၂၈ရက်နေ့မှာလွှတ်တင်ခဲ့တဲ့ ရရှား မိုးလေဝသ စောင့်ကြည့်ရေးဒုံကျည် အောင်မြင်ခဲ့ပုံမရပါဘူး

အင်္ဂါနေ့မနက်ပိုင်းမှာ စတင်လွှတ်တင်ခဲ့တဲ့ ရရှား မိုးလေဝသစောင့်ကြည့်ရေးဒုံးကျည် အသစ်ဟာ ကောင်းမယ့်ပုံတော့မပေါ်ပါဘူး။ ရိုကိုစမို ရှိ ရရှားအာကာသ အေဂျင်စီ က ထုတ်ပြန်ခဲ့တဲ့အချက်အရ ဝန်စည်အား ၁၈ခု တင်ဆောင်ထားတဲ့  ၂.၁ ဒုံးကျည်ဟာ ရာသီဥတု ဂြိုလ်တုတွေနဲ့ အဆက်အသွယ်ပြတ်တောက်ခဲ့ပြီး အာကာသအပြင်ဘက်မှာ ရှိတဲ့ အဓိက စခန်းနဲ့ ချိတ်ဆက်လို့မရခဲ့ပါဘူး။

ဂြိုလ်ပတ်လမ်းကြောင်း ကြားမှာ ရှိနေစဉ်အတွင်းမှာ  ဒုံးကျည်မှာ စတင်ပြသနာဖြစ်ပေါ်ခဲ့တယ်လို့ ရိုကိုစမို ကပြောပါတယ်။ “ ဂြိုလ်တုနဲ့ ပထမဆုံးစတင်ဆက်သွယ်ဖို့ အစီအစဉ်လုပ်ဆောင်နေစဉ်အတွင်း ပစ်မှတ်ထားတဲ့လမ်းကြောင်းနဲ့ ချိတ်ဆက်ဖို့ ပျက်ကွက်ခဲ့ပါတယ်လို့” ရိုကိုစမို၏ ဖော်ပြချက်မှာပြောပါတယ်။

လောလောဆယ်မှာတော့ အချက်အလက်တွေကို စစ်ဆေးနေပါတယ်။ ဒီစစ်ဆင်ရေး ကျရှုံးရတဲ့အကြောင်း အတိအကျကတော့ အခုအချိန်ထိ မရှင်းလင်းသေးပါဘူး။ ဒါပေမယ့် ရရှားသတင်းထောက် အန်တိုလီဇက်ကတော့ ဒုံးကျည်ထဲမှာ ထည့်ထားတဲ့ ပရိုဂရမ်မှားယွင်းမှုကို အပြစ်တင်ရမှာပဲဖြစ်ပါတယ်။ လူလုပ်တဲ့အမှားကတော့ ဒုံးကျည်ကို လမ်းကြောင်းအမှန်ပေါ် မလွှတ်တင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

ဒုံးကျည်မှာ ဒုတိယ ကုန်စည်အနေနဲ့ နောက်ထပ် အသေးစား ၁၈ မျိုးသော ဂြိုလ်တုတွေကို တင်ဆောင်သွားတာဖြစ်ပြီး အနည်းအကျဉ်းကတော့ အမေရိကန်က ပစ္စည်းတွေလည်း ပါဝင်ပါတယ် ။ ဆယ်ဆသေးငယ်တဲ့ ကမ္ဘာ့စောင့်ကြည့်ရေး ဂြိုလ်တုဖြစ်တဲ့ ဆန်ဖရန်စစ္စကို အခြေစိုက် လီမာ ၂ ဂြိုလ်တုလည်း စစ်ဆင်ရေးမှာ ပါဝင်ပါတယ်။ ၎င်းဂြိုလ်တုတွေဟာ ကုပ္ပဏီတွေ ပို့ဆောင်ရေးလွယ်ကူစေဖို့ ကူညီရာမှာ အသုံးဝင်စေဖို့ ပုံစံရေးဆွဲထားတာဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းက ရာသီဥတု အခြေအနေတွေကို စောင့်ကြည့်ဖို့ ဖြစ်ပါတယ်။

အာကာသ အပြင်မှာ ရှိတဲ့ ဂြိုလ်တု ဆွိုင်ဇ မှာ IDEA OSG တွေတင်ဆောင်ထားပြီး ၎င်းပုံစံငယ်ဟာ အာကာသပတ်လမ်းမှာရှိတဲ့ အမှိုက်တွေကို ရှင်းထုတ်နိုင်တယ်လို့ အာကာသ သတင်း အေဂျင်စီ ကပြောပါတယ်။

အမေရိကန်ဟာ မကြာသေးမီက သူ့ရဲ့ ကိုယ်ပိုင် မိုးလေဝသစောင့်ကြည့်ရေး ဂြိုလ်တုကို လွှတ်တင်လိုက်ပါတယ်။ ပူးတွဲ ပိုလာ ဂြိုလ်တု စနစ် နံပါတ် ၁ က မိုးလေဝသ စောင့်ကြည့်ရေးဂြိုလ်တုဖြစ်ပြီး မိုးလေဝတွေ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုတွေ၊ ရှာဖွေမှုတွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေကို ဂြိုလ်တုက အကူအညီနဲ့ လုပ်ဆောင်နေတာဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *