ဗီယက်နမ်ပိုင် လူမှုကွန်ရက် ၂၀၂၀အကုန်မှာ အသုံးပြုသူ သန်း၉၀ရှိရန်မျှော်မှန်း

ဗီယက်နမ် ဆက်သွယ်ရေး၀န်ကြီးက လာမယ့် ၂၀၂၀ အကုန်မှာ ဗီယက်နမ်လုပ် လူမှုကွန်ရက်တွေကို ဗီယက်နမ် ပြည်သူသန်း၉၀ အသုံးပြုဖို့ ရည်မှန်းချက်ချမှတ်ထားပြီး Facebook လိုနိုင်ငံခြားပိုင်လုပ်ငန်းတစ်ခုက ဗီယက်နမ် နိုင်ငံမှာ ‌ေစျးကွက်တစ်ခုလုံးလက်၀ါးကြီးအုပ်ထားတာမျိုးကို ဆက်လက် တိုက်ဖျက်သွားမယ်လို့ လွန်ခဲ့တဲ့ သော ကြာ နေ့က ပြောကြားခဲ့ကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းတစ်ပုဒ် အရသိရပါတယ်။ ဆက်သွယ်ရေး၀န်ကြီးNguyễn Mạnh Hùng က အမျိုးသားညီလာခံမှာ ထိုသို့ပြောလိုက်ပြီး ၉၂သန်းကျော် ဗီယက် နမ်ပြည်သူတွေကလည်း မိမိတို့ရဲ့ ထုတ်ကုန်ကို ပိုမိုအားပေးလာအောင် အထောက်အပံ့ ပေးရမယ်လို့ပြော ကြားခဲ့ပါ တယ်။ ဗီယက်နမ်မှာ ပြည်တွင်းပိုင် လူမှုကွန်ရက် Zalo နဲ့Mocha တို့ရှိကြတဲ့အပြင် ၂၀၁၉ ခုနှစ်လပိုင်းတွေ အ တွင်းမှာပဲLotus၊Gapoနဲ့ Hahalolo… Continue reading ဗီယက်နမ်ပိုင် လူမှုကွန်ရက် ၂၀၂၀အကုန်မှာ အသုံးပြုသူ သန်း၉၀ရှိရန်မျှော်မှန်း

Published
Categorized as Business

ဆော်ဒီရှိ ရေနံကုမ္ပဏီ ၂ ခု တိုက်ခိုက်ခံခဲ့ရသဖြင့် ကမ္ဘာ့ဆီဈေးတက်လာနိုင်သလား

ပြီးခဲ့တဲ့အပတ်က ဆော်ဒီရှိ ကမ္ဘာ့အကြီးဆုံး ရေနံထုတ်လုပ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ Aramco နှင့် Abqaiq တို့ဟာ Drone ဖြစ်တိုက်ခိုက်ခြင်းခံလိုက်ရပါတယ်။ မည်သူ တိုက်ခိုက်သွားသလဲဆိုတာကိုတော့ အခုအချိန်အထိ အတိအကျသိ ခြင်း မရှိသေးပါဘူး။ ကမ္ဘာ့ရေနံရဲ့ ၁၀% ဟာ Aramco မှ ထုတ်ပေးနေတာဖြစ်ပြီး ၇% ကိုတော့ Abqaiq က ထုတ်ပေးနေတာ ဖြစ်ပါ တယ်။ဒီလိုကမ္ဘာ့အကြီးဆုံး ရေနံထုတ်လုပ်မှုကုမ္ပဏီကြီး(၂)ခု တစ်ပြိုင်တည်းမှ တိုက်ခိုက်ခြင်းခံလိုက်ရတဲ့ အတွက် ကမ္ဘာ့ရေနံဈေးနှင့် ဓာတ်ဆီဈေးများ တက်လာမှာကို စီးပွားရေးသမားများအပြင် တစ်ကမ္ဘာလုံးက စောင့်ကြည့် နေကြတာဖြစ်ပါတယ်။ လေ့လာသူများ၏ပြောကြားချက်အရ ပြီးခဲ့တဲ့သောကြာနေ့က ကမ္ဘာ့ရေနံဈေးဟာ တစ်စည်ကိုဒေါ်လာ 60 ရှိခဲ့ပြီး စက် တင်ဘာလ ၁၆ရက် တနင်္လာနေ့ ဈေးပြန်ဖွင့်တဲ့အခါမှာ ဒေါ်လာ 80 အထိဖြစ်နိုင်တဲ့အပြင် ဓာတ်ဆီဈေးတွေပါ… Continue reading ဆော်ဒီရှိ ရေနံကုမ္ပဏီ ၂ ခု တိုက်ခိုက်ခံခဲ့ရသဖြင့် ကမ္ဘာ့ဆီဈေးတက်လာနိုင်သလား

ဒစ်ဂျစ်တယ် ငွေကြေးနည်းပညာသစ်အတွက် ဥပဒေရေးဆွဲဖို့ စဉ်းစားကြပြီလား

ဒစ်ဂျစ်တယ် ငွေကြေးနည်းပညာသစ်နဲ့ပတ်သက်ပြီးခရစ်တိုကာရင်စီအကြောင်း သတင်းစာတွေမှာ နိုင်ငံသိစာရေး ဆရာ တစ်ချို့ ဆောင်းပါးတွေရေး ခဲ့ဖူးကြတဲ့အတွက် ကြား ဖူးကြမယ်လို့ တော့ထင်ပါ တယ်။ ရေးခဲ့ကြတဲ့ဆရာကြီး တွေကလည်း ခရစ်တိုကာရင်စီရဲ့အကျိုးထက်အပြစ်တွေကိုသာ ဇောင်းပေးရေးသားခဲ့ကြတယ်လို့ ဆိုချင်ပါတယ်။ ခရစ်တိုကာရင်စီ (Cryptocurrency)ကိုမကြားဖူးဘူးလို့ဆိုရင်တော့ အများစုကြားဖူးမယ့် Bitcoin ဆိုတဲ့ ဝေါဟာရလေးကိုပဲ အစဖေါ် ပေးပါရစေ။ ဒါကိုလည်း မကြားဖူးပါဘူးဆိုရင်တော့ သင်ဟာ ၂၁ ရာစုကမ္ဘာကြီးနဲ့ အတော့်ကို အလှမ်းဝေးနေပြီဆိုတာ သေချာပါပြီ။ ဒါမှမဟုတ် ကြားဖူးပါတယ်။ဒါကြီးက တရားမဝင်ပါဘူး No လို့ ပြောလိုက်ပြီဆိုရင်တော့လည်း သင်က မြန် မာနိုင်ငံသား ပီသတဲ့လူတစ်ယောက်လို့ဆိုရမှာဖြစ်ပါတယ်။ မြန် မာနိုင်ငံသားမှန်ရင် အများစုက အမြဲတမ်းအနှစ် ၂၀လောက် နောက်ကောက်ကျနေတတ်တယ်လို့ဆိုရင် စိတ်မဆိုး စေချင်ပါဘူး။ ခေတ်အဆက်ဆက်ဖြတ်သန်းလာခဲ့ရတဲ့ ဒီနိုင်ငံရဲ့ပညာရေးနဲ့ စီမံအုပ်ချုပ်ပုံစနစ်တွေကြောင့် အသစ်အဆန်းတွေကို… Continue reading ဒစ်ဂျစ်တယ် ငွေကြေးနည်းပညာသစ်အတွက် ဥပဒေရေးဆွဲဖို့ စဉ်းစားကြပြီလား

Published
Categorized as Business

ဥရောပသမဂ္ဂမှ ဗြိတိန်ထွက်ပြီးနောက်ပိုင်းကာလအတွက် ဗြိတိန်နဲ့ တောင်ကိုရီးယားတို့ လွတ်လပ်တဲ့ ကုန်သွယ်မှု သဘောတူစာချုပ်ချုပ်ဆို

ဥရောပသမဂ္ဂ EUမှ ဗြိတိန်ထွက်ပြီးနောက်ပိုင်းကာလအတွက် ဗြိတိန်နဲ့ တောင်ကိုရီးယားနှစ်နိုင်ငံရဲ့ လွတ်လပ်တဲ့ ကုန်သွယ် ရေး သဘောတူစာချုပ်ကို ဇွန်လ ၁၀ရက်နေ့ကချုပ်ဆိုခဲ့ပါတယ်။ ၎င်းစာချုပ်အရ ဗြိတိန်ဟာ အောက်တိုဘာ လ အကုန်တွင် EU မှ သဘောတူညီမှုရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ လုံးဝအပြီးပိုင်ခွဲထွက်မယ်ဆိုတဲ့ သဘောကို သက်ရောက်နေတာ တွေ့ရပါတယ်။ဗြိတိန်ဟာ ၂၀၁၆ခုနှစ်ကတည်းက EU မှခွဲထွက်ရန်ကြိုးစားခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ သို့သော် ကြား ဝင်ဖြန်ဖြေရေး အဖွဲ့တွေကြောင့် အပြီးအပိုင်ခွဲထွက်ခွင့်မရပဲ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီမှု စာချုပ် ပေါင်း (၄၀) လောက် ကျန်ရှိနေသေးတာဖြစ်ပါတယ်။ တောင်ကိုရီးယားဟာ လွန်ခဲ့တဲ့နှစ်တွေကတည်းက EU နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်နေခဲ့တာဖြစ်ပါတယ်။ သို့သော် ယခု ဗြိတိန် နဲ့ ချုပ်ဆိုလိုက်တဲ့ စာချုပ်ဟာ EU နိုင်ငံတွေနဲ့ ၂၀၁၁ခုနှစ်က ချုပ်ဆိုခဲ့တဲ့ စာချုပ်တန်ဖိုးထက်… Continue reading ဥရောပသမဂ္ဂမှ ဗြိတိန်ထွက်ပြီးနောက်ပိုင်းကာလအတွက် ဗြိတိန်နဲ့ တောင်ကိုရီးယားတို့ လွတ်လပ်တဲ့ ကုန်သွယ်မှု သဘောတူစာချုပ်ချုပ်ဆို

