ကားေမာင္းရင္း ဖုန္းအသံုးျပဳမႈေၾကာင့္ တြင္းနက္ထဲသို႕ ကားေမွာက္က်

ေကာင္ေလးတစ္ေယာက္ဟာ သူ႔ဖုန္းနဲ႔ အလုပ္ရႈပ္ေနတာေၾကာင့္ ေရတိုက္စားထားတဲ့ တြင္းနက္ႀကီးထဲကို ျပဳတ္က် ခဲ့တဲ့ျဖစ္ရပ္ျဖစ္ေပၚခဲ့ပါတယ္။

ဒီျဖစ္ရပ္ဟာ ကၽြန္ေတာ္တို႔ အားလံုးအတြက္ သင္ခန္းစာ ယူစရာတစ္ခု ျဖစ္ပါတယ္။ လူတစ္ေယာက္ဟာ တရုတ္ျပည္က Guangxi ျပည္နယ္ မွာရွိတဲ့ ေရတိုက္စားထားတဲ့ ေျမာင္းအထဲကို ကားေမာင္းေနရင္း ျပဳတ္က်သြားပါတယ္။ သူ႔ေရွ႕မွာ ရွိတဲ့ တြင္းကို မျမင္ဘဲနဲ႔ ေမာင္းလိုက္တာ ရုတ္တရက္ ျပဳတ္က်သြားခဲ့တာျဖစ္ပါတယ္။ သူ႔လက္ကို ေျမွာက္ထားၿပီးေတာ့ ဖုန္းကို ၾကည့္ေနတယ္။ အေရွ႕မွာ ရွိေနတဲ့ ျမင္ကြင္းကို သူေျမာင္းထဲျပဳတ္ က်သြားတဲ့ အခိ်န္အထိ သတိမထားမိခဲ့ပါဘူး။

သူေျမာင္းထဲျပဳတ္က် ထားထာကို ပံုမွာ ၾကည့္ႏိုင္ပါတယ္။ တရုတ္ သတင္းတစ္ပုဒ္ အရ အဲ့ဒီ ျပဳတ္က်သြားတဲ့သူက ဘာထိခိုက္ဒဏ္ရာမွ ရရွိမႈ မရွိပဲ တြင္းထဲကေန ျပန္တက္ဖို႔ ရုန္းကန္ခဲ့ပါတယ္။ အဲ့ဒီ တြင္းက ၂ မီတာ ( ၆ ေပ ) ေလာက္ရွိၿပီး၊ ၈ မီတာ ( ၂၆ ေပ ) ရွည္ကာ၊ ၅ မီတာ ( ၁၆ ေပ ) က်ယ္ပါတယ္။

အဲ့ဒီတြင္းႀကီး ျဖစ္ေပၚလာရတဲ့ အေၾကာင္းအရင္းက တရုတ္ျပည္ရဲ႕ ေက်းလက္ကေန ၿမိဳ႕ျပတိုးခ်ဲ႕ မႈအစီအစဥ္ေၾကာင့္ ေျမေအာက္ ကေျမဆီလႊာေတြ ေရြ႕လ်ားၿပီး ကတၱရာေတြ အက္ကြဲကုန္တာျဖစ္ပါတယ္။

အာဏာပိုင္ေတြက ဒီတြင္း ႀကီး ဘာေၾကာင့္ျဖစ္ေပၚလာရတယ္ဆိုတဲ့ အေၾကာင္းျပခ်က္ ကိုရွာေဖြ ေနတုန္းပါပဲ။
ဒါေပမယ့္ Webio ၀က္ဆိုဒ္ အသံုးျပဳသူေတြက ယာဥ္ေမာင္းသူအေပၚ သက္ညွာမႈ နည္းနည္းေလးေတာင္ မထားႏိုင္ဘူးလို႔ေျပာၾကပါတယ္။

“သူက ကားေမာင္းေနရင္းဖုန္းသံုးေနတာကိုး။ စိတ္မေကာင္းစြာနဲ႔ ပဲ သူ႔ကို လံုး၀မသနား ႏိုင္ပါဘူးလို႔” အသံုးျပဳသူတစ္ေယာက္ကေျပာပါတယ္။

“အကယ္လုိ႔ သင္က လမ္းေဘး ပလက္ေဖာင္းက ေန ဖုန္းကို အသံုးျပဳရင္း လမ္းေလွ်ာက္သြားတယ္ဆိုရင္ ေတာင္ ဒီလိုျဖစ္ရပ္အတြက္ လက္ခံႏိုင္စရာရွိပါတယ္။ အခုဟာကနည္းနည္းေတာ့မ်ားပါတယ္။ အရမ္းကို အႏၱရာယ္မ်ားတယ္လို႔” ေနာက္တစ္ေယာက္က ထပ္ေျပာပါတယ္။

“ ဘယ္လိုေတြေတာင္ စဥ္းစားၿပီး ဒီလိုဖုန္းသံုး ၿပီးကားေမာင္းရတာလဲကြာလို႔” တစ္ေယာက္က ေမးထားပါတယ္။

