၂၀၂၂ မှာ Gay တွေအတွက် ဂိမ်းပြိုင်ပွဲ ကျင်းပပေးဖို့ အိမ်ရှင်အဖြစ် ဆောင်ရွက်မယ့် နိုင်ငံ ဟောင်ကောင်ဖြစ်လာ

ဒီနေ့မှာ သက်တံ့ရောင် အလံတွေဟာ ဟောင်ကောင်မြို့တစ်လွှားပျံ့နှံ့လို့လာခဲ့ပါပြီ။ ဟောင်ကောင်ဟာ ၂၀၂၂ မှာ ကျရောက်မယ့် ဂေး ဂိမ်းပြိုင်အတွက် အိမ်ရှင်အဖြစ်ကျင်းပပေးမယ့် အာရှက ပထမဆုံး သမိုင်းဝင် နိုင်ငံဖြစ်လာမှာပါ။ဟောင်ကောင်ဟာ ဝါရှင်တန် ဒီစီ နဲ့ မက်စီကို ဂွါဒါလာဂျရ နိုင်ငံတွေကို အနိုင်ရပြီး ၈ ကြိမ်မြောက် ဂိမ်းပြိုင်ပွဲအတွက်ကျင်းပခွင့်ရခဲ့တာပါ။

ဟောင်ကောင်ဟာ ၁၉၉၁ မှာ ဂေးတွေကို ရာဇဝတ်သား အဖြစ်ကနေ ဆက်ဆံကြတာကို ရပ်ဆိုင်းလိုက်ပြီး အခုလို အနိုင်ရမှု ဟာ ဂေးတွေ ကို လက်ထပ်ဖို့ ခွင့်ပြုထားခြင်းမရှိပေမယ့် ထင်ရှားတဲ့အောင်မြင်မှု တစ်ခုလို့ ဆိုရမှာပါ။

“ကျွန်တော်တို့ ဒီလို အခွင့်အရေးတွေ ရဖို့ အကြိတ်အနယ် တိုက်ခိုက်ခဲ့ရပြီး ဒီလို ဂိမ်းကို အာရှမှာ ကျင်းပခွင့် ရလို့ ကျွန်တော်တို့ကို စိတ်အားတက်ကြွစေတယ်လို့” လေလံ အရာရှိ ဒန်းနစ် ဖီလစ်ပီးလ်က ပြောပါတယ်။

ဒီ ဂိမ်းမှာ ပါဝင်နိုင်ဖို့ လူတော်တော်များက စိတ်အားထက်သန်နေကြပါတယ်။ ဒီပွဲကို ကျင်းပဖို့ အနိုင်ရအောင် စွမ်းဆောင်ခဲ့ကြတဲ့ လေလံ အဖွဲ့ က သူတို့နယ်တစ်ဝိုက်မှာ ဂေးဖြစ်လို့ အရှက်ရစရာ ကိစ္စတွေဖြစ်ခဲ့မှု ကို ရင်ဆိုင်နေကြရတဲ့ ဂေး တွေရဲ့ ကိစ္စကို ဒီဂိမ်းကျင်းပခြင်းကနေ တစ်ဖက်တစ်လမ်းက ကူညီမှု ပေးနိုင်မှာလည်း ဖြစ်ပါတယ်။

ဂေး ပြသနာ ဟာ ဟောင်ကောင်မှာ ဆက်လက်ဖြစ်ပွားနေပြီး မြို့တော်ရဲ့ဖွင့်ပွဲမှာ ဥပဒေပြုလွှတ်တော်အမတ်ဖြစ်တဲ့ ချန်ချီချွန်းက လူကြားသူကြားထဲမှာ စကားဖြင့် စော်ကားမှုကို ခံခဲ့ရပါတယ်။ လွန်ခဲ့တဲ့နှစ်က HSBC ဘဏ်က သူ့အဆောက်အအုံရှေ့မှာ သက်တံ့အရောင်နဲ့ ခင်္သြေ့နှစ်ကောင်ကို တည်ထားလိုက်ပြီး ဒီလိုထားလိုက်ခြင်းကြောင့် လူတွေကြားမှာ ငြင်းခုံစရာတွေရော ချီးကျူးစရာတွေ ရောဖြစ်ကုန်ပါတယ်။

အဖွဲ့တော်တော်များများက  သက်တံ့ရောင်ခင်္သြေ့ကို မထားဖို့ ဆန့်ကျင်တဲ့ ကမ်ပိန်း လုပ်ကြပြီး ထောင်ပေါင်းများစွာသော လူတွေက အဲ့ဒီ ခင်္သြေ့ရုပ်ထုကို ဖယ်ရှားပေးဖို့ အသနားခံစာ တင်ဖို့အတွက် လက်မှတ်ရေးထိုးကြပါတယ်။

ဂေး ဂိမ်းဟာ ကျား၊မ လိင်အင်္ဂါ အကုန်လုံးအတွက် ပွဲတော်ဖြစ်ပြီး ပြည်တွင်း စီးပွားရေးမှာ ဒေါ်လာ ၁၃၀ မီလီယံ နဲ့ လူ ၁ သောင်း ခွဲ လောက်ကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြပါတယ်။ ဒီဂိမ်းဟာ လိင်တူ ချစ်သူတွေကို ထောက်ခံတဲ့ ပွဲအဖြစ်နဲ့ သိထားကြပြီး လေးနှစ်တစ်ကြိမ် ကျင်းပလေ့ရှိကာ ဆန်ဖရန်စစ္စကို မှာ ၁၉၈၂ တုန်းက ပထမဦးဆုံးအနေနဲ့ ကျင်းပခဲ့ပါတယ်။

လာမယ့် နှစ် ၂၀၁၈ သြဂုတ်လမှာ ဂေးပွဲတော်ကို ပဲရစ်မှာ ကျင်းပမှာဖြစ်ပြီး ဂိမ်းအမျိုးအစား ၃၆ ခုပါဝင်မှာဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *