၂၀၁၈ ရဲ့ လခ အများဆုံးသော ဘောလုံးကစားသမား(၁၀) ဦး

ကမ္ဘာပေါ်ရှိ လစာအများဆုံး ရသူတွေထဲမှာ ဘောလုံးသမားတွေလည်းပါဝင်ပါတယ်။ ဘောလုံးသမားတစ်ယောက်ရဲ့ လခဟာ သာမန်လူတစ်ယောက်အနေနဲ့ ရနိုင်ဖို့ တော်တော်လေးကို မလွယ်ပါဘူး။ ဒီလိုလစာများတဲ့ ကမ္ဘာကျော်ဘောလုံးသမားများထဲကမှ ၂၀၁၈အတွက် လစာအများဆုံးရရှိတဲ့ ဘောလုံးသမား ၁၀ဦးကို ဖော်ပြပေးမှာဖြစ်ပါတယ်။

(၁) Lionel Messi (Barcelona)

Barcelona အသင်းရဲ့ နာမည်ကျော်ကစားသမား Messi ဟာ ၂၀၁၇နှစ်ကုန်ပိုင်းလောက်ကမှ စာချုပ်သက်တမ်းတိုးပြီး ချုပ်ထားတဲ့ ကစားသမားဖြစ်ပါတယ်။ ဒီစာချုပ်အရ အသက် ၃၀အရွယ်ရှိတဲ့ အာဂျင်တီးနားသား Messi ဟာ Barcelona အသင်းမှာ ၂၀၂၁ အထိရှိနေမှာဖြစ်ပါတယ်။ သူ့ရဲ့ လစာဟာ တစ်နှစ်ကို ပေါင် ၄၀.၅သန်းအထိ ရနေပါတယ်။

(၂) Neymar (PSG)

၂၃ ပွဲ ကစားပြီး ၂၄ ဂိုးသွင်းထားသလို ၁၄ ဂိုး ဖန်တီးမှု လုပ်ထားပေးတဲ့ ခြေစွမ်းတွေရှိနေတဲ့ ပြင်သစ်ကလပ် PSG ရဲ့ ကစားဖြစ်တဲ့ Neymar ရဲ့ တစ်နှစ်လစာ ပေါင် ၃၁.၇သန်း ရရှိနေတာဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဒိုလေးနဲ့ မက်ဆီတို့လို Ballon d’Or ဆုကို စိန်ခေါ်လာနိုင်သူတစ်ယောက်ဆိုလည်း မမှားပါဘူး။

(၃) Alexis Sanchez (Man Utd)

မန်ယူရဲ့ ဂန္ထဝင်ကျောနံပါတ် ၇ကို ရရှိထားတဲ့ Alexis Sanchez ဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွေ့ကာလမှာ အာဆင်နယ်အသင်းကနေ မန်ယူသို့ ပြောင်းရွေ့လာတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ အသက် ၃၀အရွယ် ရှိပြီဖြစ်တဲ့ Alexis Sanchez ဟာ ပရီးမီးယားလိဂ်မှာ လစာအများဆုံးရထားတဲ့ ကစားသမားဖြစ်ပါတယ်။ သူ့ရဲ့ တစ်ပတ် လစာကတော့ ပေါင် ၄.၅သိန်း ဖြစ်ပြီး တစ်နှစ် လစာကတော့ ၂၃.၄သန်း အထိရရှိနေသူဖြစ်ပါတယ်။

(၄) Oscar (Shanghai SIPG)

လက်ရှိ အာရှကလပ်တွေထဲမှာ စံချိန်တင်ဈေးနဲ့ ချယ်လ်ဆီး အသင်းကနေ ပြောင်းရွေ့လာတဲ့ Oscar ရဲ့ တစ်နှစ် လစာဟာ ပေါင် ၂၁.၁သန်းဖြစ်ပါတယ်။ သူဟာ အသက်အရွယ်ကလည်း ငယ်သေးတဲ့အတွက် အကောင်းဆုံး ခြေစွမ်းတွေနဲ့ ကစားသမားဘဝကို အချိန်ကြာမြင့်စွာ ဖြတ်သန်းရအုံးမယ့် လူငယ်ကစားသမားတစ်ယောက်ဖြစ်ပါတယ်။

