ဘယ်တော့မှ မချမ်းသာနိုင်တဲ့ လူ(၅)ယောက်

ငွေကြေးချမ်းသာကြွယ်ဝမှုဆိုတာ လောကလူသားတို့ ရှာဖွေနေတဲ့ အရာဖြစ်ပါတယ်။ ဘာကြောင့် ရှာဖွေနေကြရတာလဲ။ လောကလူသားတို့ရဲ့ ဘဝခရီးလမ်းမှာ ကြုံလာရတဲ့ အဆိုးအကောင်း လိုအင်ဟူသမျှကို ငွေကြေးက အတိုင်းအတာတစ်ခုအထိ ဖြေရှင်းပေးနိုင်တယ်လို့ လူတွေကယုံကြည်ကြလို့ပါပဲ။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနဲ့ လောကရဲ့ အရေးအရာ အတော်များများကို ငွေနဲ့ပဲဖြေရှင်းကြတာပါပဲ။

ဒါကြောင့် ငွေကြေးချမ်းသာကြွယ်ဝမှုဟာ လူတစ်ဦးတစ်ယောက်ကနေ နိုင်ငံတစ်ခုအထိအရေးပါပါတယ်။ ချမ်းသာကြွယ်ဝမှုနဲ့ ပတ်သက်ပြီး နိုင်ငံအသီးသီးမှာ လူအမျိုးအသီးသီးအတွက် အစဉ်အလာ အဆုံးအမတွေလည်း ရှိကြပါတယ်။ အစဉ်အလာ အဆုံးအမတွေကနေ ယနေ့ခေတ်ကာလအထိ အမျိုးမျိုးသော ခေတ်မီ အတွေးအခေါ်အယူအဆတွေနဲ့ လုပ်နည်းဆောင်တာတွေလည်း တိုးတက်များပြားလာနေပါတယ်။

ဘာကြောင့်လဲ။ လောကလူသားတွေက စဉ်ဆက်မပြတ် ရှာဖွေအားထုတ်နေကြတဲ့ အရာဖြစ်နေလို့ပါပဲ။ အခု ကျွန်တော်တို့နဲ့ အနီးစပ်ဆုံး အိန္ဒိယဒေသက ယူဆတဲ့ ချမ်းသာကြွယ်ဝမှုနဲ့ပတ်သက်ပြီး ရှောင်ရမယ့်အချက်တစ်ချို့ကို ဖေါ်ပြချင်ပါတယ်။ ဒီအချက်တွေကို မရှောင်ဘဲ လုပ်မယ်ဆိုရင် ဘယ်တော့မှ မချမ်းသာနိုင်ဘူးလို့လည်းဆိုပါတယ်။

ဒါကြောင့် ဘယ်တော့မှ မချမ်းသာနိုင်တဲ့လူ(၅)ယောက်လို့ပဲ အမည်ပေးလိုက်တာပါ။အဲဒီလူ(၅)ယောက်ကတော့၊

(၁) မူးယစ်ဆေးစွဲတဲ့သူ

(၂) မိဘတွေကိုလိမ်လည်လှည့်ဖျားသူ

(၃) လောဘကြီးသူ

(၄) မာန်မာနကြီးသူ

(၅) လခစားအလုပ်သမား တို့ဖြစ်ကြပါတယ်။

ဒီစာကိုဖတ်ပြီး ဒီအချက်တွေမှန်ကောမှန်ရဲ့လားလို့  အကဲဖြတ်ချင်စိတ် ဖြစ်လာရင်တော့ သင့်ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာကြည့်နိုင်ပါတယ်။ သင့်ပတ်ဝန်းကျင်မှာ အဖြေတစ်ချို့ကိုတွေ့နိုင်ပါတယ်။ တကယ်လို့ သင်တွေ့ရတဲ့အချက်တွေနဲ့ အထက်ကအချက်တွေကွဲလွဲနေပြီဆိုရင်တော့ သင်ဘာမှ စိတ်ကူးမလွဲပါနဲ့ ။

သင်နေထိုင်ရာနိုင်ငံဒေသရဲ့ အခြေအနေ အချိန်အခါပေါ်လည်း မူတည်ပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ်အထက်ကအချက်တွေထဲက အများစုကို သင်လိုက်နာနိုင်မယ်ဆိုရင် သင့်အတွက် အကျိုးရှိမယ်ဆိုတာကိုတော့ အာမခံပါတယ်။

