျစ်နည်းပြHectorCuper-ပေါင်၁.၃၀သန်း
(၁၀)ဥရုဂွေးနည်းပြOsacarTabarez-ပေါင်၁.၄၇သန်း
(၉)အာဂျင်တီးနားနည်းပြJorgeSampaoli-ပေါင်၁.၅၅သန်း
(၈)အင်္ဂလန်နည်းပြGarethSouthgate-ပေါင်၁.၆၉သန်း
(၇)အီရန်နည်းပြCarlosQueiroz-ပေါင်၁.၆၉သန်း
(၆)ပေါ်တူဂီနည်းပြFernandoSantos-ပေါင်၁.၉၁သန်း
(၅)ရုရှားနည်းပြStanislavCherchesov-ပေါင်၂.၂၁သန်း
(၄)စပိန်နည်းပြJulenLopetegui-ပေါင်၂.၅၈သန်း
(၃)ပြင်သစ်နည်းပြDidierDeschamps-ပေါင်၃.၀၂သန်း
(၂)ဘရာဇီးနည်းပြTite-ပေါင်၃.၀၂သန်း
(၁)ဂျာမဏီနည်းပြJoachimLow-ပေါင်၃.၃၁သန်း
Ref: Soccer Laduuuuuma

Leave a comment

Your email address will not be published. Required fields are marked *