


sky



sky-map


Source: Mashable

Unicode : သြဂုတ်လ ၂၁ရက်မှာ နေအပြည့်ကြတ်မယ့် မြင်ကွင်းကို ရှင်းလင်းစွာမြင်နိုင်မည့် နေရာအား NASA မှ ထုတ်ပြန်

solar-eclipse-clouds

NASA ကနေအပြည့်ကြတ်မယ့် နေ့အတွက် ကောင်းကင်မှာတိမ်တွေ ရှင်းရှင်းလင်းလင်းဖြစ်ပေါ်မယ့် နေရာတွေကို မြေပုံနဲ့တစ်ကွ ထုတ်ပြန် လိုက်ပါတယ်။

ဒီလိုနေအပြည့်ကြပ်တာကို နောက်ထပ် ၂၃၁၆ ခုနှစ်အထိတိုင်အောင် နောက်တစ်ဖန်တွေ့ရတော့မှာမဟုတ်ပါဘူး။ ဒါကြောင့် ဒါကို ကြည့်ဖို့အတွက် နေရာကောင်းကောင်းလိုပါတယ်။ လာမယ့် ၂၁ ရက်နေ့မှာ ဒီနေကြပ်တဲ့ဖြစ်စဉ်ဟာ US မှာ အထူးသီးသန့်နေရာအဖြစ်နဲ့ မြင်တွေ့ရမှာပါ။ NASA ရဲ့ကောင်းမှုကြောင့် ကောင်းကင်မှာတိမ်တွေမကွယ်ပဲ ရှင်းရှင်းလင်းလင်း ဖြစ်ပေါ်မယ့်နေရာတွေကို ကြိုတင်ကြည့်လို့ရပါတယ်။

sky

နက်ပြာရောင်နဲ့ဖော်ပြထားတဲ့ နေရာတွေက တော့ တိမ်ကင်းစင်တဲ့နေရာတွေဖြစ်ပြီး အဖြူရောင်နဲ့ပြထားတဲ့နေရာတွေက တော့ တိမ်တွေကွယ်နေမယ့်နေရာတွေပဲဖြစ်ပါတယ်။ ဒီမြေပုံကို ရုပ်ထွက်အသင့်သင့် ရှိတဲ့ အရောင်တွေခွဲခြမ်းလို့ရတဲ့ ဂြိုလ်တုနဲ့ ရိုက်ယူထားတာဖြစ်ပြီး အဲ့တာတွေကတော့ NASA ရဲ့ Terra နဲ့ Aqua တို့ပဲဖြစ်ပါတယ်။ ဒီမြေပုံက သြဂုတ် ၂၁ ရဲ့ ၂၀၀၀ ခုနှစ်နဲ့ ၂၀၁၆ ကအချက်အလက် တွေကိုစုဆောင်းပြီးထုတ်ပြန်ထားတာဖြစ်ပါတယ်။

NASA က အဲ့ဒါနဲ့ပတ်သက်ပြီး တော့လည်း မြေပုံကိုဖန်တီးထားပါတယ်။ အကြီးဆုံးစက်ဝိုင်းကတော့ နေအပြည့်ကြပ်မယ့်နေရာတွေကို မြင်တွေ့ရမယ့်နေရာတွေဖြစ်ပြီး အမှောင်ဆုံးအရောင်နဲ့ဖော်ပြထားတဲ့ နေရာတွေကတော့ တိမ်တွေကင်းစင်မယ့်နေရာတွေပဲဖြစ်ပါတယ်။

sky-map

နေအပြည့်ကြပ်တာကို ကြည့်ဖို့အကောင်းဆုံးနေရာတွေကတော့ Salem, Oregon, Idaho Falls, Idaho, Casper နဲ့ Wyoming တွေပဲဖြစ်ပါတယ်။ ဒီနေရာတွေအကုန်လုံးကတော့ အမေရိကန်မှာရှိတဲ့နေရာတွေပဲဖြစ်ပါတယ်။ အာရှ နဲ့ပတ်သက်ပြီး မြေပုံထုတ်ပြန်ထားတာတော့မရှိပါဘူး။

Source: Mashable

 

Leave a comment

Your email address will not be published. Required fields are marked *