၃နှစ်တာကာလအတွင်း ထိုင်းနိုင်ငံရဲ့ အင်္ဂလိပ်စာတတ်ကျွမ်းမှုအဆင့် ကျဆင်း

အင်္ဂလိပ်ဘာသာစကားဟာ နိုင်ငံတကာသုံး ဘာသာစကားတစ်ခုဖြစ်တာကြောင့် နိုင်ငံတစ်နိုင်ငံရဲ့ ပြည်သူတွေ အင်္ဂလိပ်ဘာသာစကားတတ်ကျွမ်းမှုဟာ တိုင်းပြည်ရဲ့ စီးပွားရေးဖွံံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေတာ က တော့ အမှန်ပါပဲ။ နိုင်ငံပေါင်း ၁၀၀ ရဲ့ အင်္ဂလိပ်ဘာသာစကားတတ်ကျွမ်းမှုကို စူးစမ်းလေ့လာပြီး အဆင့်သတ်မှတ်ချက်တွေ ထုတ် ပြန်တဲ့ EPI ရဲ့ အဆင့်သတ်မှတ်ချက်တွေအရ ၂၀၁၉မှာ ထိုင်းနိုင်ငံဟာ ရမှတ် ၄၇.၆၂ နဲ့ နိုင်ငံ ပေါင်း၁၀၀ မှာ ၇၄ အဆင့်ရှိတဲ့ နိုင်ငံတစ်နိုင်ငံ၊အင်္ဂလိပ်စာတတ်ကျွမ်းမှုအဆင့် အလွန်နိမ့်တဲ့နိုင်ငံ အဖြစ်သတ်မှတ် ခံခဲ့ရ တယ်လို့ ဘန်ကောက်ပို့စ် သတင်းတစ်ပုဒ်အရသိရပါတယ်။ ထိုင်းနိုင်ငံရဲ့ အင်္ဂလိပ်စာတတ်ကျွမ်းမှုအဆင့်ဟာ ၂၀၁၇ ခုနှစ်မှာ ရမှတ် ၄၉.၇နဲ့ နိုင်ငံပေါင်း၈၈ နိုင်ငံမှာ အဆင့်၅၃ ရှိခဲ့ပြီး ၂၀၁၈ခုနှစ်မှာတော့ ရမှတ် ၄၈.၅၄နဲ့နိုင်ငံပေါင်း ၈၈နိုင်ငံမှာ အဆင့်… Continue reading ၃နှစ်တာကာလအတွင်း ထိုင်းနိုင်ငံရဲ့ အင်္ဂလိပ်စာတတ်ကျွမ်းမှုအဆင့် ကျဆင်း

အင်္ဂလန် Blenheim နန်းတော်ထဲမှ ရွှေနဲ့လုပ်ထားတဲ့ ဗိုလ်ထိုင်အိမ်သာကို ခိုးယူမှုဖြစ်ပွား

စက်တင်ဘာလ (၁၄)ရက် စနေနေ့တွင် အင်္ဂလန်နိုင်ငံ Oxfordshire မှာရှိသော Blenheim နန်းတော်အထဲ၌ ဖောက်ထွင်းမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ ထိုဖောက်ထွင်းမှုကြောင့် ရွှေ 18 ကာရက်နဲ့ ဖြစ်လုပ်ထားသော ရွှေသားအတိ ဗိုလ်ထိုင်အိမ်သာတစ်လုံး ခိုးခံလိုက်ရတယ်လို့ Thames Valley ရဲများ၏ပြောပြချက်အရ သိရပါတယ်။ ၎င်း ဗိုလ်ထိုင်အိမ်သာဟာ အီတလီအနုပညာသမား Maurizio Cattelan ပြုလုပ်ထားတာဖြစ်ပြီး စက်တင်ဘာလ (၁၂)ရက်နေ့ကမှ Blenheim နန်းတော်ထဲတွင် စတင်ပြသခဲ့တာဖြစ်ပါတယ်။ သို့သော် စက်တင်ဘာလ (၁၄)ရက် ဗြိတိ သျှ စံတော်ချိန် 04:50  မှာတော့ ဖောက်ထွင်းခံလိုက်ရတာဖြစ်ပါတယ်။ ထိုဖောက်ထွင်းမှုကို လူဆိုးဂိုဏ်း တစ်ခုက ပြုလုပ်ခဲ့တာဖြစ်ပြီး တရားခံများကိုတော့ ဖမ်းဆီးလို့မရသေးပေမယ့် သံသယရှိတဲ့ အသက် (၆၆)နှစ်အရွယ် အမျိုး သား တစ်ဦးကိုတော့ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။… Continue reading အင်္ဂလန် Blenheim နန်းတော်ထဲမှ ရွှေနဲ့လုပ်ထားတဲ့ ဗိုလ်ထိုင်အိမ်သာကို ခိုးယူမှုဖြစ်ပွား

အမေရိကန်က နယူကလီးယားစာချုပ် INF ကို ဖျက်လိုက်ပြီ

၁၉၈၇ ခုနှစ်တုန်းက ရုရှားနဲ့ အမေရိကန်တို့ ချုပ်ဆိုခဲ့သော တာလတ်နဲ့ တာတိုပစ် နယူကလီးယားနှင့် နယူကလီး ယား မဟုတ်သော ဒုံးကျည်များ ဖျက်ဆီးရေးစာချုပ် (INF) ကို ရုရှားဖက်ကစတင်ချိုးဖောက်ခဲ့တဲ့အတွက် အမေရိကန် ကလည်း ဩဂုတ်လ (၂)ရက်နေ့မှာ စာချုပ်ကိုတရားဝင် ရပ်စဲလိုက်ပြီဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ခဲ့ ပါ တယ်။ ထိုထုတ်ပြန်ချက်နဲ့အတူ ဩဂုတ်လ၁၈ရက် တနင်္ဂနွေနေ့တွင် အမေရိကန်ရေတပ်က Los Angeles ရှိ San Nicolas ကျွန်း၌ INF စာချုပ်တွင် တားမြစ်ထားတဲ့ တာတိုပစ် ပဲ့ထိန်းဒုံးကျည်ကို စမ်းသပ်ပြစ်လွှတ်ခဲ့ပါတယ်။ အမေရိကန် ရေ တပ်ရဲ့ ထုတ်ပြန်ချက်အရ ၎င်းဒုံးကျည်ဟာ နယူကလီးယားဒုံးကျည်မဟုတ်ပဲ သာမန်ဒုံးကျည်တစ်ခုသာဖြစ်ပြီး 500km (310 miles) ကျော်ဖြတ်သန်းပြီးမှ ပစ်မှတ်ကိုထိခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။… Continue reading အမေရိကန်က နယူကလီးယားစာချုပ် INF ကို ဖျက်လိုက်ပြီ

အပူလှိုင်းဖြတ်မှုကြောင့် Alaska တွင် ဆော်လမွန်ငါး အမြောက်အမြား သေဆုံး

အမေရိကန်ပြည်ထောင်စုAlaska တွင် ယခုနှစ် နွေရာသီမှာ အပူလှိုင်းဖြတ်သွာတဲ့အတွက်ကြောင့် ပင်လယ်ရေရဲ့ အပူချိန်ဟာ မြင့်တက်လာကာ ဆလမွန်ငါးတွေ အမြောက်အများ သေဆုံးခြင်းကိုဖြစ်ပွားစေခဲ့ပါတယ်။ ထိုသို့သေဆုံးသွားခဲ့ သော ဆလမွန်ငါးများကို စစ်ဆေးခဲ့တဲ့ သိပ္ပံပညာရှင်များအဖွဲ့ရဲ့ ပြောပြချက်အရ သေဆုံးသွားတဲ့ ငါးတွေဟာ အနည်း ဆုံး အကောင် ၈၅၀ခန့် ရှိတယ်လို့သိရပြီး sockeye၊ chum နှင့် pink salmon အမျိုးအစားတွေဖြစ်ကြ ကြောင်း သိ ရှိရပါတယ်။ Yukon ငါးများထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ဒါရိုက်တာ Stephanie Quinn-Davidsonက ပြီးခဲ့တဲ့ ဇူလိုင်လ အကုန်လောက်မှာ သူ့ရဲ့ သိပ္ပံပညာရှင်တစ်ဖွဲ့ကို ခေါ်ဆောင်ကာ Alaska ရဲ့ Koyokuk မြစ်ကမ်းတစ်လျှောက်မှာ သေဆုံးနေတဲ့ ဆလမွန်ငါးများကို သွားရောက်စစ်ဆေးခဲ့ပါတယ်။ ပထမဦးဆုံးသူတို့ရဲ့ ထင်မြင်ချက်ကတော့ ကူးစက် ရော… Continue reading အပူလှိုင်းဖြတ်မှုကြောင့် Alaska တွင် ဆော်လမွန်ငါး အမြောက်အမြား သေဆုံး

မသန်စွမ်းသူတွေကို လူကောင်းတစ်ယောက်လို ကူညီပေးနိုင်မယ့် Elon Musk ရဲ့ Neuralink

သိပ္ပံရုပ်ရှင်တော်တော်များများမှာ စက်ရုပ်တွေ ကမ္ဘာကြီးကို အုပ်စိုးတာမျိုး၊ လူတွေက စက်ရုပ်လို စွမ်းဆောင်နိုင်အောင် လုပ်လာတာမျိုးတွေကို ရုပ်ရှင်တော်တော်များများမှာ တွေ့ဖူးကြပါလိမ့်မယ်။ လူရဲ့ ကျောရိုး (spinal cord) ကို ခွဲစိတ်မှုအသေးစားလုပ်ပြီး chipset လေးထည့်လိုက်တာနဲ့ စက်ရုပ်တွေလို စွမ်းဆောင်နိုင်တဲ့ လူသားတွေကို ရုပ်ရှင်မှာ လူတိုင်းတွေ့ဖူးကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ရက်ခန့်က​ Elon Musk က ဒီလိုလုပ်နိုင်တဲ့ chipset ကို မိတ်ဆက်ခဲ့ပါတယ်။ ဒီသတင်းက​ လူတော်တော်များများကို အံ့အားသင့်သွားစေပါတယ်။ တစ်ကယ်တမ်းဒီလို ဖြစ်လာပြီလားဆိုတဲ့ မေးခွန်းတော်တော်များများက မီဒီယာတွေမှာ ပျံ့နှံ့နေပါတယ်။ ဒီ chipset ထုတ်တဲ့ company နာမည်က Neuralink ဖြစ်ပြီး Elon Musk ရဲ့ company အသစ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒီ company… Continue reading မသန်စွမ်းသူတွေကို လူကောင်းတစ်ယောက်လို ကူညီပေးနိုင်မယ့် Elon Musk ရဲ့ Neuralink

တစ်လကို ဒေါ်လာ ၁၂၀၀ ကျမယ့်​ ကျောတစ်ခင်းစာ အိပ်ရာ။

ဒီနေ့ခေတ်မြို့ကြီးတော်တော်များများမှာ အိမ်ငှားခနဲ့ နေထိုင်စရိတ်က များစွာကုန်ကျပါတယ်။ Apartment တစ်ခု (သို့) တိုက်ခန်းတစ်ခန်းငှားစရိတ်က တစ်လကို ပျမ်းမျှ ဒေါ်လာ ၃၀၀၀ ရှိပါတယ်။ စင်ကာပူ၊ ဟောင်ကောင်နဲ့ အမေရိကန်နိုင်ငံက မြို့ကြီးတော်တော်များများရဲ့ တိုက်ခန်းငှားရမ်းခ စျေးနှုန်းက ပျမ်းမျှ တစ်လကို ဒေါ်လာ ၃၀၀၀ နီးပါးရှိပါတယ်။ ငှားရမ်းခအပြင် အသုံးစရိတ်တွေဖြစ်တဲ့ မီတာခွန်နဲ့ ရေခွန်တွေကလည်း အသုံးပြုများတဲ့အပေါ်မူတည်ပြီး ပေးရတာကြောင့် သာမန်ဝန်ထမ်းတွေနဲ့ ကျောင်းသားတွေအတွက်က များစွာ အခက်တွေ့ပါတယ်။ ဒီအခက်အခဲတွေကိုကြည့်ပြီး ငှားရမ်းခစရိတ်သက်သာအောင်နေနိုင်မယ့် PodShare ပေါ်လာပါတယ်။ PodShare ဆိုတာက​ အဆောင်သဘောဖြစ်ပြီး အခြားအခန်းဖော်တွေနဲ့ တူတူနေရတာ ဖြစ်ပါတယ်။ PodShare မှာ အိပ်ခန်းသီးသန့်မရှိပေမယ့် ကိုယ့်အိပ်ရာနေရာသီးသန့်ပုံစံံဆောက်လုပ်ထားတာ ဖြစ်ပါတယ်။ ဒီလိုပုံစံမျိုးကို Pod လို့လည်း ခေါ်ကြပါတယ်။ Pod မှာပါဝင်တဲ့အရာက… Continue reading တစ်လကို ဒေါ်လာ ၁၂၀၀ ကျမယ့်​ ကျောတစ်ခင်းစာ အိပ်ရာ။

Apple ကို ကျောခိုင်းသွားတဲ့ Apple ရဲ့ Chief Design Officer ဖြစ်သူ Jony Ive

ဒီနေ့လူတွေအသုံးပြုနေကြတဲ့ Apple ရဲ့ product တွေဖြစ်တဲ့ iPhones, iPods တွေနဲ့ Macbooks တွေရဲ့ Design ကို ဖန်တီးခဲ့တဲ့ designer ကတော့ Jony Ive ဖြစ်ပါတယ်။ Jony Ive က Apple စတည်ထောင်တဲ့အချိန် Steve Jobs လက်ထက်တည်းက Apple Products တွေကို design ဆွဲခဲ့ပေးတဲ့ design ပညာရှင်ဖြစ်ပါတယ်။ Apple မှာ နှစ်သုံးဆယ်နီးပါး တာဝန်ထမ်းဆောင်ပြီးတဲ့အချိန်မှာတော့ Apple မှ နှုတ်ဆက်ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ ဒီလို ထွက်ခွာရတဲ့အကြောင်းရင်းကတော့ Jony Ive က ကိုယ်ပိုင် Design Company တစ်ခုထူထောင်ဖို့ဖြစ်တယ်လို့လည်း သိရပါတယ်။ သူ့ company ရဲ့ ပထမဆုံးဦးစားပေး… Continue reading Apple ကို ကျောခိုင်းသွားတဲ့ Apple ရဲ့ Chief Design Officer ဖြစ်သူ Jony Ive

Blue Origin က Moon Lander Engine ကို ပထမဆုံး စမ်းသပ်။

Aerospace Company တစ်ခုဖြစ်တဲ့ Blue Origin က ပထမဆုံးအကြိမ် Moon Lander Engine ကို စမ်းသပ်ခဲ့ပါတယ်။ Moon Lander Engine ဆိုတာက အာကာသမှတစ်ဆင့် ကမ္ဘာမြေကိုပျံလာတဲ့ ယာဉ်ကိုဆင်းသက်နိုင်အောင် အထောက်အကူပြုတဲ့ Engine (BE-7) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဒီစမ်းသပ်မှုကို Nasa ရဲ့ Marshall Space Flight Center မှာ စမ်းသပ်မှုပြုလုပ်ခဲ့ပါတယ်။ ဒီစမ်းသပ်မှုကတော့ Company အတွက် ပထမဦးဆုံး ကြီးမားတဲ့ခြေလှမ်းဖြစ်ပါတယ်။ Moon Lander ကို  အနာဂတ်မှာ Blue Origin ရဲ့ ကိုယ်ပိုင်အာကာသယာဉ်ဖြစ်တဲ့ Blue Moon မှာ အသုံးပြုသွားမယ်လို့လည်း သိရပါတယ်။ Blue Origin ရဲ့ Founder ဆိုလည်းဟုတ်၊… Continue reading Blue Origin က Moon Lander Engine ကို ပထမဆုံး စမ်းသပ်။

သမုဒ္ဒရာကြီးကိုကယ်တင်နေတဲ့ company တစ်ခု (သို့) 4ocean

4ocean company ကို အသက်သုံးဆယ်အောက် လူငယ်နှစ်ယောက်က တည်ထောင်ထားပြီး လက်ရှိ အစိုးရကပါ ထောက်ပံ့မှုရထားတဲ့ company တစ်ခုဖြစ်ပါတယ်။ 4ocean ရဲ့ အဓိကရည်ရွယ်ချက်က သမုဒ္ဒရာထဲက ပလတ်စတစ်အမှိုက်တွေကို တတ်နိုင်သလောက် ရှင်းဖို့ပဲဖြစ်ပါတယ်။ လုပ်ငန်းလည်ပတ်ဖို့အတွက်က လက်ကောက်ဂွင်းလေးတွေရောင်းပြီး company ကို လည်ပတ်ပါတယ်။ လက်ကောက်တစ်ကွင်းကို ဒေါ်လာ ၂၀ နဲ့ ၃၀ ကြားရှိပြီး recycle လုပ်ထားတဲ့ plastic နဲ့ recycle လုပ်ထားတဲ့ ဖန်တွေကို အသုံးပြုပြီး လုပ်ထားတာဖြစ်ပါတယ်။ ဒီလက်ကောက်လေးတွေကို ဝတ်ထားတဲ့လူတစ်ယောက်က သမုဒ္ဒရာကြီးကို ကယ်တင်နေတဲ့အထဲမှာလည်း ပါဝင်တယ်လို့ ဆိုနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ လက်ကောက်တစ်ခု ဝယ်ရင် ပလတ်စတစ် အမှိုက်တစ်ပေါင်အလေးချိန်ကို ဆယ်ယူလိုက်တာနဲ့ညီပါတယ်။ 4ocean company ကို ဒေသခံလူတွေက သဘောကျပြီး… Continue reading သမုဒ္ဒရာကြီးကိုကယ်တင်နေတဲ့ company တစ်ခု (သို့) 4ocean

Space-X ရဲ့ Falcon 9 နောက်တစ်ကြိမ် စမ်းသပ်မှု အောင်မြင်။

Space-X ဆိုတာက Rocket Company တစ်ခုဖြစ်ပြီး တည်ထောင်ခဲ့သူက Elon Musk ဖြစ်ပါတယ်။ ယနေ့ လျှပ်စစ်ကား​ Tesla Company  ကို တည်ထောင်ခဲဲ့သူလည်း ဖြစ်ပါတယ်။ ယခု လွှတ်တင်တဲ့ rocket နာမည်ကို Falcon 9 လို့အမည်ပေးထားပါတယ်။ အခု Falcon 9 စမ်းသပ်မှုက ပထမဆုံးအကြိမ် မဟုတ်ပဲ အရင်တစ်ခေါက်ကလည်း စမ်းသပ်မှုပြုလုပ်ခဲ့ဖူးပါတယ်။​ အရင်တစ်ခေါက် စမ်းသပ်မှုပြုလုပ်စဉ်က ကမ္ဘာက အောင်မြင်စွာ ထွက်ခွာမှု ပြုလုပ်နိုင်ပြီး အာကာသမှတစ်ဆင့် ကမ္ဘာမြေကိုလည်း အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပါတယ်။ သာမန်အားဖြင့် Rocket တွေ ကမ္ဘာမြေကို ဆင်းသက်တဲ့အခါ မြေအမာပေါ် ဆင်းသက်ဖို့ ခက်ခဲပြီး ရေထဲမှာသာ ဆင်းသက်မှုပြုလုပ်ရပါတယ်။ ပထမဆုံး မြေပြင်ပေါ် စမ်းသပ်မှု ပြုလုပ်နိုင်တဲ့… Continue reading Space-X ရဲ့ Falcon 9 နောက်တစ်ကြိမ် စမ်းသပ်မှု အောင်မြင်။