၂၀၁၈ FIFA ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ၏ အိမ်ရှင်ရုရှားအသင်းသည့် အုပ်စု A တွင်ပါဝင်

၂၀၁၈ခုနှစ် FIFA ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက် အုပ်စုခွဲရန် မဲနှိုက်ရာတွင် အိမ်ရှင် ရုရှားအသင်းသည် အုပ်စု A တွင်ပါဝင်သွားပါတယ်။ ရုရှားအသင်းအနေဖြင့် ကံကောင်းခြင်းများစွာကို စတင်ယူဆောင်လာတယ်လို့ ပြောလို့ရပါတယ်။

ရုရှားပါဝင်တဲ့ အုပ်စု A မှာပါဝင်တဲ့ အသင်းတွေကတော့ ဆော်ဒီအာရေးဗျ၊ အီဂျစ်၊ ဥရုဂွေးတို့ဖြစ်တဲ့အတွက် ရုရှားအနေဖြင့် နာမည်ကျော်တိုက်စစ်မှူး ဆွာရက်ဇ် နဲ့ ကာဗာနီတို့ ပါဝင်တဲ့ ဥရုဂွေးအသင်းကို ယဉ်ပြိုင်ရန်သာ အခက်အခဲ အနည်းငယ်ကြုံတွေ့ နိုင်သဖြင့် ရှုံးထွက် အဆင့်ထိရောက်နိုင်တယ်လို့ ရေပန်းစားနေပါတယ်။

ဖွင့်ပွဲအနေဖြင့် ရုရှားဟာ အာရှတိုက် ခြေစစ်ပွဲမှာ အောင်လာခဲ့တဲ့ ဆော်ဒီအာရေးဗျနှင့် လုဇနီကွင်းကြီးထဲတွင် လာမယ့် ဇွန်လ ၁၄ရက်နေ့မှာ စတင် ယဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

အဆိုပါအုပ်စုမှာ ရုရှားဟာ ဆိုဗီယက်ယူနီယံအနေဖြင့် ဆီမီးဖိုင်နယ်အဆင့်ကို အမြင့်ဆုံးတက်ရောက်ခဲ့ ဖူးပြီး ၁၆၉၉ခုနှစ်မှာ စတုတ္ထနေရာ ရရှိခဲ့တာဖြစ်ပါတယ်။ ဥရုဂွေးအသင်းကတော့ ၁၉၃၀နဲ့ ၁၉၅၀ ခုနှစ်တွေမှာ ၂ကြိမ်း ချန်ပီယံဖြစ်ဖူးပြီး ဆော်ဒီအာရေးဗျ အသင်းကတော့၁၉၉၄မှာ ရှုံးထွက်အဆင့်ကို ရောက်ခဲ့ဖူးပါတယ်။ အီဂျစ်ကတော့ ၁၉၃၄နဲ့ ၁၉၉၀ မှာ အုပ်စုအဆင့်ကိုသာ တက်ရောက်နိုင်ခဲ့ဖူးတာဖြစ်ပါတယ်။

အုပ်စု A မှာ ယဉ်ပြိုင်ရမယ့် ပွဲစဉ်တွေကတော့ (မြန်မာစံတော်ချိန်)

ရုရှား vs ဆော်ဒီအာရေးဗျ (ဇွန်လ ၁၄ရက်နေ့ ည ၉ : ၃၀)

အီဂျစ် vs ဥရုဂွေး (ဇွန်လ ၁၅ရက်နေ့ ညနေ ၀၆ : ၃၀)

ရုရှား vs အီဂျစ် (ဇွန်လ ၂၀ရက်နေ့ နံနက် ၁၂ : ၃၀)

ဥရုဂွေး vs ဆော်ဒီအာရေးဗျ (ဇွန်လ ၂၀ရက်နေ့ ည ၀၉ : ၃၀)

ဆော်ဒီအာရေးဗျ vs အီဂျစ် (ဇွန်လ ၂၅ရက်နေ့ ည ၀၈ : ၃၀)

ဥရုဂွေး vs ရုရှား (ဇွန်လ ၂၅ရက်နေ့ ည ၀၈ : ၃၀) တို့ဖြစ်ကြောင်းသိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *