မျိုးဆက်သစ်တွေ စနစ်တကျ တန်းစီကြပါ

အစိုးရရဲ့ ပြည်သူ့၀န်ဆောင်မှုလုပ်ငန်းတေွမှာ ကွန်ပျူတာစနစ်ကို စနစ်တကျအသုံးမပြုနိုင်သေးတာရယ်၊ ၀န်ထမ်း တွေကိုယ်တိုင်က ၀တ်ကျေတန်းကျေ လုပ်ဆောင်နေတာတွေ၊ ပြည်သူတွေကိုယ်တိုင်ကလည်း ခေါက်ရိုးကျိုးနေတဲ့ ပုံ သေအတွေးအခေါ်တွေကြောင့် မြန်မာနိုင်ငံသားအများပြည်သူတွေဟာ ယနေ့အချိန်အခါထိ ကောင်းမွန်တဲ့ ၀န်ဆောင် မှုတွေကို မခံစားနိုင်ကြသေးပါဘူး။အများပြည်သူနဲ့ပတ်သက်တဲ့နေရာအများစုမှာ ခုအချိန်ထိ စနစ်တကျ တန်းစီ တာတွေ၊စနစ်တကျတန်းစီနိုင်အောင်စီမံခန့်ခွဲပေးတာတွေ အင်မတန်နည်းပါးနေပါသေးတယ်။ နိုင်ငံခြားသားတွေ အ ၀င်အထွက်ရှိတဲ့ လေဆိပ်လိုနေရာမျိုးကလွဲရင် ပေါ့။ ဒီထဲမှာ ရန်ကုန်မြို့တော် ဘူတာကြီးထဲက ကုန်းလမ်း ပို့ ဆောင် ရေးဌာနရဲ့နေ့ချင်းပြီး ယာဥ်မောင်းလိုင်စင်သက်တမ်းတိုးပေးနေတဲ့ နေရာဟာလည်းအပါအ၀င်ပါပဲ။ ရန်ကုန်ဘူတာကြီးရဲ့ကျယ်၀န်းလှတဲ့ ရှေ့မျက်နှာစာမှာ အများပြည်သူတွေ စနစ်တကျတန်းစီနိုင်အောင် စီစဥ◌် ပေးလို့ရသလို တစ်ဆင့်ပြီးတစ်ဆင့်လုပ်ဆောင်ရမယ့်အစီအစဥ◌်တွေဖြစ်တဲ့ လိုင်စင်ပြပြီးလျှောက်လွှာ ထုတ်ယူ ခြင်း၊ဖြည့်သွင်းပြီးလျှောက်လွှာများကို အစီအစဥ◌်တကျလက်ခံခြင်း၊ အာမခံကြေးသွင်းရမယ့်နေရာမှာ စနစ်တကျ တန်းစီခြင်း၊အာမခံကြေးသွင်းပြီးတဲ့အခါ သက်တမ်းတိုးကြေးသွင်းဖို့တန်းစီးခြင်း၊ သက်တမ်းတိုးကြေးသွင်းပြီး ကြောင်း ဖြတ်ပိုင်းရယူခြင်းနဲ့… Continue reading မျိုးဆက်သစ်တွေ စနစ်တကျ တန်းစီကြပါ

