၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး တစ်ခွေလုံးရေးစပ်ထားတဲ့ ကွီးတို့သင်္ကြန်

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုမြအေး ရေးစပ်ထားသော ကွီးတို့သင်္ကြန် စီးရီးကို ဖေဖော်ဝါရီ ၇ ရက်နေ့တွင် စတင်ဖြန့်ချီခဲ့သည်။ သီချင်း ၁၀ပုဒ်ပါဝင်ပြီး သီချင်းအားလုံးကို ကိုမြအေး တစ်ယောက်ထဲ ရေးစပ်ထားခြင်း ဖြစ်သည်။ ဇော်ပိုင်၊ Rဇာနည်၊ ဖိုးကာ၊ အောင်ထက်၊ ဆူးနစ်၊ မေစပယ်ညို၊ အိမ့်ချစ်၊ အိုင်းရင်းဇင်မာမြင့်၊ ဆိုင်စံ နှင့် ဇင်ဝါမိုး တို့က တစ်ပုဒ်စီ သီဆိုထားပြီး MTV ကို ဒါရိုက်တာ မင်းထင်ကိုကိုကြီးနှင့် ဒါရိုက်တာလူငယ်များ ပါဝင်ရိုက်ကူးထားသည်။

ကိုမြအေး၏ သီချင်း ၁၀ ပုဒ်အနက် ၂ပုဒ်မှာ ထောင်ထဲတွင် ရေးစပ်ထားခြင်းဖြစ်ပြီး ကျန် ၈ ပုဒ်ကိုမူ အပြင်တွင် ရေးစပ်ထားခြင်း ဖြစ်သည်။ အဆိုပါ ကွီးတို့သင်္ကြန်စီးရီးထုတ်ရန်အတွက် အချိန် ၈ လခန့်ယူခဲ့ရပြီး Facebook တွင် Trend ဖြစ်နေသည့် ကွီး ဆိုသော စကားလုံးအား ယူသုံးထားခြင်း ဖြစ်သည်။

Leave a comment

Your email address will not be published. Required fields are marked *