






Source: Mashable

Unicode : ပေါင်မုန့်ကို Emoji ဒီဇိုင်းဖော်လိုသူတွေအတွက် Emoji ပုံစံခွက်ပါတဲ့ အိုး

emoji-pot

တစ်ကယ်လို့ သင်က ပေါင်မုန့်ကို emoji ပုံစံနဲ့ ပုံဖော်တတ်သူတစ်ယောက်မဟုတ်ဘူးဆိုရင်၊ ဒါမှမဟုတ် ဘယ်လိုလုပ်ရတာလဲဆိုတာကို မသိဘူးဆိုရင် emoji ပုံပါပြီးသား ဒယ်အိုးက ကူညီပေးပါလိမ့်မယ်။

အကယ်လို့သင်သာ ဒါကို သုံးမယ်ဆိုရင်တော့ သင့်သူငယ်ချင်းတွေကိုလည်း အထင်ကြီးအောင်လုပ်နိုင်ပါလိမ့်မယ်။

သင်က သင့်ရဲ့ ခံစားချက်တွေကို သူငယ်ချင်းတွေနဲ့ စကားပြောတဲ့အခါ emoji ကိုပဲတစ်နေကုန် သုံးလေ့ရှိတော့ သင့်ရဲ့ မနက်စာကို လည်း ဘာဖြစ်လို့ ပျော်စရာကောင်းတဲ့ပုံစံနဲ့ သင့်ခံစားချက်တွေကို ဖော်ပြလို့မရရမှာလဲ။

ဒီအတွက် emoji တံဆိပ်ထွင်းထုပြီးသား အဝိုင်းပုံစံနဲ့ ရုပ်ပြောင် ခုနှစ်ခုပါတဲ့ ဒယ်အိုးကို ငွေရောင်နဲ့ဖန်တီးထုတ်လုပ်ထားပါတယ်။

Amazon မှဒီအယ်အိုးကို ဝယ်ယူထားသူတစ်ယောက်ဖြစ်တဲ့ Rogar က သူ့ရဲ့ ခံစားချက်ကို ဖွင့်ဟထားပါတယ်။ “သင်တို့ဘာစဉ်းစားနေလဲဆိုတာ ကျွန်တော်သိပါတယ်။” သင်တို့စဉ်းစားလိမ့်မယ်။ “ကျွန်တော်ဒီ ငွေရောင်ဒေါ်လာပေါင်မုန့်တွေနဲ့ဘာများလုပ်မလဲပေါ့”။ အဲ့တော့ကျွန်တော်ဘာလုပ်ရမလဲဆိုတာကို သင်တို့ကို ပြောပြပါမယ်။ ဒီဒယ်အိုးနဲ့ ပုံစံတူတဲ့ပေါင်မုန့် အများကြီးလုပ်လို့ရပါတယ်။ ပြီးသွားရင်ကြားမှာ ကြက်ဥသုပ်လိုက်မယ်။ ပြီးရင် နောက်ထပ်တစ်ဖန် ဒယ်အိုးကိုသုံးပြီးတော့ ထပ်လုပ်မယ်။ ပြီးရင်ကြော်ပြီးသားကြက်ဥကို ကြားမှာညှပ်၊ ဝက်ပေါင်ခြောက်နဲ့ ချိစ် တွေပါထည့်လိုက်မယ်ဆိုရင်တော့ ပြီးပြည့်စုံတဲ့ လက်လုပ်အသားညှပ်ပေါင်မုန့်ကို emoji ပုံစံနဲ့ ရမှာနော်။

ဒီဒယ်အိုးကို ဝယ်ချင်တယ်ဆိုရင်တော့ Mashable မှာ ဒေါ်လာ ၂၄.၉၉ ဒေါ်လာနဲ့ ရနိုင်ပြီး ဒီဈေးနှုန်းက အရမ်းကိုတန်တယ်လို့ ဆိုရမှာပါ။ Amazon မှာ လည်း ဝယ်ယူနိုင်ပါတယ်။

Source: Mashable

 

Leave a comment

Your email address will not be published. Required fields are marked *