ဗီယက်နမ်တွေ ချံပီယံဖြစ်ပြီ

မနေ့က ဗီယက်နမ်နိုင်ငံမှာ ဒုတိယအကျော့ ဆူဇူကီးဖလား ၂၀၁၈ ဘော်လုံးဗိုလ်လုပွဲအဖြစ် ဗီယက်နမ်နဲ့ မလေးရှားတို့ ကစားကြရာမှာ ဗီယက်နမ်က တစ်ဂိုး၊ဂိုးမရှိနဲ့ အနိုင်ရသွားပြီး ဗိုလ်စွဲခဲ့ပါတယ်။ ဒါဟာ ဗီယက်နမ်အတွက် ပထမဆုံး အကြိမ်ဗိုလ်စွဲခြင်းဖြစ်တဲ့ အတွက် မနေ့ ညကတော့ ဗီယက်နမ်တွေအတွက် ပျော်မဆုံးတဲ့ ညတစ်ညပါပဲ။ဒီနေ့မှာတော့ ဗီယက်နမ်တွေ ချံပီယံဖြစ်ပြီ Vietnam are Champion! ဆိုတဲ့ စာလုံးကြီးကြီး ခေါင်းကြီးပိုင်းသတင်းတွေဟာ ဗီယက် နမ်သတင်းစာမျက်နှာတွေပေါ်မှာနေရာယူနေတာတွေ့ရပါတယ်။ ဘယ်နိုင်ငံဘယ်လူမျိုးပဲဖြစ်ဖြစ်တိုးတက်အောင်မြင်မှုကိုတော့ လူသားတစ်ယောက်အနေနဲ့ ကြိုဆိုရမှာဖြစ်ပါတယ်။ လွန်ခဲ့ တဲ့ ၁၉၈၈ ကာလတွေဆီက ကိုယ်တို့လိုပဲ ဘာမှမဟုတ်သေးတဲ့ ဗီယက်နမ်တွေဟာ ဒီနေ့တော့ အာဆီယံဒေသအတွင်း စီးပွားရေးအပါအဝင် အစစအရာရှေ့ရောက်လို့ လာခဲ့ပါပြီ။ ကိုယ်တွေကတော့ ခုချိန်ထိ တိုးတက်ဖြစ်ထွန်းမှုရယ်လို့ မယ်မယ်ရရလက်ညှိုးထိုးပြစရာမရှိလောက်အောင်ဖြစ်နေရုံသာမက တိုင်းရင်းသားစည်းလုံးညီညွတ်ရေး လမ်းကြောင်း ပေါ်ခုထိမလျှောက်နိုင်သေးတာရယ်၊အမြင်မတူတဲ့… Continue reading ဗီယက်နမ်တွေ ချံပီယံဖြစ်ပြီ

Published
Categorized as Inspiration

မြန်မာတွေ အဝေးကွင်းကန်တတ်ဖို့ လိုနေပြီ

မြန်မာတွေ ဘော်လုံးဝါသနာကြီးတာ၊ ဘော်လုံးမှာထူးချွန်ခဲ့တာတွေကို အာရှနိုင်ငံအတော်များများက သိကြပါတယ်။ ဘော်လုံးနဲ့ ပတ်သက်လာရင် ဝါသနာကြီးလှပြီး လက်ရွေးစင်အသင်းအပေါ်မှာ အားပေးနေကြတဲ့ မြန်မာပရိတ်သတ်တွေ တလောက ကျင်းပခဲ့တဲ့ ဆူဇူကီးဖလား ၂၀၁၈ ဘော်လုံးပွဲတွေကို ကြည့်ပြီး အတော်လေး စိတ်မသက်မသာဖြစ်ခဲ့ကြရမယ် ထင်ပါတယ်။ အိမ်ကွင်းမှာ ဗီယက်နမ်လိုအသင်းကို သရေကန်ခဲ့တဲ့ မြန်မာအသင်းဟာ အိမ်ရှင်မလေးရှားနဲ့ အဝေး ကွင်းကန်တဲ့ အချိန်မှာတော့ ပရိုခြေတွေပျောက်လို့ စင်ပေါ်က ပရိတ်သတ်ကို ကြောက်တဲ့အတွက် နဂိုခြေကိုတောင် မတွေ့ရတော့ပါဘူး။ ဒီပွဲကိုကြည့်ရင်း မြန်မာတွေဟာ စီးပွားရေးမှာသာမက ဘော်လုံးမှာလည်း အဝေးကွင်းကန်ရမှာ ကြောက်နေတုန်းပဲလားလို့အတွေးဝင်လာမိပါတယ်။ သူများတွေ အဝေးကွင်းကန်တာကျင့်သားရနေပြီ ဒီနေ့ နောက်တက်လာတဲ့ ဗီယက်နမ်ကတောင် အိမ်ကွင်းစီးပွားရေးကစားပွဲကနေ အဝေးကွင်းဆီကို အရှိန်အဟုန်နဲ့ ပြေး လွှားကစားနေပါပြီ။ ကုန်အမှတ်တံဆိပ်သစ်တွေ ကမ္ဘာ့ဈေးကွက်ထဲကို စတင်ခြေချနေပါပြီ။ ဗီယက်နမ် ဘော်လုံး… Continue reading မြန်မာတွေ အဝေးကွင်းကန်တတ်ဖို့ လိုနေပြီ

