၂၀၃၀ မှာ တကယ်ပဲ စက်ရုပ်ကမ္ဘာကြီး ဖြစ်လာတော့မှာလား

ဇွန်လ ၂၆ရက် ဗုဒ္ဓဟူးနေ့တွင် Oxford တက္ကသိုလ်မှ စီးပွားရေးပညာရှင်များက လာမည့် ၂၀၂၃တွင် ကမ္ဘာ ပေါ်ရှိ စီးပွားရေးလုပ်ငန်း သန်း၂၀ကျော်ဟာ စက်ရုပ်များဖြင့်သာ အလုပ်လုပ်တော့မှာဖြစ်ကြောင်း ခန့်မှန်းပြောဆိုနေ ကြပါတယ်။ ယခုလက်ရှိမှာ ဂျပန်၊ တရုတ်နဲ့ အမေရိကန်တို့ဟာ စက်ရုပ်များကို ထုတ်လုပ်ကာ သူတို့ရဲ့ စီးပွားရေး လုပ်ငန်းတွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတာတွေ့ရပါတယ်။ဒါ့ကြောင့် နောက် ၁၁နှစ်မှာ တရုတ်နိုင်ငံ တစ်နိုင်ငံတည်းမှာပဲ စက်ရုပ်ပေါင်း ၁၄သန်းကျော်ကို အသုံးပြုလာနိုင်မယ်လို့ စီးပွားရေးဆိုင်ရာ သုတေသီများက ထုတ် ပြန်ကြေငြာလိုက်ပါတယ်။

ဒီလိုဆို ဘာအကျိုးတွေရနိုင်မလဲ

သုတေတီများရဲ့ပြောပြချက်အရ ယခုလိုမျိုး စက်ရုပ်တွေကို စီးပွားရေးလုပ်ငန်းတွေမှာ အသုံးပြုခြင်းအားဖြင့် ကမ္ဘာ့ GDP ဟာ တိုးတက်လာမှာဖြစ်ပါတယ်။ သူတို့ရဲ့ ခန့်မှန်းတွက်ချက်မှုအရ ယခုနှစ်အတွင်းမှာပဲ ၅.၃% ပိုမိုတိုးတက် လာ နိုင်တာဖြစ်ပြီး ၂၀၃၀မှာတော့ ၃၀% ကျော်အထိ ကမ္ဘာ့ GDP တိုးတက်လာမှာဖြစ်တယ်လို့ သိရှိရပါတယ်။ GDP တိုးတက်လာမှုကြောင့် လူနေမှုအဆင့်အတန်းတွေ မြင့်မားလာသလို၊ စက်ရုပ်များကိုအသုံးပြုခြင်းကြောင့် ပိုမို မြန်ဆန်ပြီး အရည်အသွေးပြည့်မှီတဲ့ ထုတ်ကုန်များကို ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။ ပညာရှင်များရဲ့ တွက်ချက်မှုအရ စာရင်း တွက်ချက်မှုအပိုင်းတွင် စက်ရုပ်တစ်ရုပ်ရဲ့ လုပ်နိုင်စွမ်းအားဟာ လူ(၅)ဦးရဲ့ လုပ်နိုင်စွမ်းအားထက် သာလွန်နေတာ ကို တွေ့ရှိရပါတယ်။ ဒါ့ကြောင့် စီးပွားရေးလုပ်ငန်းများအတွက် အချိန်ကုန်သက်သာစေပြီး ငွေအရင်းအနှီးနည်းသလို အရည်အသွေးပြည့်မီတဲ့ ထုတ်ကုန်များကို ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။

ဆိုးကျိုးတွေကဘာတွေဖြစ်နိုင်မလဲ

အခုလို စီးပွားရေးလုပ်ငန်းတွေမှာ စက်ရုပ်တွေကို အသုံးပြုလာမယ်ဆိုရင် အဓိကရင်ဆိုင်ရမယ့် ပြဿနာကတော့ လူ သားအရင်းအမြစ်တွေ ဆုံးရှုံးခြင်းပဲဖြစ်ပါတယ်။ အင်အားကြီးကုမ္ပဏီတွေအတွက် အကျိုးအမြတ်ဖြစ်ထွန်းလာပေမယ့် အင်အားငယ်ကုမ္ပဏီတွေအတွက်တော့ ကြီးမားတဲ့ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ခန့်မှန်းတွက်ချက်မှု အရ ၂၀၃၀မှာ အမေရိကန်ရှိလုပ်ငန်း(၁.၅)သန်းဆုံးရှုံးသွားနိုင်ပြီး၊ တရုတ်မှာတော့ (၁၁)သန်း ကျော်နဲ့ EU နိုင်ငံ တွေမှာတော့ (၂)သန်းလောက်ရှိတဲ့ လုပ်ငန်းတွေ ဆုံးရှုံးသွားနိုင်ကြောင်း သိရှိရပါတယ်။လုပ်ငန်းတွေ ဆုံးရှုံးတဲ့ အပြင် အင်အားကြီး ကုမ္ပဏီတွေမှာလည်း ဝန်ထမ်းတွေထက် စက်ရုပ်တွေကိုသာ အသုံးပြုလာကြမှာဖြစ်တဲ့အတွက် အ လုပ်လက်မဲ့ဦးရေဟာ များသထက်များလာပြီး လူသားအရင်းအမြစ်များဆုံးရှုံးရမှာဖြစ်ပါတယ်။

ဒါ့ကြောင့် ကျွမ်းကျင်သူများက စက်ရုပ်များကို လုပ်ငန်းတွေမှာအသုံးပြုမှုကြောင့် လူသားအရင်းအမြစ်များ မဆုံးရှုံးဖို့ အတွက် နည်းလမ်းရှာရတော့မှာဖြစ်ပြီး၊ စက်ရုပ်များသုံးစွဲခြင်းနဲ့ ပတ်သက်လို့ ထိရောက်တဲ့ ဥပဒေတွေကိုလည်း ပြဌာန်း ရတော့မှာ ဖြစ်ကြောင်းအသိပေးပြောကြားလိုက်ပါတယ်။

Source : NBC News

Leave a comment

Your email address will not be published. Required fields are marked *