ေျမာက္ကိုးရီးယားမွ ဂ်ပန္ႏိုင္ငံဘက္သို႕ ဒံုးက်ည္တစ္စင္း ပစ္လႊတ္

ယေန႕ နံနက္ ၆နာရီ၀န္းက်င္ခန္႕ေလာက္မွ ေျမာက္ကိုးရီးယားက ဂ်ပန္ႏိုင္ငံသို႕ ဒံုးက်ည္တစ္စင္းပစ္လႊတ္လိုက္ေၾကာင္း ဂ်ပန္ႏိုင္ငံမွ အတည္ျပဳထုတ္ျပန္လိုက္ပါတယ္။ ဒါေၾကာင့္ ျပည္သူေတြကို ခိုင္ခံ့တဲ့ အေဆာက္အဦးနဲ႕ ေျမေအာက္အေဆာက္အဦးေတြမွာ ယာယီတိမ္းေရွာင္ေနဖို႕ ခ်က္ခ်င္း အမိန္႕ထုတ္ျပန္လုိက္ပါတယ္။

ေျမာက္ကိုးရီးယားက ပစ္လႊတ္လုိက္တဲ့ ဒံုးက်ည္ဟာ ဂ်ပန္ပိုင္ ေရနက္ဆိပ္ကမ္းကို ျဖတ္ေက်ာ္ျပီး ေကာင္းကင္မွာဘဲ ပ်က္က်သြားတယ္လို႕ သိရပါတယ္။ ဂ်ပန္ႏုိင္ငံမွာ တပ္ဆင္ထားတဲ့ ဒံုးခြင္းစနစ္ေတြနဲ႕လည္း ျပန္လည္ ပစ္ခတ္ျခင္း ျပဳစရာ မလိုဘဲ သူ႕အလိုလို ပ်က္က်သြားတာ ျဖစ္ပါတယ္။

လက္ရွိမွာ ဒံုးက်ည္ပ်က္က်ထားတဲ့ အစအနကို မေတြ႕ရေသးပါဘူး။ အကယ္၍မ်ား တစ္ခုခုေတြ႕ရွိခဲ့ရင္ သက္ဆိုင္ရာအဖြဲ႕အစည္းေတြကို အသိေပးအေၾကာင္းၾကားဖို႕ ထုတ္ျပန္ထားပါတယ္။ ေျမာက္ကိုးရီးယားပစ္လႊတ္လိုက္တဲ့ ဒံုးက်ည္ဟာ ေကာင္းကင္မွာ ၁၅ မိနစ္ခန္႕ ပ်ံသန္းျပီး ပစိတ္ဖိတ္သမုဒၵရာထဲသို႕ ၃ပိုင္းကြဲျပီး ပ်က္က်သြားျခင္း ျဖစ္ပါတယ္။

ဂ်ပန္ႏုိင္ငံ၀န္ၾကီးခ်ဳပ္ ရွီဇိုအာေဘးဟာ အေရးေပၚအစည္းအေ၀းျပဳလုပ္ခဲ့ျပီး ေျမာက္ကိုးရီးယားကို ျပင္းထန္စြာ အေရးယူဖို႕ ထုတ္ျပန္ခဲ့ပါတယ္။ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ ႏွင့္ မိနစ္ ၄၀ ခန္႕ ဖုန္းေျပာခဲ့ျပီး အေမရိကန္မွ ဂ်ပန္ႏိုင္ငံ၏ ဆႏၵႏွင့္ ရာႏႈန္းျပည့္သေဘာတူ ေထာက္ခံေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။

ေျမာက္ကိုးရီးယားဘက္ကေတာ့ ဒံုးက်ည္ပစ္လႊတ္လိုက္တာကို သူတုို႕ရဲ႕ ႏိုင္ငံပိုင္သတင္းစာနဲ႕ ေရဒီယိုမွာ ထုတ္ျပန္ေၾကျငာထားျခင္း မရွိေၾကာင္း သိရပါတယ္။ ေတာင္ကိုးရီးယားမွလဲ ဒံုးက်ည္ကို ကာကြယ္ဖို႕ နံနက္ ၉ နာရီ ၄၅ မိနစ္မွာ အဆင္သင့္ျပင္ဆင္ထားေၾကာင္း သိရပါတယ္။

F-15K Fighter Jet အမ်ိဳးအစား တိုက္ေလယာဥ္ ၄ စင္းကို အဆင္သင့္အေနအထားနဲ႕ ေတာင္ကိုးရီးယားမွ ျပင္ဆင္ထားျပီး ျပည္သူေတြအေနနဲ႕ အစိုးရမွ သတင္းထုတ္ျပန္ခ်က္ေတြကို အဆင္သင့္ နားစြင့္ေနၾကဖို႕ သတိေပးထားပါတယ္။

ယခုတစ္ေခါက္ျဖစ္လႊတ္လိုက္တဲ့ ဒံုးက်ည္ဟာ ICBM ဒံုးက်ည္အမ်ိဳးအစားမဟုတ္ဘဲ မည္သည့္အမ်ိဳးအစား ျဖစ္မလဲဆိုတာကိုေတာ့ ခန္႕မွန္းေနဆဲ ျဖစ္ပါတယ္။ ဒါ့အျပင္ ၁၉၉၈ ခုႏွစ္ေနာက္ပိုင္း  ေျမာက္ကိုးရီးယားမွ ဂ်ပန္ႏိုင္ငံသို႕ ပထမဆံုး ပစ္လႊတ္လိုက္တဲ့ ဒံုးက်ည္ တစ္စင္းလဲ ျဖစ္ပါတယ္။

