Sony ရဲ့ အဲကွန်း အင်္ကျီ။

Air con ကို နံရံမှာ တပ်ထားစရာမလိုပဲ ကိုယ်မှာလည်း ဝတ်ဆင်နိုင်မာယ့် အဲကွန်းတစ်မျိုးကို Sony က မိတ်ဆက်လိုက်ပါတယ်။ လက်ရှိမှာတော့ production မလုပ်ရသေးပေမယ့် sony ရဲ့ crowdfunding website ထဲမှာ ရေပန်းစားနေပါတယ်။ စျေးနှုန်းအနေနဲ့က​ ဂျပန်ငွေ ၁၂၇၆၀ ယမ်း ငွေကျသင့်မှာ ဖြစ်ပြီး အမေရိကန်ငွေကြေးအနေနဲ့ ၁၁၇ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် အေးတဲ့ဒေသတွေနဲ့ အရမ်းအပူချိန်များတဲ့ ဒေသတွေမှာ သုံးဖို့ရည်ရွယ်ချက်နဲ့ ထုတ်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် အပူချိန်ကိုထိန်းဖို့အတွက် ph ထဲမှာ ရှိတဲ့ app နဲ့ ထိန်းညှိနိုင်ပါတယ်။ ဒီ wearable AC နာမည်က Reon Pocket လို့နာမည်ရပါတယ်။ အားအပြည့်သွင်းထားမယ်ဆိုရင် ၂၄နာရီ ခံပြီး… Continue reading Sony ရဲ့ အဲကွန်း အင်္ကျီ။

ကမ္ဘာမှာ အင်အားအကြီးဆုံး Internet Company တစ်ခုဖြစ်လာတဲ့ Tencent

Tencent ဆိုတဲ့နာမည်က​ မြန်မာလူမျိုးတွေနဲ့ မစိမ်းပါဘူး။ အထူးသဖြင့် လူငယ်တော်တော်များများ ရင်းနှီးပြီးသား နာမည်တစ်ခုဆိုလည်း မမှားပါဘူး။ ဒီနေ့ခေတ် ရေပန်းအစားဆုံး Mobile game တစ်ခုဖြစ်တဲ့ PUBG ကလည်း Tencent က ထုတ်တဲ့ Game တစ်ခုဖြစ်ပါတယ်။ ဒီနေ့ပြောပြသွားမယ့်အကြောင်းရာကတော့ Tencent ဆိုတာဘာလဲ ဖြစ်ပါတယ်။ Tencent ဆိုတာဘာလဲ။  Tencent ဆိုတာ တရုတ်ပြည်က အင်တာနက် company တစ်ခုဖြစ်ပြီး တရုတ်ပြည်ရဲ့ အင်အားအကြီးဆုံး company တစ်ခုဆိုလည်း မမှားပါဘူး။ ဒါ့အပြင် ဒီနေ့လူတော်တော်များများသိတဲ့ wechat app ရဲ့ မိခင် company လည်းဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ယှဉ်ရင် Tencent က ကမ္ဘာမှာ ငါးခုမြောက် အကြီးဆုံးအင်တာနက် company စာရင်းမှာ… Continue reading ကမ္ဘာမှာ အင်အားအကြီးဆုံး Internet Company တစ်ခုဖြစ်လာတဲ့ Tencent

အာဖရိကတိုက်ရဲ့ Online Shopping ဘုရင် Jumia (ဂျူမီယာ)။

Amazon နဲ့ Alibaba နာမည်ကို လူတိုင်း မိတ်ဆက်စရာမလိုအောင် အားလုံးသိထားကြပါတယ်။ ဒီနေ့ခေတ်မှာ သင်ဘယ်နိုင်ငံကဖြစ်ဖြစ် online shopping (အရောင်း၊ အဝယ်) လုပ်မယ်ဆို သူတို့နှစ်ခုကို အားကိုးရပါတယ်။ မြန်မာနိုင်ငံမှာဆို onlineshopping.com.mm ကို Alibaba က ဝယ်ယူခဲ့ပြီး ဒီနေ့ပစ္စည်းတော်တော်များများကို aliexpress ကလည်း တစ်ဆင့် ဝယ်ယူနိုင်ပါတယ်။ Alibaba နဲ့ Amazon တို့ကို ယှဉ်နိုင်တယ့် local ပြည်တွင်းဖြစ် သူရဲကောင်းတစ်ဦးရှိပါတယ်။ သူ့နာမည်က Jumia ဖြစ်ပြီး အာဖရိကတိုက်က နိုင်ငံသားတွေအားထားနေရတဲ့ online shopping company တစ်ခုဖြစ်ပါတယ်။ Jumia ကို ၂၀၁၂ ခုနှစ် မှာ အနောက်နိုင်ငံသားတွေဖြစ်တဲ့ founders တွေ စတင် တည်ထောင်ခဲ့ပါတယ်။ သူတို့နာမည်တွေက… Continue reading အာဖရိကတိုက်ရဲ့ Online Shopping ဘုရင် Jumia (ဂျူမီယာ)။

၂၀၂၀ ဂျပန်မှာကျင်းပမယ့် အိုလံပစ်ပွဲမှာ တွေ့ရမယ့် စက်ရုပ်များ။

စက်ရုပ်နိုင်ငံလို့ တင်စားပြီး ခေါ်ဝေါ်ကြတဲ့ ဂျပန်နိုင်ငံမှာ အိုလံပစ်ပွဲကို ၂၀၂၀ ခုနှစ်မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ နည်းပညာတိုးတက်နေတဲ့ခေတ်မှာ စက်ရုပ်တွေက နေရာတိုင်း မရှိမဖြစ်လိုအပ်တဲ့အရာတွေ ဖြစ်လာခဲ့ပါတယ်။ လက်ရှိ A.I နည်းပညာတွေနဲ့ စက်ရုပ်တွေ ပူးပေါင်းလိုက်တဲ့အခါမှာ​​ စက်ရုပ်တွေက ကိုယ်ပိုင်စဉ်းစားနိုင်စွမ်းတွေရှိလာပြီး ဆုံးဖြတ်ချက်တွေ ချတတ်လာပါတယ်။ အိုလံပစ်ပွဲကို နိုင်ငံကြီးတော်တော်များများမှာ ကျင်းပပြီး ပုံစံမျိုးစုံနဲ့ နိုင်ငံရဲ့ယဉ်ကျေးမှုပေါ် အခြေခံပြီး ကျင်းပကြပါတယ်။ ၂၀၂၀ ခုနှစ် ဂျပန်မှာကျင်းပမယ့် အိုလံပစ်အားကစားပွဲတော်ကိုတော့ ဂျပန်က တစ်မျိုးတစ်ဖုံ စက်ရုပ်တွေသုံးပြီး ပြသပေးသွားမှာ ဖြစ်ပါတယ်။ စားစရာ၊ သောက်စရာ စက်ရုပ်တွေ၊ ပွဲကြည့်ပရိတ်သတ်တွေကို နေရာလိုက်ပြပေးမယ့် စက်ရုပ်တွေ နဲ့ အခြား အားကစားပစ္စည်းတွေကို လိုက်ပြပေးမယ့် စက်ရုပ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် ကြက်တောင်ကောက်တဲ့ စက်ရုပ်၊ တန်းနစ်ဘောလုံးကိုကောက်ပေးတဲ့… Continue reading ၂၀၂၀ ဂျပန်မှာကျင်းပမယ့် အိုလံပစ်ပွဲမှာ တွေ့ရမယ့် စက်ရုပ်များ။

NASA ရဲ့ ပထမဆုံး Flight Director ဖြစ်တဲ့ Chris Kraft ကွယ်လွန်။

လူ့သက်တမ်းသမိုင်းတစ်လျှောက်မှာ လကမ္ဘာမှာလူသားတွေ ခြေချနိုင်အောင် လုပ်ခဲ့တဲ့ NASA ရဲ့ ပထမဦးဆုံး flight director ဖြစ်တဲ့ Chris Kraft က တနင်္လာနေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်တဲ့အချိန်မှာ ဆရာကြီး Chris Kraft က အသက် ၉၅ နှစ်ရှိနေပါပြီ။ ဆရာကြီး Kraft က NASA Space Task Group ကို ၁၉၅၈ ခုနှစ်မှာ Flight Director အနေနဲ့ စတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ လူ့သမိုင်းတစ်လျှောက်မှာ လူသားတွေပထမဦးဆုံး အာကာသထဲမှာ ကမ္ဘာပတ်လမ်းကြောင်းအတိုင်းသွားတဲ့ mission မှာ ကူညီခဲ့တဲ့ လူလည်းဖြစ်ပါတယ်။ Space Mission ထဲက တစ်ခုဖြစ်တဲ့ Apollo program မှာလည်း ဆရာကြီး Kraft က… Continue reading NASA ရဲ့ ပထမဆုံး Flight Director ဖြစ်တဲ့ Chris Kraft ကွယ်လွန်။

မသန်စွမ်းသူတွေကို လူကောင်းတစ်ယောက်လို ကူညီပေးနိုင်မယ့် Elon Musk ရဲ့ Neuralink

သိပ္ပံရုပ်ရှင်တော်တော်များများမှာ စက်ရုပ်တွေ ကမ္ဘာကြီးကို အုပ်စိုးတာမျိုး၊ လူတွေက စက်ရုပ်လို စွမ်းဆောင်နိုင်အောင် လုပ်လာတာမျိုးတွေကို ရုပ်ရှင်တော်တော်များများမှာ တွေ့ဖူးကြပါလိမ့်မယ်။ လူရဲ့ ကျောရိုး (spinal cord) ကို ခွဲစိတ်မှုအသေးစားလုပ်ပြီး chipset လေးထည့်လိုက်တာနဲ့ စက်ရုပ်တွေလို စွမ်းဆောင်နိုင်တဲ့ လူသားတွေကို ရုပ်ရှင်မှာ လူတိုင်းတွေ့ဖူးကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ရက်ခန့်က​ Elon Musk က ဒီလိုလုပ်နိုင်တဲ့ chipset ကို မိတ်ဆက်ခဲ့ပါတယ်။ ဒီသတင်းက​ လူတော်တော်များများကို အံ့အားသင့်သွားစေပါတယ်။ တစ်ကယ်တမ်းဒီလို ဖြစ်လာပြီလားဆိုတဲ့ မေးခွန်းတော်တော်များများက မီဒီယာတွေမှာ ပျံ့နှံ့နေပါတယ်။ ဒီ chipset ထုတ်တဲ့ company နာမည်က Neuralink ဖြစ်ပြီး Elon Musk ရဲ့ company အသစ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒီ company… Continue reading မသန်စွမ်းသူတွေကို လူကောင်းတစ်ယောက်လို ကူညီပေးနိုင်မယ့် Elon Musk ရဲ့ Neuralink

Harley Davidson ရဲ့ LiveWire _ electric motorcycle

Harley Davidson ကို လူကြီးရော ကလေးရော တော်တော်များများသိကြပါတယ်။ Harley Davidson ရဲ့ဆိုင်ကယ်တော်တော်များများကိုလည်း မြင်တာနဲ့ တန်းသိနိုင်ပါတယ်။ Electronic ခေတ်မှာ ဖုန်း၊ laptop တွေအပြင် ကားတွေကိုပါ electronic အဖြစ်ပြောင်းလဲလာတာ အားလုံးသိကြပါတယ်။ Harley Davidson ရဲ့ electronic စွမ်းအင်သုံးဆိုင်ကယ် livewire concept ကို ၂၀၁၈ အကုန်လောက်က မိတ်ဆက်ခဲ့ပြီး ၂၀၁၉ နှစ်ကုန်ပိုင်းလောက်မှာ မြောက်အမေရိကတိုက်နဲ့ အနောက်ဥရောပနိုင်ငံတွေမှာ ရရှိသွားမယ်လို့လည်း သိရပါတယ်။   ပထမဦးဆုံးအနေနဲ့ charging အပိုင်းကို ပြောရမယ်ဆိုရင်တော့ နှစ်မျိုးလာပါတယ်။ ပထမတစ်မျိုးက​ normal charging ဖြစ်ပြီး အိမ်က အားသွင်းပေါက်နဲ့ သွင်းမယ်ဆိုရင်တော့​ တစ်ညစာသွင်းရမှာ ဖြစ်ပါတယ်။ နောက်တစ်မျိုးက fast charging… Continue reading Harley Davidson ရဲ့ LiveWire _ electric motorcycle

အာကာသယာဉ်မှုးတွေအတွက် သိပ္ပံပညာရှင်တွေ ထုတ်လိုက်တဲ့ 3D print အရေပြားနဲ့ အရိုး။

Mars ဂြိုလ်ကိုသွားတဲ့ခရီးက အရမ်းဝေးလွန်းတာကြောင့် အာကာသယာဉ်မှုးတွေက လမ်းမှာ အနာတရ တစ်ခုခုဖြစ်ခဲ့ရင် ကုသဖို့ အတွက် ရည်ရွယ်ပြီး သိပ္ပံပညာရှင်တွေက 3D printer နဲ့ထုတ်လို့ရတဲ့ လူသားအစားထိုးအရေပြားနဲ့ အရိုးကို အာကာသခရီးစဉ်မှာ အသုံးပြုလို့ရအောင် မိတ်ဆက်လိုက်ပါတယ်။ လူသားတွေရဲ့ အရေပြား လောင်ကျွမ်းတဲ့အခါ အစားထိုးကုသမှုနည်းလမ်းများစွာရှိပေမယ့် အာကာသလိုနေရာမျိုးဖြစ်တဲ့ ကမ္ဘာမြေကြီး ဆွဲငင်အားမရှိတဲ့နေရာမှာတော့ 3D print အရေပြားနဲ့ အရိုးတွေက အသုံးဝင်ပါတယ်။ 3D print ဆိုတာက ဒီနေ့ခေတ်  နေရာတော်တော်များများမှာ တွင်ကျယ်စွာ အသုံးပြုလာကြပါတယ်။ ဥပမာ အိမ်ဆောက်တဲ့နေရာမျိုး နဲ့ လူသုံးကုန်ပစ္စည်းတွေထုတ်တဲ့နေရာမျိုးတွေမှာပါ အသုံးပြုလာကြပါတယ်။ လူနေအိမ် တစ်ထပ်တိုက်ကို နာရီပိုင်းအတွင်း 3D printer က ဆောက်ပေးနိုင်ပါတယ်။ 3D print အရေပြားထုတ်တဲ့ printer မှာအသုံးပြုတဲ့ကုန်ကြမ်းကတော့… Continue reading အာကာသယာဉ်မှုးတွေအတွက် သိပ္ပံပညာရှင်တွေ ထုတ်လိုက်တဲ့ 3D print အရေပြားနဲ့ အရိုး။

ကားတွေကို မောင်းနှင်အသုံးပြုဖို့ ငှားရမ်းခြင်း မလုပ်တဲ့ ဂျပန်လူမျိုးများ။

ဒီနေ့ခေတ်မှာ ကားအငှားဝန်ဆောင်မှုလုပ်ငန်းတွေ အမျိုးမျိုးရှိကြပါတယ်။ ကိုယ်တိုင်မောင်းနှင်ခွင့်ရှိတဲ့ကားတွေနဲ့ driver ပါတဲ့ ကားအငှားဝန်ဆောင်မှုဆိုပြီး ရှိကြပါတယ်။ ဂျပန်မှာ ကိုယ်တိုင်မောင်းနှင်လို့ရတဲ့ကားတွေကို company က ငှားကြပေမယ့် တစ်ကယ်တမ်း မောင်းနှင်မှုမလုပ်ကြပဲ ငှားရမ်းကြပါတယ်။ ဒီအဖြစ်အပျက်ကို ဂျပန်က ကားအငှားဝန်ဆောင်မှု company ဖြစ်တဲ့ Orix car-sharing service company က စတင်ပြီး သတိထားမိသွားပါတယ်။ company က customers တွေအသုံးပြုပုံကို လေ့လာကြည့်လိုက်တဲ့အခါမှာတော့ ထူးခြားတာ တွေ့လိုက်ရပါတယ်။ အချို့က ကားကိုရုံးခန်းသဘောလုပ်ပြီး ကားထဲမှာ laptop နဲ့ အလုပ်လုပ်ကြပါတယ်။ အကြောင်းရင်းကတော့ မြေနေရာ နဲ့ ရုံးခန်းခ စျေးကြီးတာကြောင့် ကားကိုအချိန်ပိုင်းငှားပြီး ကားထဲမှာပဲ အလုပ်လုပ်ကြပါတယ်။ အချို့က​ store ခန်းအနေနဲ့ ကားကို အသုံးပြုကြပါတယ်။ ကားထဲမှာ… Continue reading ကားတွေကို မောင်းနှင်အသုံးပြုဖို့ ငှားရမ်းခြင်း မလုပ်တဲ့ ဂျပန်လူမျိုးများ။

တရုတ်ပြည်ရဲ့ Google (သို့) Baidu

တစ်ကမ္ဘာလုံးမှာ Google ကို သုံးလို့ရပေမယ့် တရုတ်ပြည်မှာ Google အစား Baidu ကို သုံးရပါတယ်။ Baidu ဆိုတာ Google လိုမျိုး search engine ဖြစ်ပြီး တရုတ်ပြည်က ထုတ်တဲ့ smartphone နဲ့ laptops တွေမှာ ပါဝင်ပါတယ်။ ကမ္ဘာမှာ လူကြည့်အများဆုံး website ငါးခုမှာ ပါဝင်ပါတယ်။ Google နဲ့ Facebook အပြင် အချို့ website တွေကိုလည်း တရုတ်အစိုးရက တားမြစ်ထားပါတယ်။ Baidu ကို ၂၀၀၀ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ စွန့်ဦးတီထွင်လူငယ် နှစ်ယောက်က ဘေဂျင်းမြို့မှာ စတည်ထောင်ခဲ့ပါတယ်။ နှစ်တွေကြာလာတဲ့အခါမှာတော့ တရုတ်နိုင်ငံရဲ့ အကြီးဆုံး search engine တစ်ခုဖြစ်လာခဲ့ပါတယ်။ Baidu ရဲ့ အခြား… Continue reading တရုတ်ပြည်ရဲ့ Google (သို့) Baidu