Oxford တကၠသိုလ္ကို A-Level ျဖင့္ တက္ေရာက္ခြင့္ရသြားတဲ့ လူအခြင့္အေရးလႈပ္ရွားသူ ျငိမ္းခ်မ္းေရး ႏိုဘယ္ဆုရွင္ မာလာလာ

လူ႔အခြင့္အေရးႀကိဳးပမ္းလႈပ္ရွားသူတစ္ေယာက္ျဖစ္တဲ့ မာလာလာ ဟာ Oxford တကၠသိုလ္မွာ တက္ခြင့္ရဖို႔ A-level ရတဲ့အတြက္ အရမ္းကို စိတ္လႈပ္ရွားေနတယ္လို႔ေျပာပါတယ္။

ၿငိမ္းခ်မ္းေရး ႏိုဘယ္ဆုရွင္ တစ္ေယာက္ျဖစ္တဲ့ မာလာလာက သူ႔ Twitter မွာ “ဒီႏွစ္က အခက္ခဲဆံုးႏွစ္” ျဖစ္တယ္လို႔ တင္ထားၿပီး သူ တက္မယ့္ ဘာသာသာရပ္ျဖစ္တဲ့ စိ္တ္ပညာ၊ ႏိုင္ငံေရး နဲ႔ စီးပြားေရး ေတြကုိ သင္ၾကားမယ္လို႔အတည္ျပဳခ်က္ရရွိထားတာ ကိုတင္ထားပါတယ္။

ဒီႏွစ္အေစာပိုင္းမွာ သူက Grade A သံုးခု ရတဲ့ ကမ္းလွမ္းခ်က္ကို ရရွိထားၿပီး ဘယ္အဖြဲ႔အစည္းဆိုတာကို ေတာ့ မတင္ထားပါဘူး။

အဲ့တာကို လက္ခံရရွိတဲ့ေန႔မွာပဲ သူ႔ရဲ႕ ေအာင္ျမင္မႈအတြက္ သူေရးတင္ထားက “Oxford မွာ စာ သင္ၾကားရမွာျဖစ္လို႔ အရမ္းကိုစိတ္လႈပ္ရွားေနပါတယ္။ A-level ရတဲ့သူေတြအကုန္လံုး အလုပ္ေကာင္းေကာင္းလုပ္ခဲ့ၾကပါတယ္။ အခက္ခဲဆံုးႏွစ္တစ္ႏွစ္ပါ။ ေရွ႕ဆက္သြားမယ့္ ခရီးအတြက္ အေကာင္းဆံုးဆႏၵျပဳပါတယ္” လို႔ ေရးထားပါတယ္။

သူမအေဖျဖစ္တဲ့ Ziauddin Yousafzai က Twitter မွာ “ကၽြန္ေတာ့ႏွလံုးသားက ေက်းဇူးတရားေတြနဲ႔ျပည့္ႏွက္ေနပါတယ္။ ကၽြန္ေတာ္ ဘုရားနဲ႔ သမီးေလးကို ျမင့္မားတဲ့ပညာေရး သင္ၾကားဖို႔ ေထာက္ပံ့တဲ့ သူေတြအားလံုးကို ေက်းဇူးတင္ပါတယ္လို႔” ေရးထားပါတယ္။

မာလာလာက Oxford မွာ စိတ္ပညာ၊ ႏို္င္ငံေရး၊ စီးပြားေရး သင္ၾကားခဲ့ၾကတဲ့ ကမၻာ့ေခါင္းေဆာင္ေတြ ရဲ႕ ေျခရာေတြကို အမွီလိုက္ပါလိမ့္မယ္။ သူမရဲ႕ ေလးစားအားက်ရတဲ့ သူေတြထဲမွာ ပါကစ္စတန္ေခါင္းေဆာင္ Banazir Bhutto နဲ႔ ျမန္မာႏိုင္ငံက ဒီမုိကေရစီအေရးႀကိဳးပမ္းသူ ေဒၚေအာင္ဆန္းစုၾကည္တို႔ ျဖစ္ပါတယ္။ ဒီေအာင္ျမင္ေက်ာ္ၾကားတဲ့ သူႏွစ္ေယာက္က Oxford ေက်ာင္းသူ၊ ေက်ာင္းသားေဟာင္းေတြျဖစ္ၾကပါတယ္။