FedEx ကုမ္ပဏီက Amazon ကုမ္ပဏီနှင့် လက်တွဲဖြုတ်မည်ဖြစ်ကြောင်းပြောကြား

E-commerce လောကမှာ နာမည်ကြီးတဲ့ FedEx သယ်ယူပို့ဆောင်ရေး ကုမ္ပဏီကြီးဟာ Amazon ကုမ္ပဏီနှင့် အမေရိကန်နိုင်ငံအတွင်း သယ်ယူပို့ဆောင်မှုလုပ်ငန်းကို ရပ်တန့်တော့မှာဖြစ်ကြောင်း ဇွန်လ ၇ရက် သောကြာနေ့တွင် ပြောကြားခဲ့ပါတယ်။ FedEx ဟာ ကုန်ပစ္စည်းတွေကို ကုန်းကြောင်း၊ လေကြောင်းဖြင့် ကမ္ဘာ့ အနှံ့သို့ပို့ဆောင်ပေးနေ တဲ့ ကုမ္ပဏီကြီးဖြစ်ပါတယ်။ FedEx ကုမ္ပဏီဟာ Amazon ကုမ္ပဏီနှင့် လက်တွဲပြီးအလုပ်လုပ်နေတာ နှစ် အ တော်ကြာခဲ့ပြီးဖြစ်ပါတယ်။ သို့သော် E-commerce ဈေးကွက် တိုးတက်ရေးအတွက် ရှေးရှုပြီး အခုလို့ Amazon ကုမ္ပဏီနှင့် လက်တွဲဖြုတ်တာဖြစ်တယ်လို့ သိရပါတယ်။ FedEx ကုမ္ပဏီ၏ပြောကြားချက်အရ နောက်ပိုင်းခေတ်တွေမှာ E-commerce ဈေးကွက်ဟာ အလွန်ကိုဖွံ့ဖြိုး လာ တော့မှာဖြစ်ပါတယ်။အမေရိကန်တွင် ပို့နေရတဲ့ အထုပ်အရေအတွက်ဟာ နေ့စဉ်နှင့်အမျှ တိုးပွားနေတာဖြစ်ပါတယ်။ ထို့ကြောင်း… Continue reading FedEx ကုမ္ပဏီက Amazon ကုမ္ပဏီနှင့် လက်တွဲဖြုတ်မည်ဖြစ်ကြောင်းပြောကြား

Forbes က ၂၀၁၉ ခုနှစ် စီးပွားရေးလုပ်ငန်းအတွက် အကောင်းဆုံးနိုင်ငံများစာရင်းမှာ မြန်မာကို အဆင့် ၁၃၇ သတ်မှတ်

Forbes ဆိုတဲ့ ကမ္ဘာကျော်မဂ္ဂဇင်းကြီးကိုတော့ စာဖတ်တဲ့ လူတိုင်းနီးပါးလောက်ထိ ကြားဖူးကြမှာ သေချာ ပါတယ်။ဒီမဂ္ဂဇင်းရဲ့ မျက်နှာဖုံးနေရာမှာ ဖေါ်ပြခံရသူတွေဟာ ကမ္ဘာပေါ်က အထင်ကရတွေဖြစ်တဲ့အပြင် ကမ္ဘာ ပေါ်ကထိပ်သီးစာရင်း Top List တွေကို ပုံမှန်ထုတ်ပြန်ပေးနေတဲ့ အတွက်ကြောင့် လူသိများပြီး သြဇာတက္ကမ ကြီးမား တဲ့မဂ္ဂဇင်းတစ်ခုလည်းဖြစ်ပါတယ်။ အခုလည်း ၂၀၁၈ ခုနှစ်အတွင်းမှာ ကမ္ဘာပေါ်က နိုင်ငံပေါင်း ၁၆၁ နိုင်ငံကို စီးပွားရေးလုပ်ငန်းလုပ်ဆောင်မှု အတွက်စူးစမ်းလေ့လာခဲ့ပြီး အဆင့်သတ်မှတ်ထုတ်ပြန်လိုက်ပါတယ်။ ဒီစာရင်းကိုတော့ Best countries for business 2019 လို့ အမည်ပေးထားပြီး ဒီစာရင်းမှာ မြန်မာနိုင်ငံကိုတော့ အဆင့် ၁၃၇ သတ်မှတ် ထားတာ တွေ့ရှိရပါတယ်။ ဒီစာရင်းကို ပြုစုရာမှာ မတူညီတဲ့ အချက်အလက် ၁၅ မျိုးကို အခြေခံထားတယ်လို့… Continue reading Forbes က ၂၀၁၉ ခုနှစ် စီးပွားရေးလုပ်ငန်းအတွက် အကောင်းဆုံးနိုင်ငံများစာရင်းမှာ မြန်မာကို အဆင့် ၁၃၇ သတ်မှတ်

Published
Categorized as Business