ကျောက်တုံး၊ စက္ကူ၊ ကပ်ကြေး ဂိမ်းမှာနိုင်အောင် ဘယ်လိုကစားမလဲ

ဂိမ်းကစားနည်းတွေ များစွာထဲမှ ဒီ ကျောက်တုံး၊ စက္ကူ၊ ကပ်ကြေး ဂိမ်းက ဆော့ကစားရလွယ်ပြီး လူတိုင်းနီးပါး ဆော့ကစားဖူးကြမှာပါ။ အသက်(၅၀)အရွယ်ပင် ဆော့ကစားသည်ကို မြင်ဖူးပါတယ်။ ဒါပေမယ့် ကစားရာမှာ နိုင်ဖို့အတွက် နည်းလမ်းရှိပါတယ်။ ဒါက စိတ်ပိုင်းဆိုင်ရာကို လေ့လာပြီးမှ တွေ့ရှိချက်ပဲဖြစ်ပါတယ်။

၁။ ဒီဂိမ်းကိုဆော့ပြီးဆိုရင် များသောအားဖြင့် လူအများက ကျောက်တုံးကိုပဲရွေးချယ်လေ့ရှိပါတယ်။ ဒါဟာ ခွန်အားကြီးတယ်။ အားပြည့်တယ်ဆိုတဲ့ သဘောကို အစပိုင်းမှာ ဖော်ဆောင်ခြင်းပဲဖြစ်ပါတယ်။ ဒါကိုအသုံးချပြီး သင့်အနေဖြင့် စက္ကူကို ရွေးချယ်လိုက်ပါ။ ဒါဟာ ခွန်အားကြီးတယ်။ အားပြည့်တယ်ဆိုတဲ့ လူတွေနဲ့ ဆော့ကစားရာမှာ ပိုအသုံးဝင်ပါတယ်။

၂။ ဒီဂိမ်းကို ဝါရင့်တဲ့လူတွေနဲ့ ဆော့မယ့်ဆိုရင် အရင်ဆုံး ကပ်ကြေးကို သုံးသင့်ပါတယ်။ သင့်အတွက် မနိုင်နိုင်သော်လည်း အန္တရာယ်ကင်းစေမည့် လှည့်ကွက်တစ်ခုပဲဖြစ်ပါတယ်။

အားလုံးပဲ အနိုင်ရကြပါစေနော်။

Leave a comment

Your email address will not be published. Required fields are marked *