၂၀၂၀ နွေဦးပိုင်းမှာ မြင်တွေ့ရတော့မယ့် Honda e ။

Honda e ဆိုတာက Honda Electric Car ပါ။ အင်ဂျင်လုံး၀မပါပဲ လျှပ်စစ်စွမ်းအင်သီးသန့်သုံးပြီး မောင်းနှင်ရတဲ့ ကားပဲ ဖြစ်ပါတယ်။ Honda က Battey နဲ့ အင်ဂျင်ကို ပေါင်းပြီးထုတ်လာပေမယ့် ၂၀၂၀ နွေဦးပိုင်းမှာတော့ Honda e ကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

 

Honda e ရဲ့ Battery က 35.5Kilowatt-hours ရှိပါတယ်။ Kilowatt-hour ဆိုတာကတော့ တစ်နာရီမှာ kilowatt ဘယ်လောက်သုံးနိုင်လဲဆိုတာ ပြောခြင်းဖြစ်ပါတယ်။ Honda e ရဲ့ ကား body က ကျစ်လစ်သိပ်သည်းပြီး Battery pack

Honda confirms world premiere of new electric vehicle prototype at 2019 Geneva Motor Show

ကို ကားအောက်ပိုင်းမှာ ထားတဲ့အတွက် ကားအကွေ့အစောင်းပြုခြင်းမှာ တည်ငြိမ်စေပါတယ်။ ကားရဲ့ ဘေးကနောက်ကြည့်မှန် နှစ်ဖက်နေရာမှာ ကင်မရာတွေ တပ်ဆင်ထားပြီး ကားအတွင်းပိုင်းက ​screen က တစ်ဆင့် ကားဘေးတစ်ဖက်တစ်ချက်စီကို ကြည့်လို့ရပါတယ်။ ဒီလိုကင်မရာတွေပါတာကြောင့် ညဘက် ကားမောင်းတဲ့အခါလည်း မျက်စိစူးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ လျှပ်စစ်ကားတွေကို အားသွင်းတဲ့နေရာမှာ charger နှစ်မျိုးရှိပါတယ်။ တစ်မျိုးက ပုံမှန် Type 2AC ဖြစ်ပြီး နောက်တစ်မျိုးက CCS2 DC charger ဖြစ်ပါတယ်။ CCS2 DC charger က fast charging ဖြစ်ပြီး အချိန်တိုအတွင်းမှာ battery အားပြည့်ပါတယ်။ Honda e က နှစ်မျိုးလုံးကို support လုပ်ပါတယ်။ ၁၀၀% အားသွင်းထားရင် ၁၂၅မိုင်ထိ သွားနိုင်ပါတယ်။

Honda e ကို ဝယ်ချင်တယ်ဆိုရင်တော့ အခုတည်းက honda e website မှာ ကြိုတင်မှာထားနိုင်ပါပြီ။ ရနိုင်မယ့် နိုင်ငံတွေက UK, Germany, France နဲ့ Norway တို့ပဲ ဖြစ်ပါတယ်။ ဥရောပနိုင်ငံက လျှပ်စစ်ကားအများဆုံး အသုံးပြုကြတဲ့နိုင်ငံတွေ ဖြစ်ပါတယ်။ ၂၀၂၅ အကုန်ပိုင်းမှာတော့ ဥရောပတစ်ခွင် လျှပ်စစ်ကားတွေ အားလုံးစီးနိုင်အောင် အစိုးရနဲ့ တာဝန်ရှိသူတွေက ပူးပေါင်းဆောင်ရွက် သွားမယ်လို့လည်းဆိုပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *