၂၀၁၉ အတွက် ကမ္ဘာ့လုံခြုံမှု အပြည့်ဝဆုံး လေကြောင်းလိုင်းစာရင်းထွက်ရှိ

ယနေ့ခေတ်မှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံကို ကူးသန်းသွားလာဖို့အတွက် အဓိကအသုံးပြုနေရတဲ့ ယာဉ်ကိုပြပါဆိုရင် လေ ယာဉ်ပဲ ဖြစ်ပါတယ်။ဒါ့ကြာင့် လေယာဉ်စီးကြတဲ့ ခရီးသွားတွေအတွက် လုံခြုံစိတ်ချမှုအပြည့်အဝဖြင့် လိုရာခရီးကို စိတ်ချမ်း ချမ်းသာသာ သွားလာနိုင်ဖို့အရေးကြီးပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် AirlineRatings.com က နှစ်စဉ် လုံခြုံ စိတ်ချမှု အပြည့်အဝဆုံးလေကြောင်းလိုင်းစာရင်းကို ထုတ်ပြန်ပေးနေကျဖြစ်ပါတယ်။ ယခု ၂၀၁၉ခုနှစ်အတွက် စာရင်း ကိုလည်း ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ သူ့ရဲ့ စာရင်းအရ ကမ္ဘာ့လုံခြုံစိတ်ချမှု အပြည့်အဝဆုံး လေကြောင်းလိုင်းကတော့ သြစတြေးလျားရှိ Qantas လေကြောင်းလိုင်းပဲဖြစ်ပါတယ်။

AirlineRatings.com က ထိုစာရင်းကို ထုတ်ပြန်ဖို့ရန်အတွက် ကမ္ဘာပေါ်ရှိ လေကြောင်းလိုင်းပေါင်း (၄၀၅)ခုကို ၁၂ လကြာ စောင့်ကြည့်ပြီး အစိုးရအဖွဲ့အစည်းရှိ လေကြောင်းလိုင်းနှင့် ပတ်သက်တဲ့ စာရင်းစစ်များ၊ ကျွမ်းကျင်သူများနှင့် လုံခြုံရေးဆိုင်ရာ စံချိန်စံနှုန်း (၂၀)အပေါ်မှာ တွက်ချက်ကာ ကမ္ဘာ့လုံခြုံစိတ်ချရဆုံး လေကြောင်းလိုင်းစာရင်းကို ထုတ် ပြန်ခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။

Qantas လေကြောင်းလိုင်းဟာ ၂၀၁၄ ခုနှစ်ကတည်းက ကမ္ဘာ့လုံခြုံစိတ်ချရဆုံး လေကြောင်းလိုင်း အဖြစ်ရပ်တည် ခဲ့တာ ယခု ၂၀၁၉ခုနှစ်အထိပဲဖြစ်ပါတယ်။ ၎င်းလေကြောင်းလိုင်းရဲ့ ထူးခြားချက်ကတော့ လေယာဉ်မတော်တဆဖြစ်မှု ဆိုတာ မရှိသလောက်ကို ရှားခြင်းဖြစ်ပြီး လေယာဉ်မှူးတွေကလည်း စည်းကမ်းကိုလိုက်နာကြတဲ့ ကျွမ်းကျင် လေယာဉ် မှူးတွေဖြစ်ကြပါတယ်။ဒါ့အပြင် လိုက်ပါစီးနင်းလာတဲ့ ခရီးသည်တွေအတွက် ဝန်ဆောင်မှုကလည်း ပြောစရာမလိုအောင် ကောင်းမွန်လှတာကို တွေ့ရပါတယ်။ ကမ္ဘာ့ လုံခြုံစိတ်ချရဆုံးလေကြောင်းလိုင်းစာရင်းတွင် အဆင့်(၁)မှ အဆင့် (၂၀)အတွင်း ဝင်တဲ့လေကြောင်းလိုင်းတွေကတော့

Air New Zealand, Alaska Airlines, All Nippon Airways, American Airlines, Austrian Airlines, British Airways, Cathay Pacific Airways, Emirates, EVA Air, Finnair, Hawaiian Airlines, KLM, Lufthansa, Qantas, Qatar Airways, Scandinavian Airline System, Singapore Airlines, Swiss, and United Airlines and Virgin group of airlines (Atlantic and Australia)တို့ဖြစ်ကြပါတယ်။

၂၀၁၈ခုနှစ် တွင် အဆင့် (၁)မှ (၂၀)အတွင်း မပါဝင်ခဲ့တဲ့ United Airline ဟာ ယခု ၂၀၁၉ခုနှစ်မှာ ပြန်လည် ပါဝင်လာခဲ့ပြီး ၂၀၁၈ခုနှစ်မှာပါခဲ့တဲ့ Japan Airlines နဲ့ Etihad လေကြောင်းလိုင်းတို့ကတော့ ၂၀၁၉ခုနှစ်မှာ ပါဝင် နိုင်ခြင်းမရှိခဲ့ပါဘူး။ ကမ္ဘာ့ လုံခြုံစိတ်ချရဆုံး လေကြောင်းလိုင်းစာရင်းရဲ့ အောက်ဆုံးမှာ တည်ရှိနေတဲ့ လေကြောင်း လိုင်း (၁၀)ခုကတော့ Flybe, Frontier, HK Express, Jetblue, Jetstar Australia / Asia, Thomas Cook, Volaris, Vueling, Westjet and Wizz တို့ပဲဖြစ်ကြပါတယ်။

Source : CNN News

Leave a comment

Your email address will not be published. Required fields are marked *