သူတပါးတို့အထင်အမြင်သေးခြင်းကို ခံရတတ်သူ(၅)မျိုး

လူဆိုတာ တစ်ဦးတစ်ယောက်တည်းနေထိုင်လို့မရပါဘူး။ လူမှုလောက အဖွဲ့အစည်းအတွင်းမှာ လူအချင်းချင်း ဆက်ဆံရင်း ကျင်လည်လုပ်ကိုင်ပြီးစီးပွားရှာ အသက်မွေးကြရပါတယ်။ ဒီလိုလူအချင်းချင်း ဆက်ဆံကြပြီ ဆိုကတည်းက တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှု၊ အပြန်အလှန် လေးစားမှုတွေနဲ့ ကူးလူးဆက်ဆံကြရပါတယ်။ ဒါကြောင့်လည်း အောင်မြင်သူတွေဟာ လူမှုဆက်ဆံရေးကို အထူး ဂရုပြုကြခြင်းဖြစ်ပါတယ်။

ဒီလိုလူအချင်းချင်း ဆက်ဆံကြရာမှာ တစ်ဦးရဲ့အပြုအမူ၊ အပြောအဆိုနဲ့ အကျင့်စရိုက်တွေကို သုံးသပ်ပြီး တစ်ဦးနဲ့တစ်ဦး ယုံကြည်မှု လေးစားမှုတွေကို တည်ဆောက်ကြရပါတယ်။ လူအများ မယုံကြည်ဘဲ အထင်အမြင်သေးခံရပြီဆိုရင်တော့ မိမိရဲ့ လူမှုရေး၊ ဓနဥစာရှာဖွေရေးတွေမှာ ကြီးစွာသော အနှောင့်အယှက်နဲ့ ကြုံရမှာမလွဲပါဘူး။ ဒါကြောင့် သူတပါးအထင်အမြင် သေးစေတဲ့ အပြုအမူတွေက ဘာတွေလဲဆိုတာကို သိထားပြီး ဒီအပြုအမူတွေကို ရှောင်ရှားနိုင်ဖို့လိုပါတယ်။ မိမိရဲ့အပြုအမူကြောင့် သူတပါး အထင်အမြင်သေးခြင်းကို ခံရတတ်တဲ့လူ(၅)မျိုးရှိပါတယ်။ အဲဒါတွေကတော့၊

(၁) ပစ္စည်းဥစ္စာ ပေးကမ်းပြီး လူဘုံအလယ်မှာ မိမိကိုယ်ကို ထည်ဝါစွာနဲ့ဂုဏ်ဖော်တတ်သူ

(၂) တရင်းတနှီးပေါင်းသင်းပြီးမှ အရည်အချင်းမရှိမှန်း အသိခံရသူ

(၃) သူတစ်ပါးစကားကို ယုံကြည်လွယ်သူ

(၄) ခုချစ်ခုမုန်း စသည်ဖြင့်အပြောင်းအလဲမြန်သူ

(၅) လျှပ်ပေါ်လော်လီ ပြီး ကိုယ်ပိုင်အတွေးအခေါ် အသိဉာဏ်ညံ့ဖျင်းသူ တို့ဖြစ်ပါတယ်။

Leave a comment

Your email address will not be published.