၂၀၁၉ မှာ သင့်ကံကြမ္မာ ဘယ်လိုရှိမလဲ

ဒီကမ္ဘာပေါ်မှာ လူသားတွေစိတ်အဝင်စားဆုံးအရာတစ်ခုကဘာလဲလို့ မေးရင်တော့ အနာဂတ်မှာကိုယ်ကံကြမ္မာ ဘယ်လိုဖြစ်မလဲဆိုတာစိတ်အဝင်စားဆုံးပါလို့ဖြေဆိုရမှာ ဖြစ်ပါတယ်။အခုလည်း မကြာခင်မှာ ၂၀၁၉ ကို ကူးပြောင်း ရောက်ရှိပါတော့မယ်။ သင့်ရဲ့ မွေးဂဏန်းပေါ်မူတည်ပြီး ၂၀၁၉ခုမှာ သင်ကြုံတွေ့နိုင်တဲ့ ကံကြမ္မာအပြောင်းအလဲကို သင် စိတ်ဝင်စားမယ်ဆိုတာ သေချာပါတယ်။
သင့်ရဲ့ မွေးဂဏန်းကို ဘယ်လိုတွက်မလဲ
မွေးဂဏန်းတွက်ရတာ အရမ်းလွယ်ကူပါတယ်။သင့်ရဲ့အင်္ဂလိပ်လိုမွေးရက်၊မွေးလ၊ခုနှစ်ကို ဂဏန်းတစ်လုံးတည်း ရ အောင်ပေါင်းလိုက်ပါ။နောက်ဆုံးရလာတဲ့ ဂဏန်းဟာ သင့်မွေးဂဏန်းပဲဖြစ်ပါတယ်။ဥပမာ သင့်ကို ၁၉၈၈ခုနှစ်၊မေလ (၄)ရက်နေ့မှာမွေးခဲ့တယ်ဆိုရင် သင့်မွေးဂဏန်းက၊ (၁+၉+၈+၈+၅+၄=၈) ၈ ဖြစ်ပါတယ်။ ၂၀၁၉ မှာ မွေးဂဏန်း အလိုက် ကံကြမ္မာတွေကို ဖေါ်ပြပေးပါရစေ။
(၁) ဂဏန်း
၁ ဂဏန်းသမားတွေလုံးဝကံကောင်းပြီး ဝင်ငွေတိုးမယ့်နှစ်ဖြစ်ပါတယ်။ ၂၀၁၉ ထဲကို ၅ လဝင်ရောက်ပြီးတာနဲ့ ဒါတွေဖြစ် လာ မှာပါ။ ချွေတာသုံးပြီး ရင်းနှီးမြှပ်နှံဖို့ မမေ့ပါနဲ့။
(၂) ဂဏန်း
အရင်နှစ်က လက်စပ်မသတ်နိုင်ခဲ့တဲ့ အလုပ်တွေ ပြီးစီးအောင်ဆောင်ရွက်နိုင်ပါလိမ့်မယ်။ အပြီးသတ်ဖို့ လိုတယ်လို့ သင်စဉ်းစားသမျှတွေကို ဒီနှစ်မှာ အပြီးသတ်ဖို့ စလုပ်ပါလိမ့်မယ်။အနာဂတ်ကောင်းဖို့ လူမှုဆက်ဆံရေးတွေကို အခု ထက်မက ကောင်းအောင်လုပ်ဖို့ လိုပါတယ်။
(၃) ဂဏန်း
၂၀၁၉ခုနှစ်ကတော့ ၃ ဂဏန်းသမားတွေအတွက် တာဝန်ယူမှု တွေနဲ့ပြည့်နှက်နေတဲ့ နှစ်ဖြစ်ပါတယ်။အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေအတွက် စွန့်စားမှုတွေ သိပ်မလုပ်ပါနဲ့။ တတိယလနဲ့ ခုနစ်လမြောက်လတွေက ကံကောင်းတဲ့ လတွေ ဖြစ် ပါလိမ့်မယ်။ဒီလတွေမှာချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေကြောင့် အသီးအပွင့်ကောင်းတွေကို ခံစားရမှာ။
(၄) ဂဏန်း
၄ ဂဏန်းသမားတွေက ဒီနှစ်မှာ အချစ်ရေး၊ဆက်ဆံရေးတွေ ရလဒ်ကောင်းရပါလိမ့်မယ်။မနှစ်က ကံခေခဲ့သလောက် ဒီနှစ်မှာတော့ စန်းပွင့်လာပါလိမ့်မယ်။ပြီးခဲ့တဲ့ အချစ်ရေးကို ထားလိုက်ပြီး စိတ်သစ်၊လူသစ်နဲ့ အချစ်သစ်ကို စတင်လိုက် ပါ။ ၆လနဲ့ ၇လ မြောက်အတွင်းမှာ အချစ်သစ်တွေ့ပါလိမ့်မယ်။
(၅) ဂဏန်း
၅ ဂဏန်းသမားတွေက ဒီနှစ်မှာ ပြန်လည်ပြင်ဆင်မွမ်းမံတာတွေကိုလုပ်ပါ။ အိမ်အလှအပတွေကို ပြင်ဆင်ပါ။ အသေးစိတ်ကို ဂရုစိုက်လုပ်တဲ့အတွက် အကျိုးရလဒ်ကောင်းတွေရပါလိမ့်မယ်။၅လနဲ့ ၈လမြောက်တွေမှာ ငြိမ်းချမ်းမှုနဲ့ ကြွယ်ဝချမ်းသာမှုကို ရပါလိမ့်မယ်။ အာရုံစူးစိုက်လုပ်ဆောင်ဖို့ မမေ့ပါနဲ့။
(၆) ဂဏန်း
ဒီနှစ်က သင့်ရဲ့ သည်းခံနိုင်မှုကို စမ်းသပ်တဲ့နှစ်ပဲဖြစ်ပါတယ်။အောင်မြင်မှုတွေ ဟိုတစ်ခု ဒီတစ်ခုရှိပေမယ့် အာရုံ စူးစိုက်ဖို့လိုပါတယ်။ဒီနှစ်ထဲကြုံတွေ့ရမယ့်တိုက်ပွဲတွေကို ကျော်လွှားဖို့အတွက် လုပ်ငန်းစဉ်တွေကို ၂၁ ရက်တိတိ မပျက်မကွက်လုပ်ဆောင်ပြီး အလေ့အကျင့်ကောင်းတွေကို ပျိုးထောင်ပါ။လာဘ်ကောင်းဖို့ အဝါရောင်ကိုဆောင်ပါ။ အစိမ်း နုရောင်ကတော့ သင့်အနာဂါတ်ကံကြမ္မာကောင်းဖို့အတွက်ပါ။
(၇) ဂဏန်း
၇ ဂဏန်းသမားတွေအတွက် ဒီနှစ်ထဲမှာ အရေးအကြီးဆုံးက ကျန်းမာရေးပါပဲ။ကျန်းမာရေးဆိုတာ ဝဖို့ ပိန်ဖို့မဟုတ်ပါဘူး။နေထိုင်ကောင်းပြီး ရောဂါကင်းဖို့ပဲဖြစ်ပါတယ်။ကျန်းမာတဲ့ အစာအာဟာရတွေကို စားသုံးပါ။
(၈) ဂဏန်း
ဒီနှစ်က မိတ်ဟောင်းတွေ၊မိသားစုတွေနဲ့ အချိန်ပေးရမယ့်နှစ်ပါ။ အမှန်ဆိုရင် သင်က မိသားစုထက် အလုပ်ကို ပိုပြီး အချိန်ပေးတတ်သူပါ။ဒီနှစ်တော့ အလုပ်ထက် လူမှုကိစ္စတွေကို တဖန်ပြန်ပြီး အချိန်ပေးလိုက်ပါ။ဒီလိုအချိန်ပေးရင်း သင်ကလူလွတ်ဆိုရင်တော့ လက်တွဲဖေါ်ရလာနိုင်ပါတယ်။ ၄လနဲ့ ၉ လမြောက်လတွေမှာ ကံကောင်းခြင်း တွေကြုံ ပါ လိမ့်မယ်။
(၉) ဂဏန်း
၉ ဂဏန်းသမားတွေအတွက် ဒီနှစ်ကတော့ ကိုယ့်အတွက်ထက် ကိုယ်ဒုက္ခရောက်စဉ်က ကိုယ်နဲ့အတူရှိနေခဲ့သူအပေါ် ပြန်လည်ပေးဆပ်ရမယ့် နှစ်လည်းဖြစ်ပါတယ်။ဒီနှစ်ထဲမှာ လူတွေနဲ့ ပိုမိုနီးကပ်နေမှာဖြစ်ပြီး စိတ်ငြိမ်းချမ်းမှု ကိုလည်း ရစေပါမယ်။ပထမဆုံးလနဲ့ နောက်ဆုံးလတွေက သင့်ကို သင်ခန်းစာတွေရစေမှာဖြစ်ပေမယ့် ယုံကြည်မှု မကျဆင်း ပါစေနဲ့။ဘဝမှာ သင့်အတွက် ကောင်းမြတ်တာတွေရှိနေတယ်ဆိုတာ နားလည်လာအောင် သင်ခန်းစာယူပါ။
ကဲ၊မိတ်ဆွေတို့အတွက် ၂၀၁၉ မှာ ကြုံတွေ့နိုင်တဲ့ ကံကြမ္မာအခြေအနေကို အကျဉ်းမျှဖေါ်ပြပေးလိုက်ပါပြီ။ ဘယ်မွေး ဂဏန်းမှာပဲမွေးမွေး လောကရဲ့ အလှည့်အပြောင်းကတော့ ကြုံကြရမှာပါပဲ။ ဂဏန်းအားလုံးအတွက် အချုပ်တင် ပြချင်တာကတော့ ကြုံလာတဲ့ အခြေအနေတွေအပေါ်မှာ သင်ခန်းစာယူပြီး ပိုကောင်းအောင်ကြိုးစားပါ။ စိတ်ကောင်းမွေးပါ။ အခွင့်အလမ်းကောင်းတွေက သင့်အနားမှာ အခက်အခဲအသွင်ဆောင်ပြီးမှာ အမြဲရှိနေတတ်ပါတယ်။၂၀၁၉ ကို ငြိမ်း ချမ်းသာယာစွာနဲ့ဖြတ်သန်းနိုင်ကြပါစေ။

Ref:speakingtree.in

Leave a comment

Your email address will not be published. Required fields are marked *