ေနာက္ထပ္ ထပ္မံထုတ္ျပန္မယ့္ သတင္းမ်ားကိုလည္း ဆန္းသစ္ျမန္မာမွ အခ်ိန္နဲ႕ တစ္ေျပးညီ တင္ျပေပးသြားမွာ ျဖစ္ပါတယ္။

Unicode : မြောက်ကိုးရီးယားမှ ဂျပန်နိုင်ငံဘက်သို့ ဒုံးကျည်တစ်စင်း ပစ်လွှတ်

nk-shoot-jpn

ယနေ့ နံနက် ၆နာရီဝန်းကျင်ခန့်လောက်မှ မြောက်ကိုးရီးယားက ဂျပန်နိုင်ငံသို့ ဒုံးကျည်တစ်စင်းပစ်လွှတ်လိုက်ကြောင်း ဂျပန်နိုင်ငံမှ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။ ဒါကြောင့် ပြည်သူတွေကို ခိုင်ခံ့တဲ့ အဆောက်အဦးနဲ့ မြေအောက်အဆောက်အဦးတွေမှာ ယာယီတိမ်းရှောင်နေဖို့ ချက်ချင်း အမိန့်ထုတ်ပြန်လိုက်ပါတယ်။

မြောက်ကိုးရီးယားက ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဟာ ဂျပန်ပိုင် ရေနက်ဆိပ်ကမ်းကို ဖြတ်ကျော်ပြီး ကောင်းကင်မှာဘဲ ပျက်ကျသွားတယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံမှာ တပ်ဆင်ထားတဲ့ ဒုံးခွင်းစနစ်တွေနဲ့လည်း ပြန်လည် ပစ်ခတ်ခြင်း ပြုစရာ မလိုဘဲ သူ့အလိုလို ပျက်ကျသွားတာ ဖြစ်ပါတယ်။

လက်ရှိမှာ ဒုံးကျည်ပျက်ကျထားတဲ့ အစအနကို မတွေ့ရသေးပါဘူး။ အကယ်၍များ တစ်ခုခုတွေ့ရှိခဲ့ရင် သက်ဆိုင်ရာအဖွဲ့အစည်းတွေကို အသိပေးအကြောင်းကြားဖို့ ထုတ်ပြန်ထားပါတယ်။ မြောက်ကိုးရီးယားပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဟာ ကောင်းကင်မှာ ၁၅ မိနစ်ခန့် ပျံသန်းပြီး ပစိတ်ဖိတ်သမုဒ္ဒရာထဲသို့ ၃ပိုင်းကွဲပြီး ပျက်ကျသွားခြင်း ဖြစ်ပါတယ်။

ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှီဇိုအာဘေးဟာ အရေးပေါ်အစည်းအဝေးပြုလုပ်ခဲ့ပြီး မြောက်ကိုးရီးယားကို ပြင်းထန်စွာ အရေးယူဖို့ ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နှင့် မိနစ် ၄၀ ခန့် ဖုန်းပြောခဲ့ပြီး အမေရိကန်မှ ဂျပန်နိုင်ငံ၏ ဆန္ဒနှင့် ရာနှုန်းပြည့်သဘောတူ ထောက်ခံကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

မြောက်ကိုးရီးယားဘက်ကတော့ ဒုံးကျည်ပစ်လွှတ်လိုက်တာကို သူတို့ရဲ့ နိုင်ငံပိုင်သတင်းစာနဲ့ ရေဒီယိုမှာ ထုတ်ပြန်ကြေငြာထားခြင်း မရှိကြောင်း သိရပါတယ်။ တောင်ကိုးရီးယားမှလဲ ဒုံးကျည်ကို ကာကွယ်ဖို့ နံနက် ၉ နာရီ ၄၅ မိနစ်မှာ အဆင်သင့်ပြင်ဆင်ထားကြောင်း သိရပါတယ်။

F-15K Fighter Jet အမျိုးအစား တိုက်လေယာဉ် ၄ စင်းကို အဆင်သင့်အနေအထားနဲ့ တောင်ကိုးရီးယားမှ ပြင်ဆင်ထားပြီး ပြည်သူတွေအနေနဲ့ အစိုးရမှ သတင်းထုတ်ပြန်ချက်တွေကို အဆင်သင့် နားစွင့်နေကြဖို့ သတိပေးထားပါတယ်။

ယခုတစ်ခေါက်ဖြစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဟာ ICBM ဒုံးကျည်အမျိုးအစားမဟုတ်ဘဲ မည်သည့်အမျိုးအစား ဖြစ်မလဲဆိုတာကိုတော့ ခန့်မှန်းနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ၁၉၉၈ ခုနှစ်နောက်ပိုင်း မြောက်ကိုးရီးယားမှ ဂျပန်နိုင်ငံသို့ ပထမဆုံး ပစ်လွှတ်လိုက်တဲ့ ဒုံးကျည် တစ်စင်းလဲ ဖြစ်ပါတယ်။

နောက်ထပ် ထပ်မံထုတ်ပြန်မယ့် သတင်းများကိုလည်း ဆန်းသစ်မြန်မာမှ အချိန်နဲ့ တစ်ပြေးညီ တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

Leave a comment

Your email address will not be published. Required fields are marked *