၂၀၁၉ခုနှစ်အတွင်း အမေရိကန်တွေလာလည်ချင်တဲ့ နိုင်ငံတွေထဲမှာ မြန်မာပါဝင်လာ

အမေရိကန် ခရီးသွားအော်ပရေတာ အဖွဲ့ United State Travelling Operators Association(USTOA) က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ ၂၀၁၉ ခုနှစ်အတွင်းမှာ အမေရိကန်လူမျိုးတွေ သွားရောက်လည်ပတ်ချင်တဲ့ နိုင်ငံ တွေစာရင်းမှာ အာဆီယံထဲကဗီယက်နမ်နဲ့ ကမ္ဘောဒီးယားအပါအဝင် မြန်မာနိုင်ငံလည်းပါဝင်လာတာကို USA Today သတင်းအရ သိရပါတယ်။ USTOA အတွက် ဒီလေ့လာစူးစမ်းမှုကိုတော့ Price Waterhouse Coopers LLP (PwC)ကတာဝန်ယူခဲ့တယ်လို့သိရပါတယ်။
စာရင်းအရ ဒီနှစ်ထဲမှာ အမေရိကန်တွေ အသွားချင်ဆုံးနေရာကတော့ အီတလီနိုင်ငံဖြစ်ပါတယ်။ အီတလီ နောက်မှာ တော့ လူသူအရောက်အပေါက်နည်းပြီး အရင်က အသွားအလာနည်းခဲ့တဲ့ နိုင်ငံတွေအဖြစ် Iceland က ဒုတိယနေရာ မှာရှိပြီး ကျန်နိုင်ငံတွေက Cambodia, Croatia, Colombia, Vietnam, Portugal,Bhutan, Bolivia, Myanmar, နဲ့ Ethiopia စတဲ့နိုင်ငံတွေပါဝင်လာပါတယ်။ ဒီအထဲမှာ မြန်မာပါဝင်လာတာကိုတော့ နိုင်ငံသားတစ် ယောက် အနေနဲ့ ဝမ်းပမ်းတသာ ကြိုဆိုရမှာဖြစ်ပါတယ်။
“ဒီအထဲမှာ အိုင်စလန်၊ကမ္ဘောဒီးယား၊ကိုလံဘီယာ၊ဗီယက်နမ်နဲ့ ပေါ်တူဂီနိုင်ငံတွေကို အမေရိကန်အများစု ရွေးချယ်ကြ တာက စိတ်ဝင်စားစရာပဲလို့ USTOA CEO Terry Dale က ပြောခဲ့ပါတယ်။ ဒါ့အပြင် လူသူအရောက်အပေါက်နည်းပြီး စွန့်စားရတဲ့ ခရီးစဉ်က အမေရိကန်ခရီးသွားတွေအကြားမှာ ရေပန်းစားလာတယ်လို့လည်း သူကဆိုပါတယ်။
မြန်မာနိုင်ငံအတွက်တော့ NLD အာဏာရပြီးတဲ့နောက်မှာ ခရီးသွားလုပ်ငန်းအပေါ် မျှော်လင့်ချက်တွေမြင့်မားခဲ့ပေမယ့် ၂၀၁၇ခုနှစ် ရခိုင်ပြည်နယ်မှာဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခကြောင့် ခရီးသွားလုပ်ငန်း အပေါ်များစွာထိခိုက်ကျဆင်းခဲ့ရတယ်လို့ သိရပါတယ်။ မနှစ်က ၂၀၁၈မှာတော့ ခရီးသွားလုပ်ငန်းအနည်းငယ်ပြန်လည်ဦးမော့လာခဲ့သလို ထူးခြားမှုတစ်ချို့လည်း ရှိခဲ့ပါတယ်။ ဒီအထဲမှာ တစ်ကမ္ဘာလုံးကို ဂယက်ရိုက်ခဲ့တဲ့ သတင်းက လွန်ခဲ့တဲ့ ဒီဇင်ဘာလအတွင်း ကမ္ဘာကျော် Twitter CEO Dorsey မြန်မာနိုင်ငံကို ဝိပသနာတရားအားထုတ်ဖို့ ရောက်လာခဲ့ပြီး ဆယ်ရက်တာ အားထုတ်ခဲ့စဉ်မှာ Twitter ပေါ်ကနေ သူ့အတွေ့အကြုံနဲ့ မြန်မာနိုင်ငံအပေါ် ချီးကျူးခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။
သူက မြန်မာနိုင်ငံဟာလုံးဝကိုလှပတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အကြောင်း၊ပြည်သူတွေကလည်း ပျော်ပျော်ရွှင်ရွှင်ရှိကြ သလို အစားအသောက်တွေကလည်း အံ့သြစရာကောင်းကြောင်း၊သူ ရန်ကုန်၊မန္တလေးနဲ့ ပုဂံကို သွားလည်ခဲ့ပြီး၊ နိုင်ငံ တစ်ဝန်းဘုန်းတော်ကြီးကျောင်းတွေကို သွားရောက် တရားထိုင်ခဲ့ကြောင်း၊ပြင်ဦးလွင်မှာတရားထိုင်ခဲ့တာ တရားထိုင်သူ တွေအားလုံးအတွက် လှူ ဒါန်းပေးသူတွေရှိကြောင်း တစ်ကမ္ဘာလုံးသိအောင် သူ့ရဲ့ Twitter ပေါ်မှာ ရေးသား ခဲ့ပါ တယ်။မြန်မာနိုင်ငံရခိုင်ဒေမှာ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေအကြောင်းရင်းမှန်ကို မသိကြတဲ့အပြင် မြန်မာ အပေါ် တစ်ဖက် သတ်အပြစ်ပုံချလိုကြသူတွေကတော့ သူ့ရဲ့ အကောင်းမြင်မှုအပေါ်အပြင်းအထန်ဝေဖန်ရှုတ်ချခဲ့ကြပါတယ်။
USTOA ကထုတ်ပြန်တဲ့စာရင်းအရဆိုရင်တော့ အမေရိကန်တွေဟာ လူသူအရောက်အပေါက်နည်းပြီး စွန့်စား သွားလာ ရမယ့်ဒေသတွေကို သွားရောက်လိုတဲ့ စိတ်တွေပိုလာတယ်လို့ ဆိုပါတယ်။ဘာပဲဖြစ်ဖြစ်အခုလို ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးရေး အတွက် အစွမ်းကုန်ကြိုးစားနေချိန်မှာ စီအီးအို Dorsey အခုလိုလာရောက်ခဲ့တဲ့အတွက် ကျေးဇူး တင်သလို အမေရိ ကန်တွေလာလည်ချင်တဲ့ နေရာသစ်ထဲမှာ မြန်မာပါဝင်လာတဲ့အတွက်လည်း လာလည်ချင်စိတ်ရှိတဲ့ ဧည့်သည်တွေကို အမြဲကြိုဆိုပါတယ်။ အမေရိကန် ခရီးသွားတွေကို စူးစမ်းလေ့လာမှုပြုခဲ့တဲ့ USTOA ကိုလည်းကျေးဇူးတင်ပါတယ်။ ဒီနိုင်ငံ နဲ့ ဒီနိုင်ငံထဲက တိုင်းရင်းသားလူမျိုးတွေရဲ့ ချစ်စရာဓလေ့သဘာဝတွေကို တကယ်အမှန်သိချင်တယ်ဆိုရင်တော့ CEO Dorsey လိုပဲ မြန်မာကို အရောက်လာကြဖို့ ဖိတ်ခေါ်ပါရစေ။

Source:USA Today

Photo Credit:Dorsey’s tweet/

Leave a comment

Your email address will not be published.