ကိုရိုနာဗိုင်းရပ်စ်ကြောင့် အပြင်မထွက်ရန် ထုတ်ပြန်ချက်ကို အမေရိကန်နိုင်ငံသားများ မလိုက်နာ

တရုတ်နိုင်ငံ ဝူဟန်မြို့ကနေအစပြုခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ လက်ရှိမှာ တစ်ကမ္ဘာလုံးကို ပျံ့နှံ့နေပြီဖြစ်သလို ကူးစက်သူဦးရေပေါင်း ၁သန်းကျော်ရှိခဲ့ပြီ ဖြစ်ပါတယ်။ ယနေ့အချိန်မှာတော့ ကူးစက်ပျံ့ပွားမှုနှုန်းအမြင့်ဆုံးကတော့ အမေရိကန်နိုင်ငံဖြစ်လာပြီး အစိုးရမှ အရေးကြီးကိစ္စမရှိဘဲ အိမ်ပြင်မထွက်ရန် ညွှန်ကြားချက်များ ထုတ်ထားသလို အချို့ပြည်နယ်နဲ့ မြို့တွေကိုလည်း Lock Down ချထားတာမျိုးလဲ ရှိလာပြီ ဖြစ်ပါတယ်။ သို့သော်လည်း Dr. Anthony Fauci ရဲ့ ပြောကြားချက်အရ ” ဘာဖြစ်လို့ လူတွေက စည်းကမ်းချက်တွေ မလိုက်နာကြလဲဆိုတာ မပြောတတ်တော့ပါဘူး၊ အိမ်ပြင်မထွက်ခိုင်းထားပေမယ့် အခုချိန်ထိ အသွားအလာမပြတ်သေးပါဘူး ” လို့ ဆိုပါတယ်။ ပြည်နယ်ပေါင်း ၃၀ မှာ ကိစ္စမရှိဘဲ အပြင်မထွက်ကြရန်၊ အိမ်မှာဘဲ နေကြရန် ညွှန်ကြားထားပြီး စည်းကမ်းချက်များကို မလိုက်နာသူများလည်း ရှိနေတယ်လို့ သိရပါတယ်။ ကူးစက်ခံရသူပေါင်း… Continue reading ကိုရိုနာဗိုင်းရပ်စ်ကြောင့် အပြင်မထွက်ရန် ထုတ်ပြန်ချက်ကို အမေရိကန်နိုင်ငံသားများ မလိုက်နာ

၂၀၂၀ မေလကစပြီး ထိုင်းလေဆိပ်တွေမှာ 5G အင်တာနက်၀န်ဆောင်မှုပေးတော့မယ်

ထိုင်းနိုင်ငံရဲ့ မြန်နှုန်းမြင့်အင်တာနက် အဆင့်မြှင့်တင်ရေးပထမအသုတ်အနေနဲ့ ထိုင်းနိုင်ငံရဲ့နိုင်ငံတကာ လေဆိပ် ကြီးနှစ်ခု ြဖစ်တဲ့ Suvarnabhumi နဲ့ Don Mueang လေဆိပ်တေွမှာ လာမယ့် ၂၀၂၀ မေလကစပြီး ခရီးသွားတွေ အတွက် မြန်နှုန်းမြင့် 5G အင်တာနက် ၀န်ဆောင်မှုစတင်ရရှိတော့မှာဖြစ်ကြောင်း ထိုင်းနိုင်ငံ ဆက်သွယ်ရေး ဆိုင်ရာတာ၀န်ရှိသူတွေကပြောကြားလိုက်တဲ့အကြောင်းဘန်ကောက်ပိုစ့်သတင်းအရသိရပါတယ်။ မြန်နှုန်းမြင့် 5G အင်တာနက် တပ်ဆင်နိုင်ရေးဆက်သွယ်ရေးအော်ပရေတာတွေ လိုအပ်တဲ့အခြေခံအဆောက်အအုံ တွေကိုကြိုတင်ပြင်ဆင်ဖို့အတွက် ထိုင်းနိုင်ငံအမျိုးသားအသံလွှင့်နဲ့ တယ်လီဖုန်းဆက်သွယ်ရေးကော်မရှင်(NBTC) နဲ့လေဆိပ်တွေအကြားနားလည်မှုစာချွန်လွှာကို လာမယ့်နို၀င်္ဘာလ ၂၇ ရက်နေ့မှာ လက်မှတ် ရေးထိုးကြ မယ် လို့သိရပါတယ်။ ကိုးကား၊ ဘန်ကောက်ပို့စ်