အသက္ ႏွစ္ဆယ္သာရွိေသးတဲ့ ပါကစ္စတန္ အေရွ႕ေျမာက္က ၾကယ္ပြင့္ဟာဆိုရင္ျဖင့္  ပညာသင္ၾကားေရးကို ပိတ္ပင္ခံထားရတဲ့ မိန္းကေလးေတြထဲမွာ တစ္ေယာက္အပါအ၀င္ျဖစ္ပါတယ္။ သူမဟာဆုိရင္ျဖင့္ အမ်ိဳးသမီးေတြကို ပညာေရးသင္ၾကားခြင့္ရရွိဖို႔ လႈ႔ံေဆာ္တဲ့ စာကို ေရးသားခဲတာေၾကာင့္ ျပည္တြင္းမွာ ရွိတဲ့ စစ္ေသြးၾကြေတြက မေက်နပ္ လို႔ ေသနတ္နဲ႔ ပစ္ခတ္ရာမွာ မေသပဲ အသက္ရွင္ခဲ့တဲ့တစ္ေယာက္ျဖစ္ပါတယ္။

လြန္ခဲ့ႏွႏွစ္က သူမက A ေျခာက္ခုနဲ႔ A ၄ ခုကို သူ GCSEs တက္ေရာက္ ခ်ိန္မွာရရွိခဲ့ပါတယ္။ တစ္ျခားေက်ာင္းသားေတြလည္း  A-level မရခင္မွာ နာမည္ႀကီးခဲ့တာေတြရွိပါတယ္။ သူတို႔ေတြကေတာ့ Lily Cole နဲ႔ Emma Watson တို႔ျဖစ္ပါတယ္။

Waston ဟာဆိုရင္ Grade A ေတြသာရရွိခဲ့ၿပီး US က Brown University မွာပညာသင္ခြင့္ရရိွိခဲ့ပါတယ္။ Cole ဆိုရင္လည္း Grade A ေတြသာရရွိခဲ့ၿပီး အခ်ိန္က ေမာ္ဒယ္နဲ႔ အသက္ေမြး၀မ္းေၾကာင္းလုပ္ေနခ်ိန္ျဖစ္ၿပီး ေနာက္ဆံုးမွာေတာ့ Cambridge University မွာပညာဆက္လက္သင္ၾကားခဲ့ပါတယ္။

Source: Sky News

Unicode : Oxford တက္ကသိုလ်ကို A-Level ဖြင့် တက်ရောက်ခွင့်ရသွားတဲ့ လူအခွင့်အရေးလှုပ်ရှားသူ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် မာလာလာ

malala

လူ့အခွင့်အရေးကြိုးပမ်းလှုပ်ရှားသူတစ်ယောက်ဖြစ်တဲ့ မာလာလာ ဟာ Oxford တက္ကသိုလ်မှာ တက်ခွင့်ရဖို့ A-level ရတဲ့အတွက် အရမ်းကို စိတ်လှုပ်ရှားနေတယ်လို့ပြောပါတယ်။

ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် တစ်ယောက်ဖြစ်တဲ့ မာလာလာက သူ့ Twitter မှာ “ဒီနှစ်က အခက်ခဲဆုံးနှစ်” ဖြစ်တယ်လို့ တင်ထားပြီး သူ တက်မယ့် ဘာသာသာရပ်ဖြစ်တဲ့ စိတ်ပညာ၊ နိုင်ငံရေး နဲ့ စီးပွားရေး တွေကို သင်ကြားမယ်လို့အတည်ပြုချက်ရရှိထားတာ ကိုတင်ထားပါတယ်။

ဒီနှစ်အစောပိုင်းမှာ သူက Grade A သုံးခု ရတဲ့ ကမ်းလှမ်းချက်ကို ရရှိထားပြီး ဘယ်အဖွဲ့အစည်းဆိုတာကို တော့ မတင်ထားပါဘူး။

အဲ့တာကို လက်ခံရရှိတဲ့နေ့မှာပဲ သူ့ရဲ့ အောင်မြင်မှုအတွက် သူရေးတင်ထားက “Oxford မှာ စာ သင်ကြားရမှာဖြစ်လို့ အရမ်းကိုစိတ်လှုပ်ရှားနေပါတယ်။ A-level ရတဲ့သူတွေအကုန်လုံး အလုပ်ကောင်းကောင်းလုပ်ခဲ့ကြပါတယ်။ အခက်ခဲဆုံးနှစ်တစ်နှစ်ပါ။ ရှေ့ဆက်သွားမယ့် ခရီးအတွက် အကောင်းဆုံးဆန္ဒပြုပါတယ်” လို့ ရေးထားပါတယ်။

သူမအဖေဖြစ်တဲ့ Ziauddin Yousafzai က Twitter မှာ “ကျွန်တော့နှလုံးသားက ကျေးဇူးတရားတွေနဲ့ပြည့်နှက်နေပါတယ်။ ကျွန်တော် ဘုရားနဲ့ သမီးလေးကို မြင့်မားတဲ့ပညာရေး သင်ကြားဖို့ ထောက်ပံ့တဲ့ သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်လို့” ရေးထားပါတယ်။

မာလာလာက Oxford မှာ စိတ်ပညာ၊ နိုင်ငံရေး၊ စီးပွားရေး သင်ကြားခဲ့ကြတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ ရဲ့ ခြေရာတွေကို အမှီလိုက်ပါလိမ့်မယ်။ သူမရဲ့ လေးစားအားကျရတဲ့ သူတွေထဲမှာ ပါကစ်စတန်ခေါင်းဆောင် Banazir Bhutto နဲ့ မြန်မာနိုင်ငံက ဒီမိုကရေစီအရေးကြိုးပမ်းသူ ဒေါ်အောင်ဆန်းစုကြည်တို့ ဖြစ်ပါတယ်။ ဒီအောင်မြင်ကျော်ကြားတဲ့ သူနှစ်ယောက်က Oxford ကျောင်းသူ၊ ကျောင်းသားဟောင်းတွေဖြစ်ကြပါတယ်။

အသက် နှစ်ဆယ်သာရှိသေးတဲ့ ပါကစ်စတန် အရှေ့မြောက်က ကြယ်ပွင့်ဟာဆိုရင်ဖြင့် ပညာသင်ကြားရေးကို ပိတ်ပင်ခံထားရတဲ့ မိန်းကလေးတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ သူမဟာဆိုရင်ဖြင့် အမျိုးသမီးတွေကို ပညာရေးသင်ကြားခွင့်ရရှိဖို့ လှုံ့ဆော်တဲ့ စာကို ရေးသားခဲတာကြောင့် ပြည်တွင်းမှာ ရှိတဲ့ စစ်သွေးကြွတွေက မကျေနပ် လို့ သေနတ်နဲ့ ပစ်ခတ်ရာမှာ မသေပဲ အသက်ရှင်ခဲ့တဲ့တစ်ယောက်ဖြစ်ပါတယ်။

လွန်ခဲ့နှနှစ်က သူမက A ခြောက်ခုနဲ့ A ၄ ခုကို သူ GCSEs တက်ရောက် ချိန်မှာရရှိခဲ့ပါတယ်။ တစ်ခြားကျောင်းသားတွေလည်း A-level မရခင်မှာ နာမည်ကြီးခဲ့တာတွေရှိပါတယ်။ သူတို့တွေကတော့ Lily Cole နဲ့ Emma Watson တို့ဖြစ်ပါတယ်။

Waston ဟာဆိုရင် Grade A တွေသာရရှိခဲ့ပြီး US က Brown University မှာပညာသင်ခွင့်ရရှိခဲ့ပါတယ်။ Cole ဆိုရင်လည်း Grade A တွေသာရရှိခဲ့ပြီး အချိန်က မော်ဒယ်နဲ့ အသက်မွေးဝမ်းကြောင်းလုပ်နေချိန်ဖြစ်ပြီး နောက်ဆုံးမှာတော့ Cambridge University မှာပညာဆက်လက်သင်ကြားခဲ့ပါတယ်။

Source: Sky News

 

Leave a comment

Your email address will not be published. Required fields are marked *