Published
Categorized as Inspiration

မြန်မာပလာဇာနောက်ကွယ်က ဗီယက်နမ်စီးပွားရေးကျား

ရှေးဟောင်းမြို့တော်တစ်ခုလို ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ ရန်ကုန်မြို့တော်ကို မကြာခင်နှစ်ကာလကစပြီး ခေတ်မီမြို့တော် အသွင်ကို စုတ်ချက်တင်ကာ အလှဆင်ခဲ့တဲ့ အဆောက်အဦးတစ်ခုကတော့ မြန်မာပလာဇာလို့ လူသိများတဲ့ နိုင်ငံတကာ အဆင့်မီ ဈေးဝယ်စင်တာကြီးပဲဖြစ်ပါတယ်။ ရန်ကုန်သူရန်ကုန်သားတွေအတွက် မြန်မာ ပလာဇာမှမရောက်ဖူးရင်တော့ ခေတ်မီတယ်လို့တောင်မဆိုနိုင်သလို နယ်ကတက်လာတဲ့ လူတွေ အတွက်လည်း မြန်မာပလာဇာက မဖြစ်မ နေသွား လည်ဖို့ ဆွဲဆောင်တဲ့ နေရာတစ်ခုဖြစ်လာပါပြီ။ကျယ်ဝန်းလှတဲ့ မြန်မာပလာဇာ ဝင်းကြီးရဲ့ ဆွဲဆောင်မှု ကို သာယာ လှပတဲ့ အင်းလျာရှုခင်းနဲ့ ဖြောင့်တန်းလှတဲ့ ကမ္ဘာအေးဘုရား လမ်းမကြီးက ထပ်လောင်းပြီး အားဖြည့် ပေး နေပြန်ပါတယ်။ တကယ်တော့ မြန်မာ့မြေပေါ်မှာ တည်ရှိနေလို့သာ မြန်မာပလာဇာလို့ မှည့်ခေါ်ပေမယ့် ဒီနေရာမှာရှိတဲ့ မြန်မာ ပလာ ဇာအပါအဝင် စီးပွားရေးလုပ်ငန်းစုတွေဖြစ်ကြတဲ့ Myanmar Centre Tower၊Myanmar Certre၊… Continue reading မြန်မာပလာဇာနောက်ကွယ်က ဗီယက်နမ်စီးပွားရေးကျား

ကမ္ဘာကျော်ဘော်လုံးသမား မက်ဆီကိုတွေ့ဖို့ ရုရှားကို စက်ဘီးစီးပြီး ခရီးနှင်လာတဲ့ အိန္ဒိယ ကျောင်းဆရာ

လူဆိုတာ ယုံကြည်ရာတစ်ခုအတွက် အသက်တောင်စွန့်ရဲတယ်ဆိုတဲ့ အဆိုတော်လေးဖြူရဲ့ တေးသွားက တကယ်ကို အလေးထားလောက်ပါပေတယ်။ ခုပဲကြည့်လေ အိန္ဒိယနိုင်ငံက အလွတ်သင်သင်္ချာဆရာ Clinfin Francis ဟာ ရုရှားမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားဘော်လုံးပွဲမှာ ကမ္ဘာကျော် ဘော်လုံးမှော် မက်ဆီကို တွေ့ဖို့ စက်ဘီးစီးပြီး ခရီး နှင်ခဲ့သူဖြစ်ပါတယ်။သူ စာသင်တာ တစ်နေ့မှ ဒေါ်လာ ၄၀ ရပါတယ်။ သူ့အနေနဲ့ ရုရှားမှာ တစ်လနေပြီး ဘော်လုံပွဲ သွားကြည့်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူးလို့ သူကဆိုပါတယ်။ ဒီတော့ သူ့အတွက် အသက်သာဆုံးနည်းကတော့ စက်ဘီးစီးပြီးသွားဖို့ပါပဲ။ သူ့သူငယ်ချင်းတွေကတော့ မယုံကြပါဘူး။ဒါပေမဲ့ သူကတော့ တကယ့်ကို ဆုံးဖြတ်ချက်ချခဲ့သူပါ။ ကုန်ခဲ့တဲ့ ဖေဖေါ်ဝါရီ ၂၃ မှာ ဒူဘိုင်းကို လေယာဉ်စီးပြီး ခရီးစတင်ပါတယ်။ဒူဘိုင်းကနေ အီရန်ကို ကူတို့သင်္ဘော ဆက်စီးပါတယ်။… Continue reading ကမ္ဘာကျော်ဘော်လုံးသမား မက်ဆီကိုတွေ့ဖို့ ရုရှားကို စက်ဘီးစီးပြီး ခရီးနှင်လာတဲ့ အိန္ဒိယ ကျောင်းဆရာ

လူမသိသေးတဲ့ ကမ္ဘာပေါ်က ထူးဆန်းတဲ့နေရာများ

၁။ အစက်အပြောက်တွေနဲ့ ပြည့်နေတဲ့ ရေကန်၊ ဗြိတိန် ကိုလန်ဘီယာ၊ ကနေဒါ ဒီရေကန်ကို အုတ်ကန်ဂန် လူမျိုးတွေက အချိန်တော်တော်ကြာကြာထိ ထိန်းသိမ်းထားတာဖြစ်ပြီး သူတို့က ဒါကို အထွတ်အမြတ်နေရာတစ်ခုအဖြစ်သတ်မှတ်ထားကြတာဖြစ်ပါတယ်။ နွေရာသီမှာ ရေတွေက အငွေ့ပျံကုန်ပြီး ဓါတ်ဆားတွေက အစက်အပျောက်အနေနဲ့ကျန်နေခဲ့ပါတယ်။ တစ်ခုနဲ့တစ်ခု အနီးကပ်ရှိနေတဲ့ အစက်အပျောက်တွေက က အရောင်တွေမတူကြပါဘူး။ ၂။ ဘီလူးကြီးရဲ့ သွားရာလမ်း   လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၆၀ လောက်က ကြီးမားတဲ့မီးတောင်ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး မီးတောင်ကချော်ရည်တွေဟာ လျှံထွက်လာပြီး မီးသင့်ကျောက်တွေက လေနဲ့ထိတွေ့တဲ့အခါ အေးခဲသွားပြီး ယနေ့မြင်နေကျပုံစံအတိုင်းမြင်တွေ့ကြရတာဖြစ်ပါတယ်။ ဒီနေရာမှာ ဗဟုဂံပေါင်း ၃၇၀၀၀ လောက်ရှိတယ်လို့ခန့်မှန်းထားပြီး ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းခံထားရတဲ့နေရာတစ်ခုဖြစ်ကာ ပထဝီအနေအထားအရ ဘီလူးကြီးတွေ ဖောက်ခဲ့တဲ့လမ်းလို့လည်း ခေါ်လို့ရပါတယ်။ ၃။ Thor ရေတွင်း ၊ အော်ရီဂွန်၊… Continue reading လူမသိသေးတဲ့ ကမ္ဘာပေါ်က ထူးဆန်းတဲ့နေရာများ

လီယိုနာဒိုဒါဗင်ချီရေးဆွဲခဲ့တဲ့ ပန်းချီများထဲမှ ဆန်းကြယ်မှုတွေနဲ့ပြည့်နှက်နေတဲ့ ပန်းချီလက်ရာ ၅ ခု

