၂၀၁၈ pyeongchang ဆောင်းရာသီ အိုလံပစ်ပွဲ၏ နောက်မှဝန်ဆောင်မှုများ

၂၁၀၈ ဆောင်းရာသီအိုလံပစ်ပွဲကို Pyeongchangမြို့ ကိုးရီးယားနိင်ငံတွင် ကျင်းပမှာဖြစ်ပါတယ်။ နိင်ငံအရပ်ရပ်မှလာကြတဲ့ အားကစားသမားများနှင့် ဧည့်သည်များ အပန်းဖြေလေ့လာနိင်ရေးအတွက် အိုလံပစ်ရွာတွင် ဝန်ဆောင်မှုအားလုံးရှိပါတယ်။ ဆံပင်ညှပ်ခြင်းကအစ၊ လက်သည်းဆေးဆိုးခြင်းအဆုံး ဗီဒီရိုဂိမ်းကစားခြင်းအဆုံး ဝန်ဆောင်မှုအားလုံးရှိပါတယ်။ အိုလံပစ်ရွာ နှစ်ရွာကို ကစားသမားပေါင်း ၂၉၂၀ကျော်ဆန့်အောင် တည်ဆောက်ထားပါတယ်။ ကစားသမားအားလုံးကို အိုလံပစ်ရွာထဲတွင်နေရမည်ဟု သတ်မှတ်ချက်မရှိပါ။

အစားအသောက်များအတွက်လည်း ကိုးရီးယားအစားအစာ သာမက တရုတ်အစားအသောက်၊ ဥရောပအစားအသောက်များပါ ရရှိပါတယ်။ အိုလံပစ်ရွာ အဝင်ဝတွင် ကိုးရီးယားနိင်ငံ၏ လက်မှုပညာထုတ်ကုန်များ၊ ရိုးရာအဝတ်အထည်များပါ ဝယ်ယူနိင်မှာဖြစ်ပါတယ်။ Samsaung company ကလည်း virtual reality game များကိုအခမဲ့အပြင်းပြေဆော့နိင်ရန် sponsor ပေးထားပါတယ်။ အိုလံပစ်ကစားသမားများ စိတ်ချမ်းသာမှုရအောင် စီမံပြုလုပ်ထားသော ကိုးရီးယားနိင်ငံရှိ အိုလံပစ်ရွာ၏ဝန်ဆောင်မှုများမှာ အံ့သြစရာကောင်းလှပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *