ကောင်းတဲ့ပညာရေးနဲ့ ညံ့တဲ့ပညာရေးတို့ရဲ့ ကွာခြားချက် (၈)ချက်

ပညာခေတ်လို့ခေါ်တဲ့ ၂၁ ရာစုမှာ ပညာရေးရဲ့ အခန်းကဏ္ဍက အတော့်ကို အရေးပါလာတာ တွေ့ကြ ရပါ လိမ့်မယ်။ လူတစ်ဦးတစ်ယောက်ကနေ အဖွဲ့အစည်းတစ်ခု၊ လူမျိုးတစ်မျိုးအထိ လိုရာခရီးပြီးမြောက်ဖို့ ပညာက အခရာဖြစ်နေတာကြောင့် ပညာကို အလုအယက်ရှာဖွေ သင်ယူနေကြရပါတယ်။ ဘဝတစ်သက်တာ အတွက် ဒီလိုအရေးပါလှတဲ့ ပညာရေးကို ရွေးချယ်တဲ့အခါ ကောင်းမွန်မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်စေဖို့ ကောင်းမွန်တဲ့ ပညာရေးနဲ့ ညံ့ဖျင်းတဲ့ပညာရေးတို့ရဲ့ ကွာဟချက်ကို ခွဲခြားသိနိုင်အောင်တင်ပြလိုက်ရပါတယ်။

(၁) ကောင်းမွန်တဲ့ပညာရေးက ဘယ်လိုသင်ယူရမယ်ဆိုတဲ့ နည်းလမ်းကို သင်ပေးပြီး ညံ့တဲ့ပညာရေးကတော့ သင်ယူရမယ့် အကြောင်းအရာတွေကိုပဲ သင်ပေးတယ်။

(၂) ကောင်းတဲ့ပညာရေးက လူအချင်းချင်း၊ လူမှုပတ်ဝန်းကျင်မှာ အဆင်ပြေအောင် ပြောဆိုဆက်ဆံနိုင်ရေးနဲ့ အရေးအဖတ် အတွက်အချက်နှစ်မျိုးစလုံးကို သင်ကြားပေးပါတယ်။ ညံ့တဲ့ပညာရေးကတော့ သင်ပေးရ လွယ်ကူတဲ့ အရေးအဖတ် အတွက်အချက်တွေလောက်ကိုသာ အဓိကထားပါတယ်။

(၃) ကောင်းတဲ့ပညာရေးက သင်ယူလေ့လာမှုကို သဘောကျနှစ်သက်စေပြီး ညံ့တဲ့ပညာရေးကတော့ သင်ယူ လေ့လာမှုကို မုန်းတီးစေတယ်။

(၄) ကောင်းတဲ့ပညာရေးက ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ဖို့ အားပေးပေမယ့် ညံ့တဲ့ပညာရေးကတော့ ကျောင်း စာတွေအပေါ် စွမ်းဆောင်မှုကိုပဲ အဓိကထားတယ်။

(၅) ကောင်းတဲ့ပညာရေးက ကိုယ်ပိုင်ဆုံးဖြတ်ချက် ချတတ်အောင် လုပ်ပေးတယ်။ ညံ့တဲ့ပညာရေးကတော့ ရေးဆွဲထားတဲ့ အစီအမံအတိုင်း လိုက်လုပ်ဖို့ကို တွန်းအားပေးတယ်။

(၆) ကောင်းတဲ့ပညာရေးက အများနဲ့မတူတဲ့ ခွဲထွက်စဉ်းစားတတ်မှုကို တိုးတက်အောင် လုပ်ပေးတယ်။ ညံ့တဲ့ ပညာရေးကတော့ စိန်ခေါ်ပြီး လုပ်တာမျိုးကို တားမြစ်ပါတယ်။

(၇) ကောင်းတဲ့ပညာရေးက ကိုယ်ပိုင်အယူအဆကို ပုံဖေါ်ဖို့အားပေးပြီး ညံ့တဲ့ပညာရေးကတော့ ရှိပြီးသားစံပြ အဖြေတွေနဲ့ ယူဆချက်တွေကိုပဲ ခွင့်ပြုတယ်။

(၈) ကောင်းတဲ့ပညာရေးက တစ်ဦးချင်းစီရဲ့ မွေးရာပါဗီဇထူးချွန်မှုတွေကို ရှာဖွေဖေါ်ထုတ်ဖို့ကူညီပေးတယ်။ ညံ့တဲ့ပညာရေးကတော့ ကိုယ့်ကိုယ်ကို တန်ဖိုးမဲ့တဲ့ခံစားမှုကိုဖြစ်စေတယ်။

အထက်မှာတင်ပြခဲ့တဲ့ ကွာခြားချက်တွေကို ဖတ်ရှူပြီးရင် ပညာရေးကောင်းဖို့ ဘယ်လောက်ထိ အရေးကြီးတယ်ဆိုတာ ပြောစရာတောင်လိုမယ်မထင်ပါဘူး။ ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင် အနာ ဂတ်နိုင်ငံကောင်းဖို့ ကောင်းသောပညာရေးကို ရွေးချယ်ခွင့်ရကြပါစေ၊ ရွေးချယ်နိုင်ကြပါစေလို့ ဆုတောင်း ပေးလိုက်ချင်ပါရဲ့။

Leave a comment

Your email address will not be published. Required fields are marked *