Zawgyi font : ဘယ္ေတာ့မွ မခ်မ္းသာႏိုင္တဲ့ လူ(၅)ေယာက္

ေငြေၾကးခ်မ္းသာႂကြယ္ဝမႈဆိုတာ ေလာကလူသားတို႔ ရွာေဖြေနတဲ့ အရာျဖစ္ပါတယ္။ ဘာေၾကာင့္ ရွာေဖြေနၾကရတာလဲ။ ေလာကလူသားတို႔ရဲ႕ ဘဝခရီးလမ္းမွာ ႀကဳံလာရတဲ့ အဆိုးအေကာင္း လိုအင္ဟူသမွ်ကို ေငြေၾကးက အတိုင္းအတာတစ္ခုအထိ ေျဖရွင္းေပးႏိုင္တယ္လို႔ လူေတြကယုံၾကည္ၾကလို႔ပါပဲ။ ပညာေရး၊ က်န္းမာေရး၊ လူမႈေရးနဲ႔ ေလာကရဲ႕ အေရးအရာ အေတာ္မ်ားမ်ားကို ေငြနဲ႔ပဲေျဖရွင္းၾကတာပါပဲ။

poor-person

ဒါေၾကာင့္ ေငြေၾကးခ်မ္းသာႂကြယ္ဝမႈဟာ လူတစ္ဦးတစ္ေယာက္ကေန ႏိုင္ငံတစ္ခုအထိအေရးပါပါတယ္။ ခ်မ္းသာႂကြယ္ဝမႈနဲ႔ ပတ္သက္ၿပီး ႏိုင္ငံအသီးသီးမွာ လူအမ်ိဳးအသီးသီးအတြက္ အစဥ္အလာ အဆုံးအမေတြလည္း ရွိၾကပါတယ္။ အစဥ္အလာ အဆုံးအမေတြကေန ယေန႔ေခတ္ကာလအထိ အမ်ိဳးမ်ိဳးေသာ ေခတ္မီ အေတြးအေခၚအယူအဆေတြနဲ႔ လုပ္နည္းေဆာင္တာေတြလည္း တိုးတက္မ်ားျပားလာေနပါတယ္။

ဘာေၾကာင့္လဲ။ ေလာကလူသားေတြက စဥ္ဆက္မျပတ္ ရွာေဖြအားထုတ္ေနၾကတဲ့ အရာျဖစ္ေနလို႔ပါပဲ။ အခု ကြၽန္ေတာ္တို႔နဲ႔ အနီးစပ္ဆုံး အိႏၵိယေဒသက ယူဆတဲ့ ခ်မ္းသာႂကြယ္ဝမႈနဲ႔ပတ္သက္ၿပီး ေရွာင္ရမယ့္အခ်က္တစ္ခ်ိဳ႕ကို ေဖၚျပခ်င္ပါတယ္။ ဒီအခ်က္ေတြကို မေရွာင္ဘဲ လုပ္မယ္ဆိုရင္ ဘယ္ေတာ့မွ မခ်မ္းသာႏိုင္ဘူးလို႔လည္းဆိုပါတယ္။

ဒါေၾကာင့္ ဘယ္ေတာ့မွ မခ်မ္းသာႏိုင္တဲ့လူ(၅)ေယာက္လို႔ပဲ အမည္ေပးလိုက္တာပါ။အဲဒီလူ(၅)ေယာက္ကေတာ့၊

(၁) မူးယစ္ေဆးစြဲတဲ့သူ

(၂) မိဘေတြကိုလိမ္လည္လွည့္ဖ်ားသူ

(၃) ေလာဘႀကီးသူ

(၄) မာန္မာနႀကီးသူ

(၅) လခစားအလုပ္သမား တို႔ျဖစ္ၾကပါတယ္။

ဒီစာကိုဖတ္ၿပီး ဒီအခ်က္ေတြမွန္ေကာမွန္ရဲ႕လားလို႔  အကဲျဖတ္ခ်င္စိတ္ ျဖစ္လာရင္ေတာ့ သင့္ပတ္ဝန္းက်င္ကို စူးစမ္းေလ့လာၾကည့္ႏိုင္ပါတယ္။ သင့္ပတ္ဝန္းက်င္မွာ အေျဖတစ္ခ်ိဳ႕ကိုေတြ႕ႏိုင္ပါတယ္။ တကယ္လို႔ သင္ေတြ႕ရတဲ့အခ်က္ေတြနဲ႔ အထက္ကအခ်က္ေတြကြဲလြဲေနၿပီဆိုရင္ေတာ့ သင္ဘာမွ စိတ္ကူးမလြဲပါနဲ႔ ။

သင္ေနထိုင္ရာႏိုင္ငံေဒသရဲ႕ အေျခအေန အခ်ိန္အခါေပၚလည္း မူတည္ပါလိမ့္မယ္။ ဘာပဲျဖစ္ျဖစ္အထက္ကအခ်က္ေတြထဲက အမ်ားစုကို သင္လိုက္နာႏိုင္မယ္ဆိုရင္ သင့္အတြက္ အက်ိဳးရွိမယ္ဆိုတာကိုေတာ့ အာမခံပါတယ္။

Leave a comment

Your email address will not be published. Required fields are marked *