(၅) Ezequiel Lavezzi (Hebei China)

၂၀၁၆ အတွင်း တရုတ်စူပါလိဂ်ကို ရောက်လာသူတွေထဲကမှ နာမည်ကြီး အာဂျင်တီးနား ကစားသမား Ezequiel Lavezi ဟာ Hebei ကို ပြောင်းရွေ့ကြေး ၂၃.၅သန်းသာ ရရှိခဲ့သော်လည်း ယခုမှာတော့ တစ်နှစ်လစာ ၂၀.၃သန်းအထိ ရရှိနေတဲ့ ကစားသမားဖြစ်ပါတယ်။

(၆) Cristiano Ronaldo (Real Madrid)

Messi ရဲ့ အဓိက ပြိုင်ဘက်ကစားသမားဖြစ်တဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားလို့ သတ်မှတ်ခြင်းခံထားရတဲ့ Real Madrid ရဲ့ တိုက်စစ်မှူးကစားသမား Cristiano Ronaldo ဟာ ၂၀၂၁ ခုနှစ်အထိ Real မှာ ရှိနေမှာဖြစ်ပါတယ်။ သူ့ရဲ့ တစ်နှစ်လစာဟာ ၁၈.၅သန်းရှိပြီး Messi ထက်လစာနည်းနေလို့ လစာကိစ္စကို ပြန်လည်ညှိနှိုင်းမယ်လို့ သိရှိရပပါတယ်။

(၇) Hulk (Shanghai SIPG)

အသက် ၃၁နှစ်ရှိတဲ့ Hulk ဟာ ၂၀၁၆ မှာ ပြောင်းရွေ့ကြေးပေါင် ၄၅သန်းနဲ့ Shanghai ရောက်လာတဲ့ တိုက်စစ်မှူး တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ တစ်နှစ်လစာဟာ ပေါင် ၁၇.၆သန်းအထိ ရရှိနေပါတယ်။

(၈) Kylian Mbappe (Paris Saint-Germain)

၂၀၁၇ရဲ့ Golden Boy ဆုကိုရရှိထားတဲ့ Kylian Mhappe ဟာ PSG အသင်းကို ပြီးခဲ့တဲ့ နွေးရာသီ အပြောင်းအရွေ့ ကာလက ပြောင်းလာတာဖြစ်ပါတယ်။ သူရဲ့ တစ်နှစ် လစာကတော့ ၁၅.၉သန်း ဖြစ်ပါတယ်။

(၉) Paul Pogba (Man Utd)

ဆန်းချက်မရောက်ခင်ထိ မန်ယူမှာ လစာအများဆုံးရရှိခဲ့တဲ့ မန်ယူရဲ့ ကစားသမားဟောင်း ဖြစ်သူ Paul Pagba ဟာ ၂၀၁၆ နွေးရာသီ အပြောင်းအရွေ့ကာလမှာ ပြောင်းရွေ့ကြေး ပေါင် ၈၉သန်းအထိ ပေးပြီး ပြန်လည်ခေါ်ယူထားတဲ့ ကစားသမားဖြစ်ပါတယ်။ လက်ရှိ သူ့ရဲ့ တစ်နှစ်ကို ပေါင် ၁၅.၄ သန်းလောက် ရရှိနေတာဖြစ်ပါတယ်။

(၁၀) Graziano Pelle (Shandong Luneng)

Shandong ရဲ့ နာမည်ကျော်ကစားသမားဖြစ်တဲ့ Graziano Pelle ဟာ ၂၀၁၆ခုနှစ်က ဆောက်သမ်တန်ကနေ ခေါ်ယူထားတာဖြစ်ပါတယ်။ Marca သတင်းစာရဲ့ ဖော်ပြချက် အရ သူဟာ တနှစ်ကို အသားတင် လစာ ပေါင် ၁၅ သန်းလောက် ရနေပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *