၄၈.၆ မီလီယံ တန်ကြေးရှိတဲ့ စာချုပ်သဘောတူညီမှုကို ရသွားတဲ့ Elon Musk ရဲ့ Boring Company

Elon Musk ရဲ့ Boring Company က မြေအောက်မှာ လှိုင်ခေါင်းတူးပြီး လူတွေရော ကားတွေပါ အချိန်တိုအတွင်းမှာ မြို့တစ်မြို့နဲ့ တစ်မြို့ကို ရောက်အောင်ပို့ပေးနိုင်တဲ့ မြေအောက်လှိုင်ခေါင်း project ကို မကြာသေးမီ လ အနည်းငယ်က မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ ဒီ project ကို Las Vegas မြို့ရဲ့ တာဝန်ရှိသူတွေက သဘောတူညီလိုက်ပြီး နှစ်ဖက်ကြားမှာ ကန်​ဒေါ်လာပေါင်း ၄၈.၆ သန်းတန် စာချုပ် သဘောတူညီမှုရသွားပြီဖြစ်ပါတယ်။

ဒီ Project မှာဆိုရင် ကားတွေအတွက် လှိုင်ခေါင်းနဲ့  လမ်းသွားလမ်းလာတွေ အတွက်ဆိုပြီး လှိုင်ခေါင်းနှစ်ခု ပါဝင်ပါတယ်။ လှိုင်ခေါင်းရဲ့ အရှည်ကတော့ Las Vegas Convention Center တစ်ဝိုက်ဖြစ်ပါတယ်။ လူတွေကို သယ်ဆောင်တဲ့ ရထားတွဲတွေကိုတော့ People Mover လို့ ခေါ်ကြပါတယ်။ ဒါ့အပြင် လူတွေ ဆင်းတက် လုပ်လို့ရအောင် ဘူတာအသေး နေရာတွေနဲ့ အရေးပေါ် ထွက်ပေါက်တွေ ပါဝင်ပါတယ်။ Projectရဲ့ သုံးပုံ နှစ်ပုံ ပိုက်ဆံကိုတော့ အားလုံးပြီးဆုံးမှ ပေးချေမှာ ဖြစ်ပြီး safety အချက်တွေနဲ့ မကိုက်ညီရင် မပေးနိုင်ကြောင်း စာချုပ်မှာ ပါဝင်ပါတယ်။ Project ရဲ့ အဓိကရည်ရွယ်ချက်ကတော့ လမ်းမှာ ကားကြပ်တဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်အောင် ဖြစ်ပါတယ်။ ဒီ Project ကိုတော့ ဇန်နဝါရီလ ၂၀၂၁ ခုနှစ်မှာ အပြီးသတ် အဆင်သင့်ဖြစ်မယ်လို့ Boring Company ရဲ့ CEO, Elon Musk က ပြောကြားခဲ့ပါတယ်။

ဒီ Project က Las Vegas အတွက်သာမဟုတ်ပဲ အခြားမြို့တွေဖြစ်တဲ့ Washington D.C နဲ့ Baltimore မြို့တွေလည်း ပါဝင်ပါတယ်။ ပထမဦးဆုံး ပြီးမယ့် Project ကတော့ Las Vegas က project ဖြစ်ပါလိမ့်မယ်။ Elon Musk ရဲ့ Tesla ကားcompanyက ကားအမျိုးအစားတွေဖြစ်တဲ့ Model Xs နဲ့ Model 3s လျှပ်စစ်ကားတွေကိုတော့ လှိုင်ခေါင်းမှာ လိုအပ်တဲ့ ကိရိယာတပ်ပြီး မောင်းနှင်နိုင်မှာ ဖြစ်ကြောင်း  ပြောကြားခဲ့ပါတယ်။

ဘယ်လိုဖြစ်ဖြစ် အနာဂတ်မှာတော့ လျှပ်စစ်ကားတွေက မြေအောက်မှာလည်း အင်ဂျင်ကားတွေထက်သာလွန်ပြီး အသုံးဝင်တယ်ဆိုတာ Elon Musk က သက်သေပြတော့မှာ ဖြစ်တယ်။

Leave a comment

Your email address will not be published.