Published
Categorized as News

ဆိုင်ကလုန် Bulbul ကြောင့် ဘင်္ဂလာဒေ့ရှ် အာဏာပိုင်များက မြေနိမ့်ပိုင်းနေ ပြည်သူ တစ်သိန်း ကို ရွှေ့ပြောင်းထား

နို၀င်္ဘာ ၉ရက်၊ ဠနေ့ နေ့ညနေပိုင်းမှာ ၀င်ရောက်တိုက်ခတ်လာမယ့် ဆိုင်ကလုန်မုန်တိုင်း Bulbul ကြောင့် အများ ပြည်သူများအသက်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် ဘင်္ဂလာဒေ့ရှ်အဏာပိုင်းတွေက မြေနိမ့်ပိုင်းဒေသ ကျွန်းပေါ် က ရွာသူရွာသားပြည်သူတစ်သိန်းကို ဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းထားကြောင်း AFP သတင်းအရ သိရ ပါတယ်။ မုန်တိုင်းပြင်းအားဟာ တစ်နာရီကို ကီလိုမီတာ ၁၂၀ အထိရှိနိုင်ပြီးမုန်တိုင်းအရှိန်ကြောင့် ဒီရေ ၅ပေကနေ ၇ ပေ အ မြင့်ထိတက်လာနိုင်ကြောင်းနဲ့ အဓိကအရေးပါတဲ့ Mongla နဲ့ Chittagong ဆိပ်ကမ်းတွေကိုလည်း ခေတ္တပိတ် ထားကာ အရေးပေါ်အခြေအနေကြေငြာထားတယ်လို့သိရပါတယ်။လုပ်အားပေးပြည်သူ ၅၅၀၀၀ လောက်ကလည်း တစ် အိမ်တက်ဆင်းမုန်တိုင်းသတိပေးမှုတွေပြုလုပ်နေကြပါတယ်။ နိုင်ငံရဲ့လူဦးရေသန် ၃၀ လောက်ဟာ မြေနိမ့်ပိုင်းကမ်းခြေတွေမှာနေထိုင်ကြတာကြောင့် နှစ်စဥ်နဲ့အမျှ ဆိုင်က လုန်းမုန်းတိုင်ဒဏ်ကို ခံစားနေကြရတာဖြစ်ပါတယ်။၂၀၀၇ခုနှစ် မှာတိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်း Sidr… Continue reading ဆိုင်ကလုန် Bulbul ကြောင့် ဘင်္ဂလာဒေ့ရှ် အာဏာပိုင်များက မြေနိမ့်ပိုင်းနေ ပြည်သူ တစ်သိန်း ကို ရွှေ့ပြောင်းထား

Published
Categorized as News

မကြုံစဖူးတဲ့ ရာသီဥတုအခြေအနေကြောင့် ဖင်လန်ကမ်းခြေမှာ ကြက်ဥပုံရေခဲတွေဖြစ်ပေါ်

မကြုံစဖူးရှားရှားပါးပါးဖြစ်ခဲလှတဲ့ ရသီဥတု ဖြစ်စဥ◌်ကြောင့် ဖင်လန်နိုင်ငံက ကမ်းခြေတစ်ခုမှာ ကြက်ဥပုံ ရေခဲလုံး လေတွေနဲ့ ဖုံးလွှမ်းနေခဲ့ကြောင်း ဘီဘီစီသတင်းအရသိရပါတယ်။အဲဒီကြက်ဥပုံရေခဲလုံးတွေကို အပျော်တမ်းဓါတ်ပုံ ဆရာ Risto Mattila က ဖင်လန်နဲ့ဆွီဒင်နိုင်ငံကြားရှိBothnia ပင်လယ်ကွေထဲမှ Hailuoto ကမ်းခြေပေါ်မှာ တွေ့ရှိခဲ့တာဖြစ်ကြောင်းသိရပါတယ်။ ကျွမ်းကျင်သူတွေကတော့ ဒီလိုဖြစ်တာဟာ ရှာပါးတဲ့ဖြစ်စဥ်တစ်ခုဖြစ်ပြီး ရေခဲစလေးတွေက လေနဲ့ရေတို့ကြောင့် လိမ့် သွားရကနေဖြစ်ပေါ်လာတယ်လို့ သုံးသပ်ပြောဆိုပါတယ်။ဓါတ်ပုံဆရာကတော့ ဒါမျိုးသူတစ်ခါမှမတွေ့ မြင်ဖူးဘူး။ အခု သူနဲ့သူ့ဇနီးသည်တို့ အဲဒီကမ်းခြေမှာရှိနေပြီး ရာသီဥတုကနေသာနေကာ အပူချိန်ကတော့ -၁ ဒီဂရီစင်တီဂရိတ်(၃၂ ဒီဂရီဖာရင်ဟိုက်) ရှိပြီး လေတိုက်နေတယ်လို့ ဘီဘီစီကိုပြောပါတယ်။ ကမ်းခြေရဲ့ ပေ ၁၀၀ (မီတာ ၃၀) လောက်မှာ ကြက်ဥပုံရေခဲလုံးတွေနဲ့ ပြည့်နေပြီး အသေးဆုံးအရွယ်ကတော့ ကြက်ဥလောက်ရှိကာ အကြီးဆုံးတွေကတော့ ဘော် လုံးလောက်ရှိတယ်လို့ဆိုပါတယ်။ ဓါတ်ပုံဆရာကတော့… Continue reading မကြုံစဖူးတဲ့ ရာသီဥတုအခြေအနေကြောင့် ဖင်လန်ကမ်းခြေမှာ ကြက်ဥပုံရေခဲတွေဖြစ်ပေါ်

Published
Categorized as News

ထိုင်းနိုင်ငံ ချင်းမိုင်လေဆိပ် ခရီးစဥ်များ ခေတ္တပိတ်ထားရန်ကြေငြာထား

မနက်ဖန်စနေနေ့မှာ စတင်မယ့် ချင်းမိုင်ရဲ့မီးပုံးပျံလွှတ်တင်ပွဲကြောင့် လေကြောင်းပျံသန်းမှု လုံခြုံစိတ်ချရရေး အ တွက် ပြည်တွင်းခရီးစဥ်များအပါအ၀◌င် နိုင်ငံတကာခရီးစဥ်စုစုပေါင်း ၁၅၁ ခုကို ခရီးစဥ်ပြောင်းလဲပြင်ဆင် ခြင်းနဲ့ ဖျက် သိမ်းခြင်းတွေကို ပြုလုပ်သွားမယ်လို့ ထိုင်းနိုင်ငံရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ချင်းမိုင်နိုင်ငံတကာလေဆိပ်က မနေ့က ကြာ သပတေးနေ့မှာ ထုတ်ပြန်ကြေငြာလိုက်တယ်လို့ ဘန်ကောက်ပို့စ် သတင်းအရ သိရပါတယ်။ လေဆိပ်ရဲ့ ဒုတိယညွှန်ကြားရေးမှူးကတော့ လေကြောင်းလိုင်းတွေရဲ့ လုံခြုံစိတ်ချရရေးဟာ ရက်ပိုင်းအတွင်း ကျင်းပ မယ့် Loy Krathong နဲ့ Yi Peng ပွဲတော်နဲ့ ဆက်စပ်နေတဲ့အကြောင်း၊ဒီလိုကြေငြာရခြင်းဟာ လေယာဥ်တွေ မတော် တဆမဖြစ်ရအောင် ကြိုတင်ကာကွယ်တဲ့ အနေနဲ့လုပ်ဆောင်တာဖြစ်ကြောင်းပြောပါတယ်။ဒါ့အပြင် ပြည်တွင်းခရီးစဥ် ၆၆ ခုနဲ့ နိုင်ငံတကာခရီးစဥ်၃၀ ရဲ့ ပျံသန်းမှုကိုဖျက်သိမ်းမှာဖြစ်ပြီး ပြည်တွင်းခရီးစဥ် ၄၄ ခုနဲ့ နိုင်ငံတကာခရီးစဥ်… Continue reading ထိုင်းနိုင်ငံ ချင်းမိုင်လေဆိပ် ခရီးစဥ်များ ခေတ္တပိတ်ထားရန်ကြေငြာထား

Published
Categorized as News

ဖိလစ်ပိုင်အရှေ့တောင်ပိုင်းတွင် အင်အားကြီးငလျှင်တစ်ခုလှုပ်သွားရာ အနည်းဆုံး ၇ ဦး သေဆုံးခဲ့ကာ ထိခိုက်ပျက်ဆီးမှုများစွာဖြစ်ခဲ့

အောက်တိုဘာလ၂၉ရက်အင်္ဂါနေ့တွင်ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိmindanaoကျွန်းတွင်အင်အားကြီး ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပါတယ်။ ငလျင်ကြောင့် အနည်းဆုံး လူ ၇ ဦးသေဆုံးခဲ့ပြီး အဆောက်အဦများ ပျက်ဆီးမှု၊ မြေပြိုမှု များဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။ https://www.youtube.com/watch?v=jBbw8C_lo5E ငလျင်လှုပ်ခတ်သွားတာကတော့ လူများအလုပ်လုပ်နေတဲ့ နေ့ခင်းအချိန်ဖြစ်ပြီး ပြင်းအား အဆင့်6.6 ရှိတယ်လို့ သိ ရပါတယ်။ သေဆုံးသွားသူ ၇ ဦးထဲတွင် အသက် ၇ နှစ်အရွယ် ယောကျာ်းလေးတစ်ဦးပါဝင်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ကယ်ဆယ်ရေးများနှင့် တာဝန်ရှိသူများက ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေ တယ်လို့လည်း သိရပါတယ်။   Source : BBC News

၂၆ မီတာ (၈၈ပေ) အနက်ရှိသော ရေတွင်းထဲသို့ကျသွားတဲ့ ၂ နှစ်အရွယ် ဟိန္ဒူကလေးတစ်ဦးသေဆုံး

အောက်တိုဘာလ ၂၅ ရက် သောကြာနေ့ဒေသစံတော်ချိန် ညနေ ၅နာရီ ၄၅မိနစ်က အိန္ဒိယနိုင်ငံ၊ Tamil Nadu ပြည် နယ် တောင်ပိုင်း Tiruchirapalli ခရိုင်တွင် လယ်သမားမိသားစုတစ်ခုမှ Sujith Wilson လို့ခေါ်တဲ့ ၂ နှစ်အရွယ် ကလေးတစ်ဦးဟာ ၂၆ မီတာ (၈၈ပေ) ခန့်ရှိသော ရေတွင်းထဲသို့ မတော်တဆပြုတ်ကျသွားခဲ့တယ်လို့ CNN သတင်း အရသိရပါတယ်။ Tamil Nadu ပြည်နယ်ရှိ တာဝန်ရှိသူများနှင့် ကယ်ဆယ်ရေးများက ထိုကလေးငယ်အား ရေ တွင်းထဲမှာ ကယ်တင်နိုင်ရန်ကြိုးစားခဲ့ကြပါတယ်။ အဆိုပါရေတွင်းကို လယ်သမားများက မြေပြင်အပေါ်တွင် အုပ်ရိုးမပါပဲ သောက်သုံးရေအတွက် တူးထားကြတာဖြစ်ပြီး ရေတွင်းရဲ့ အနက်ကိုလည်း အတိအကျတိုင်းတာထားခြင်း မရှိကြပါဘူး။ ထို့အပြင် ရွှံ့နွံများလည်း ရှိနေပြီး ရာသီဥတု ကလည်း… Continue reading ၂၆ မီတာ (၈၈ပေ) အနက်ရှိသော ရေတွင်းထဲသို့ကျသွားတဲ့ ၂ နှစ်အရွယ် ဟိန္ဒူကလေးတစ်ဦးသေဆုံး

IS ခေါင်းဆောင် Abu Bakr al-Baghdadi သေဆုံးသွားပြီဖြစ်ကြောင်း သမ္မတ Trump က အတည်ပြုပြောကြား

တနင်္ဂနွေနေ့ မနက်အစောပိုင်းတွင် ဆီးရီးယား၏ မြောက်ဘက် Jarablus မြို့တွင် ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်း IS ခေါင်းဆောင်ဖြစ်သူ Abu Bakr al-Baghdadi သေဆုံးသွားပြီဖြစ်ကြောင်း အောက်တိုဘာလ ၂၈ ရက် တနင်္လာ နေ့တွင် အမေရိကန် အိမ်ဖြူတော်မှ သမ္မတ Trump ကိုယ်တိုင်ပြောကြားခဲ့ပါတယ်။ Abu Bakr al-Baghdadi ဟု ထင်ရတဲ့ သေဆုံးသွားသူရဲ့ DNA ကို စစ်ကြည့်ရာ Abu Bakr al-Baghdadi အစစ်ဖြစ်ကြောင်း အဖြေရရှိခဲ့တယ်လို့ သိရပါတယ်။ Jarablus မြို့ရှိ တည်းခိုခန်းတစ်ခုတွင် IS ခေါင်းဆောင်တစ်ဦးရှိနေတယ်ဆိုတဲ့ သတင်းကို အခိုင်အမာ ရရှိ ထား သဖြစ် US စစ်တပ်က ရဟတ်ယာဉ် ၈ စီးဖြင့် ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။… Continue reading IS ခေါင်းဆောင် Abu Bakr al-Baghdadi သေဆုံးသွားပြီဖြစ်ကြောင်း သမ္မတ Trump က အတည်ပြုပြောကြား

အီရတ်တွင်ဖြစ်ပွားနေသော ဆန္ဒပြမှုတွင် အနည်းဆုံး လူ ၄၀ သေဆုံး

အစိုးရကိုမကျေနပ်တဲ့ အီရတ်ပြည်သူများက ပြီးခဲ့တဲ့ အပတ်ကစတင်ခဲ့သော ဆန္ဒပြမှုဟာ တစ်နေ့တစ်ခြား အခြေ အ နေတင်းမာလာကာ လက်ရှိနောက်ဆုံး ရရှိထားတဲ့သတင်းအရ ဆန္ဒပြသူများဘက်မှ သေဆုံးသူ အနည်းဆုံး လူ (၄၀) လောက်ရှိနေပြီးဖြစ်ကြောင်း သိရှိရပါတယ်။ အီရတ်ပြည်သူများဟာ နိုင်ငံအနှံ့အပြားမှာ ဆန္ဒပြနေကြတာဖြစ်ပြီး အဓိကကတော့ Baghdad မြို့မှာပဲဖြစ်ပါတယ်။ ဆန္ဒပြသူများဟာ အီရတ်နိုင်ငံအလံများကို ကိုင်ဆောင်ထားကြကာ နှစ်နဲ့ ချီပြီးအကြမ်းဖက်မှုတွေ ကြားမှာ နေထိုင် လာရခြင်းနှင့် စီးပွားရေး၊ အလုပ်အကိုင်အလွန်ကြပ်တည်းလာခြင်းတို့အပေါ်မှာ ဆန္ဒပြကြတာဖြစ်ပါတယ်။ လက်ရှိ မှာ ဆန္ဒပြသူများဟာ မြို့အလည်ရှိ Tahrir ရင်ပြင်ထဲတွင် တဲများထိုးပြီး စခန်းချထားကာ နေ့ရောညပါ ဆန္ဒပြမှု တွေပြုလုပ်နေကြပါတယ်။ အစိုးရကလည်း အောက်တိုဘာလ ၂၆ ရက် သောကြာနေ့တွင် အရေးပေါ်ဆွေးနွေးပွဲပြုလုပ်ပြီး ဆန္ဒပြသူများ၏ လို ချက်ကို… Continue reading အီရတ်တွင်ဖြစ်ပွားနေသော ဆန္ဒပြမှုတွင် အနည်းဆုံး လူ ၄၀ သေဆုံး

သေဆုံးနေသူ ၃၉ ဦးကို တင်ဆောင်လာသော ကုန်တင်ကားကို Essex တွင် ရဲများကဖမ်းဆီးရမိခဲ့

အောက်တိုဘာလ ၂၃ ရက် ဗုဒ္ဓဟူးနေ့တွင် အင်္ဂလန်အရှေ့ပိုင်း Essex ခရိုင်၌ သေဆုံးနေသော လူ(၃၉)ဦးကို တင်ဆောင် လာသော ကုန်တင်ကားတစ်စီးအား သတင်းပို့ချက်တစ်ခုအရ ဖမ်းဆီးရမိခဲ့ပါတယ်။ ထိုအမှု ဖြစ်ပွားရတဲ့ အဓိက အကြောင်းအရင်းကို မသိရသေးပေမယ့် ရဲများကတော့ ထိုအမှုဟာ မှောင်ခိုဂိုဏ်းတစ်ခုခုနှင့် ဆက်စပ်မှု ရှိနေ တယ်လို့ သံသယရှိနေကြပါတယ်။ ရဲများ၏ ပြောပြချက်အရ ဆယ်စုနှစ်တစ်ခုအတွင်း ဖြစ်ပွားခဲ့တဲ့ အမှုတွေ အားလုံး ထဲမှာ ယခုအမှုက အကြီးဆုံးဖြစ်သလို ရှုပ်ထွေးမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ အအေးပေးထားတဲ့ နောက်တွဲထဲတွင် သေဆုံးနေသူ အမျိုးသမီး (၈)ဦး၊ အမျိုးသား (၃၁)ဦး နှင့်အတူ Waterglade စက်မှုဇုန် ၌ ကုန်တင်ကားကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ သေဆုံးသူထဲတွင် ဆယ်ကျော်သက် အမျိုးသမီး တစ်ဦး … Continue reading သေဆုံးနေသူ ၃၉ ဦးကို တင်ဆောင်လာသော ကုန်တင်ကားကို Essex တွင် ရဲများကဖမ်းဆီးရမိခဲ့