ႏိုင္ငံေတာ္သမၼတရံုးစာမ်က္ႏွာမွ အစြန္းေရာက္ အၾကမ္းဖက္ ဘဂၤါလီမ်ားႏွင့္ ARSA အဖြဲ႕အစည္းအား အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ ထုတ္ျပန္ေၾကျငာ

ၾသဂုတ္လ ၂၅ ရက္ေန႕ မနက္ ၁ နာရီခန္႕တြင္ အစြန္းေရာက္ အၾကမ္းဖက္ ဘဂၤါလီမ်ားသည္ ေမာင္ေတာခရိုင္ရွိ ရဲကင္းႏွင့္ ရဲစခန္းမ်ားကို တစ္ခ်ိန္တည္းတြင္ ၀င္ေရာက္စီးနင္းတိုက္ခိုက္ခဲ့ျပီး ရဲတပ္ဖြဲ႕၀င္ ၁၀ ဦး၊ တပ္မေတာ္သား ၁ ဦး၊ လံုျခံဳေရးတပ္ဖြဲ႕၀င္ ၁၁ ဦး၊ လူ၀င္မႈၾကီးၾကပ္ေရး၀န္ထမ္း ၁ ဦး ႏွင့္ အျပစ္မဲ့ ျပည္သူအမ်ားအျပား ဒဏ္ရာရရွိခဲ့သည္။

အဆိုပါ အၾကမ္းဖက္မႈကို ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံအစိုးရ အေနျဖင့္ ျပင္းထန္စြာရႈပ္ခ်လိုက္ျပီး အၾကမ္းဖက္မႈတြင္ ပါ၀င္သူမ်ား၊ ေထာက္ပံ့သူမ်ား၊ စီစဥ္ေဆာင္ရြက္သူမ်ား၊ ပူးေပါင္းၾကံစဥ္သူမ်ားႏွင့္ အားေပးသူမ်ားကို ဥပေဒႏွင့္ အညီ အေရးယူေဆာင္ရြက္မည္ ျဖစ္ေၾကာင္း ေၾကျငာလိုက္သည္။

အၾကမ္းဖက္မႈတြင္ ပါ၀င္ေသာ အစြန္းေရာက္ အၾကမ္းဖက္ ဘဂၤါလီမ်ားႏွင့္ အၾကမ္းဖက္သမားမ်ားအတြက္ တာ၀န္ရွိေသာ Arakan Rohingya Salvation Army (ARSA) တို႕ကို အၾကမ္းဖက္ အုပ္စုျဖစ္ေၾကာင္း အၾကမ္းဖက္တိုက္ဖ်က္ေရး ဥပေဒ ပုဒ္မ (၆) ၊ ပုဒ္မခြဲ(င) ပါ လုပ္ပိုင္ခြင့္ကို က်င့္သံုး၍ ျပည္ေထာင္စုအစိုးရအဖြဲ႕၏ ထုတ္ျပန္ခ်က္ျဖင့္ ေၾကျငာလိုက္ေၾကာင္း သိရွိရသည္။

Unicode :နိုင်ငံတော်သမ္မတရုံးစာမျက်နှာမှ အစွန်းရောက် အကြမ်းဖက် ဘင်္ဂါလီများနှင့် ARSA အဖွဲ့အစည်းအား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ထုတ်ပြန်ကြေငြာ

rakhine-state

သြဂုတ်လ ၂၅ ရက်နေ့ မနက် ၁ နာရီခန့်တွင် အစွန်းရောက် အကြမ်းဖက် ဘင်္ဂါလီများသည် မောင်တောခရိုင်ရှိ ရဲကင်းနှင့် ရဲစခန်းများကို တစ်ချိန်တည်းတွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ တပ်မတော်သား ၁ ဦး၊ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ ဦး၊ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်း ၁ ဦး နှင့် အပြစ်မဲ့ ပြည်သူအများအပြား ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ အကြမ်းဖက်မှုကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရ အနေဖြင့် ပြင်းထန်စွာရှုပ်ချလိုက်ပြီး အကြမ်းဖက်မှုတွင် ပါဝင်သူများ၊ ထောက်ပံ့သူများ၊ စီစဉ်ဆောင်ရွက်သူများ၊ ပူးပေါင်းကြံစဉ်သူများနှင့် အားပေးသူများကို ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း ကြေငြာလိုက်သည်။

အကြမ်းဖက်မှုတွင် ပါဝင်သော အစွန်းရောက် အကြမ်းဖက် ဘင်္ဂါလီများနှင့် အကြမ်းဖက်သမားများအတွက် တာဝန်ရှိသော Arakan Rohingya Salvation Army (ARSA) တို့ကို အကြမ်းဖက် အုပ်စုဖြစ်ကြောင်း အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ (၆) ၊ ပုဒ်မခွဲ(င) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်ဖြင့် ကြေငြာလိုက်ကြောင်း သိရှိရသည်။

 

Leave a comment

Your email address will not be published. Required fields are marked *