ေသခ်ာတာတစ္ခုကေတာ့ သူေနျပန္ေကာင္းလာၿပီး ေနာက္တစ္ခါ ကားျပန္ ေမာင္းတဲ့ အခါက်ရင္ ဒီလို ကိစၥမ်ိဳး ေနာက္မလုပ္ေတာ့ ဘူးဆိုတာ ေသခ်ာပါတယ္။

Source: Mashable

Unicode : ကားမောင်းရင်း ဖုန်းအသုံးပြုမှုကြောင့် တွင်းနက်ထဲသို့ ကားမှောက်ကျ

sinkhole

ကောင်လေးတစ်ယောက်ဟာ သူ့ဖုန်းနဲ့ အလုပ်ရှုပ်နေတာကြောင့် ရေတိုက်စားထားတဲ့ တွင်းနက်ကြီးထဲကို ပြုတ်ကျ ခဲ့တဲ့ဖြစ်ရပ်ဖြစ်ပေါ်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ ကျွန်တော်တို့ အားလုံးအတွက် သင်ခန်းစာ ယူစရာတစ်ခု ဖြစ်ပါတယ်။ လူတစ်ယောက်ဟာ တရုတ်ပြည်က Guangxi ပြည်နယ် မှာရှိတဲ့ ရေတိုက်စားထားတဲ့ မြောင်းအထဲကို ကားမောင်းနေရင်း ပြုတ်ကျသွားပါတယ်။ သူ့ရှေ့မှာ ရှိတဲ့ တွင်းကို မမြင်ဘဲနဲ့ မောင်းလိုက်တာ ရုတ်တရက် ပြုတ်ကျသွားခဲ့တာဖြစ်ပါတယ်။ သူ့လက်ကို မြှောက်ထားပြီးတော့ ဖုန်းကို ကြည့်နေတယ်။ အရှေ့မှာ ရှိနေတဲ့ မြင်ကွင်းကို သူမြောင်းထဲပြုတ် ကျသွားတဲ့ အချိန်အထိ သတိမထားမိခဲ့ပါဘူး။

သူမြောင်းထဲပြုတ်ကျ ထားထာကို ပုံမှာ ကြည့်နိုင်ပါတယ်။ တရုတ် သတင်းတစ်ပုဒ် အရ အဲ့ဒီ ပြုတ်ကျသွားတဲ့သူက ဘာထိခိုက်ဒဏ်ရာမှ ရရှိမှု မရှိပဲ တွင်းထဲကနေ ပြန်တက်ဖို့ ရုန်းကန်ခဲ့ပါတယ်။ အဲ့ဒီ တွင်းက ၂ မီတာ ( ၆ ပေ ) လောက်ရှိပြီး၊ ၈ မီတာ ( ၂၆ ပေ ) ရှည်ကာ၊ ၅ မီတာ ( ၁၆ ပေ ) ကျယ်ပါတယ်။

အဲ့ဒီတွင်းကြီး ဖြစ်ပေါ်လာရတဲ့ အကြောင်းအရင်းက တရုတ်ပြည်ရဲ့ ကျေးလက်ကနေ မြို့ပြတိုးချဲ့ မှုအစီအစဉ်ကြောင့် မြေအောက် ကမြေဆီလွှာတွေ ရွေ့လျားပြီး ကတ္တရာတွေ အက်ကွဲကုန်တာဖြစ်ပါတယ်။

အာဏာပိုင်တွေက ဒီတွင်း ကြီး ဘာကြောင့်ဖြစ်ပေါ်လာရတယ်ဆိုတဲ့ အကြောင်းပြချက် ကိုရှာဖွေ နေတုန်းပါပဲ။
ဒါပေမယ့် Webio ဝက်ဆိုဒ် အသုံးပြုသူတွေက ယာဉ်မောင်းသူအပေါ် သက်ညှာမှု နည်းနည်းလေးတောင် မထားနိုင်ဘူးလို့ပြောကြပါတယ်။

“သူက ကားမောင်းနေရင်းဖုန်းသုံးနေတာကိုး။ စိတ်မကောင်းစွာနဲ့ ပဲ သူ့ကို လုံးဝမသနား နိုင်ပါဘူးလို့” အသုံးပြုသူတစ်ယောက်ကပြောပါတယ်။

“အကယ်လို့ သင်က လမ်းဘေး ပလက်ဖောင်းက နေ ဖုန်းကို အသုံးပြုရင်း လမ်းလျှောက်သွားတယ်ဆိုရင် တောင် ဒီလိုဖြစ်ရပ်အတွက် လက်ခံနိုင်စရာရှိပါတယ်။ အခုဟာကနည်းနည်းတော့များပါတယ်။ အရမ်းကို အန္တရာယ်များတယ်လို့” နောက်တစ်ယောက်က ထပ်ပြောပါတယ်။

“ ဘယ်လိုတွေတောင် စဉ်းစားပြီး ဒီလိုဖုန်းသုံး ပြီးကားမောင်းရတာလဲကွာလို့” တစ်ယောက်က မေးထားပါတယ်။

သေချာတာတစ်ခုကတော့ သူနေပြန်ကောင်းလာပြီး နောက်တစ်ခါ ကားပြန် မောင်းတဲ့ အခါကျရင် ဒီလို ကိစ္စမျိုး နောက်မလုပ်တော့ ဘူးဆိုတာ သေချာပါတယ်။

Source: Mashable

Leave a comment

Your email address will not be published.