သူရေးထားတဲ့ ပန်းချီတွေထဲမှာ ဘာထူးခြားမှုတွေရှိလဲဆိုတာလေ့လာကြည့်ကြရအောင် ၅။ ဆာဗေးတာမွန်ဒီ (Salvator Mundi) ပန်းချီကားထဲက မှားယွင်းနေတဲ့အရာတစ်ခု တစ်ကယ်လို့ပုံကိုအနီးကပ်ကြည့်လိုက်မယ်ဆိုရင် ဖန်လုံးနောက်က ယေရှုရဲ့ လက်ကိုဖောက်ထွင်းမြင်တွေ့ရတယ်ဆိုတာကို သင်သတိထားမိမှာပါ။ ဒါပေမယ့် မြင်မှုဆိုင်ရာနဲ့ပတ်သက်ပြီး စနစ်တကျလေ့လာခဲ့တဲ့သူက ဖန်လုံးနောက်က လက်ရဲ့နောက်ခံဟာ ဒီလိုပုံစံနဲ့ ဖြစ်မနေရဘူးဆိုတာကို သူသိခဲ့ဖို့ကောင်းပါတယ်။ နောက်ခံက ပုံကြီးချဲ့ထားသလိုဖြစ်နေရမှာဖြစ်ပြီး ဆုံချက်ကနေ သွေဖီစွာရေးဆွဲထားသလိုမျိုးဖြစ်နေရမှာပါ။ ၄။ နောက်ဆုံးညလယ်စာ ပန်းချီကားနဲ့ပတ်သက်ပြီး အံ့အားသင့်ဖို့ကောင်းတဲ့အချက် ဒီပတ်တူစပန်းချီကားထဲမှာ ယေရှု နဲ့ ဂျူးဒပ်စ်ကို ဘယ်အရာကပေါင်းစည်းစေပါသလဲ။ ပန်းချီကားဆွဲရာမှာ ဟန်ပြအနေနဲ့ နေခဲ့ပေးတဲ့သူက ယေရှုအတွက်ရော၊ ဂျူးဒပ်စ်အတွက်ရော သရုပ်ဆောင်ပေးခဲ့တယ်လို့ ဒဏ္ဍာရီအဆိုရှိပါတယ်။ ကံမကောင်းစွာနဲ့ပဲ ဟန်ပြအနေနဲ့ နေပေးခဲ့တဲ့သူက ဘယ်သူဘယ်ဝါဖြစ်ခဲ့တယ်ဆိုတာ မသိတဲ့အချက်ပါပဲ။ ဒဏ္ဍာရီအဆိုအရ ဒါဗင်ချီက ယေရှုပုံဆွဲဖို့အတွက် ချာပ်ကျောင်းက ဓမ္မဆေးဆိုတဲ့အထဲမှာ ပါဝင်ခဲ့တဲ့ ကောင်လေးတစ်ယောက်က လုပ်ဆောင်ပေးခဲ့တယ်လို့… Continue reading လီယိုနာဒိုဒါဗင်ချီရေးဆွဲခဲ့တဲ့ ပန်းချီများထဲမှ ဆန်းကြယ်မှုတွေနဲ့ပြည့်နှက်နေတဲ့ ပန်းချီလက်ရာ ၅ ခု

ကမ္ဘာ့အံ့ဖွယ် ၇ ခု

၁။ Great Wall   လပေါ်ကနေ ကမ္ဘာကို တိမ်တွေကင်းစင်တဲ့အချိန်မှာ ကြည့်ရင် မြင်ရမယ့် အရာတစ်ခုတည်းက ဂရိတ်ဝေါလ်ပါပဲ။ ၂။ Petra   ပက်ထရာဟာ ဂျော်ဒန်နိုင်ငံမှာတည်ရှိပါတယ်။ အင်ဒီယာနာဂျူန်း ဇာတ်ကား ကြည့်ဖူးတယ်ဆိုရင်တော့ သူ့ကိုမှတ်မိနေမှာပါ။ ၃။ Christ the Redeemer   ဘုရားဇီးနိုင်ငံက တောင်ကုန်းပေါ်မှာတည်ရှိပြီး လူသွားလူလာများတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ ၄။ Mechu Picchu ဒီနေရာကတော့ ပီရူးနိုင်ငံ တောင်ကုန်းပေါ်မှာတည်ရှိတာဖြစ်ပြီး သူလည်းအံ့ဖွယ်ထဲမှာပါဝင်ပါတယ်။ ၅။ Chichen Itza   ပိရမစ်ပုံစံတည်ရှိပြီး သိပ္ပံပညာရှင်တွေအတွက် ပဟေဠိ တွေကို ပေးတဲ့အဆောက်အအုံတစ်ခုလည်းဖြစ်ပါတယ်။ ၆။ Colosseum ရောမမြို့မှာတည်ရှိပြီး ရှေးခေတ်က အတွေးခေါ်ပညာရှင်တွေကို ပညာသင်ကြားခဲ့တဲ့ နေရာဖြစ်ခဲ့ပုံရပါယ်။ ၇။ Taj Mahal… Continue reading ကမ္ဘာ့အံ့ဖွယ် ၇ ခု

အဖြေထက် မေးစရာတွေကို ပိုဖြစ်စေခဲ့တဲ့ သိပ္ပံနယ်ပယ်ထဲက ရှာဖွေတွေ့ရှိမှု ၇ ခု

တစ်ခါတစ်လေကျ ရင်လူတွေက သူတို့အကုန်လုံးကို သိတယ်လို့ ထင်နေကြပါတယ်။ ဒါပေမယ့် ရှာဖွေတွေ့ရှိမှုအသစ်တွေ ရောက်ရှိလာချိန်မှာတော့ အားလုံးသိပါတယ်ဆိုတဲ့သူတွေ နလပိန်းတုံးတွေဖြစ်ကုန်ကြပါတယ်။ ၁။ Embryo Mummy ၂၀ ရာစုအစမှာ သိပ္ပံပညာရှင်တွေက ကျောက်တလား အသေးစားတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ အစပိုင်းမှာတော့ ဒီတွေ့ရှိမှုက လူတွေကို အံ့အားမသင့်စေခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရှေးအီဂျစ်က ဒီလိုကျောက်တလားတွေမှာ လူသေတွေရဲ့အစိတ်အပိုင်းကို မြှပ်နှံလေ့ရှိခဲ့တာကြောင့်ပါ။ ဒါပေမယ့် ပုံမှာပြထားတဲ့အတိုင်း ၎င်း ကျောက်တလားမှာ လူသေရဲ့ အင်္ဂါအစိတ်အပိုင်း မြှပ်နှံထားခြင်းမရှိပါဘူး။ အခေါင်းထဲမှာရှိနေတာက ကလေးငယ် အလောင်းလို့ယူဆရပါတယ်။ ကလေးငယ်သေပြီးတဲ့အချိန်မှာ embryo လေးဟာ ၁၆  ကနေ ၁၈ ပတ်အတွင်း ဖွံ့ဖြိုးလာခဲ့တယ်လို့ ယူဆရပါတယ်။ ကျောက်တလားကို တွက်ချက်ကြည့်မယ်ဆိုရင် B.C ၆၆၄ ကနေ ၅၂၅ အတွင်းဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။… Continue reading အဖြေထက် မေးစရာတွေကို ပိုဖြစ်စေခဲ့တဲ့ သိပ္ပံနယ်ပယ်ထဲက ရှာဖွေတွေ့ရှိမှု ၇ ခု

Kiip ကုမ္ပဏီ ၏ CEO ဖြစ်သူ Brian Wong ပြောတဲ့ အောင်မြင်မှုဆိုတာ

စွန့်ဦးတီထွင်တွေ ယနေ့ကမ္ဘာပေါ်မှာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာပြီး အချို့ကျတော့ အောင်မြင်မှု တွေ ဆွတ်ခူးနိုင်ခဲ့သလို အချို့တွေကတော့ ကျရှုံးမှုတွေလည်း ရင်ဆိုင်နေရပါတယ်။ အသက် ၂၆ နှစ်အရွယ် ကနေဒါ နိုင်ငံသား စွန့်ဦးတီထွင်တစ်ယောက်ဖြစ်သူ Brian Wong ကတော့ အောင်မြင်မှုနဲ့ပတ်သတ်ပြီး သူ့ရဲ့အဆိုကို CNBC မှာ မျှဝေပြောဆိုသွားပါတယ်။ Brian Wong ပြောတဲ့ အောင်မြင်မှုအကြောင်းကို မပြောခင် သူ့ရဲ့ နောက်ကြောင်းကို ပြန်ကြည့်လိုက်ရအောင်။ Brian Wong ဟာ ကနေဒါနိုင်ငံသားဖြစ်ပြီး အသက် ၁၄ နှစ်အရွယ်မှာ အထက်တန်းကျောင်း၊ အသက် ၁၈ နှစ်အရွယ်မှာ ကောလိပ်ကျောင်းပညာရေးနဲ့ ပြီးခဲ့ပါတယ်။ အသက် ၁၉ နှစ်အရွယ်မှာ Kiip လို့ခေါ်တဲ့ Mobile Advertising Company တစ်ခုကို… Continue reading Kiip ကုမ္ပဏီ ၏ CEO ဖြစ်သူ Brian Wong ပြောတဲ့ အောင်မြင်မှုဆိုတာ