ဆရာတင့်တယ်ရဲ့ ကမ္မဖလ ၀တ္ထု ကို ဒါရိုက်တာပန်းချီစိုးမိုးက ပုံဖေါ်ရိုက်ကူးထားတဲ့ ကမ္မဖလ ရုပ်ရှင်ကား မိတ်ဆက်ပွဲ ကျင်းပ

ဆရာတင့်တယ်ရဲ့ ကမ္မဖလ ၀တ္ထု ကို ဒါရိုက်တာပန်းချီစိုးမိုးက ပုံဖေါ်ရိုက်ကူးတဲ့ ကမ္မဖလ ရုပ်ရှင်ကားသစ် စာနယ်ဇင်းမိတ်ဆက်ပွဲကို ၃၀.၁၂.၂၀၁၉ နေ့က သမ္မတရုပ်ရှင်ရုံကြီးမှာ တခန်းတနား ကျင်းပြုလုပ်ခဲ့ရာမှာ ဒါရိုက် တာ ပန်းချီစိုးမိုးအပါအ၀င် ရုပ်ရှင်၊စာပေနဲ့ ဂီတနယ်ပယ်က အနုပညာရှင်များနဲ့ နီးစပ်ခင်မင်ရာမိတ်ဆွေများ ရုံပြည့်ရုံလျှံတက်ရောက်အားပေးကြည့်ရှုခဲ့ကြကြောင်းသတင်းရရှိပါတယ်။ အဆိုပါရုပ်ရှင်ကားကြီးကို ယခုလ ၂ ရက်နေ့ကစပြီး ရန်ကုန်မြို့ရှိ ရုပ်ရှင်ရုံအတော်များများမှာ အားပေးကြည့် ရှုနိုင်ကြသလို ကျန်တဲ့ နိုင်ငံအ၀န်းက ရုပ်ရှင်ရုံကြီးတွေ မှာလည်းတစ်ပြိုင်တည်း အားပေးကြည့်ရှုနိုင်ကြ ပြီ ဖြစ်ကြောင်းသတင်းရရှိပါတယ်။ အဆိုပါ ကမ္မဖလ ရုပ်ရှင်ကားကြီးကို ဒါရိုက်တာပန်းချီစိုးမိုးက ဦးဆောင်ကာ သရုပ်ဆောင်အကယ်ဒမီ ပြေတီဦး၊ အကယ်ဒမီ မင်းမော်ကွန်း၊အကယ်ဒမီ စိုးပြည့်သဇင်၊အကယ်ဒမီ အေးမြတ်သူနဲ့ မိုးဟေကို အပါအ၀င် သရုပ်ဆောင် ပေါင်းများစွာတို့က ပါ၀င်အားဖြည့်ထားကြပါတယ်။ ခေတ်ဟောင်းကာလတစ်ခုက ရင်နာဖွယ်မိသားစုတစ်ခုရဲ့… Continue reading ဆရာတင့်တယ်ရဲ့ ကမ္မဖလ ၀တ္ထု ကို ဒါရိုက်တာပန်းချီစိုးမိုးက ပုံဖေါ်ရိုက်ကူးထားတဲ့ ကမ္မဖလ ရုပ်ရှင်ကား မိတ်ဆက်ပွဲ ကျင်းပ

တေးသံရှင်၀င်းပိုင်ရဲ့ ၀ါဆိုမိုးနဲ့အချစ်ကျွန် တေးစီးရီးသစ် စာနယ်ဇင်းမိတ်ဆက်ပွဲကျင်းပ

တေးသံရှင်၀င်းပိုင်ရဲ့၀ါဆိုမိုးနဲ့အချစ်ကျွန်တေးစီးရီးသစ်မိတ်ဆက်ပွဲကို ယနေ့ နေ့လည် ၁နာရီက ရန်ကုန်မြို့ Orchard ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ အခန်းအနားသို့ ဖိတ်ကြားထားတဲ့ စာနယ်ဇင်းမီဒီယာများ၊အနုပညာလောမှ တေးသံ ရှင်များ၊ တေးရေးဆရာများနဲ့ တီးခတ်ပေးတဲ့ Evening Star တေးဂီတ ၀ိုင်းတော်သားများ၊ ဒါရိုက်တာ အကယ်ဒမီ လှဆန်းဦးအပါအ၀င်၀င်းပိုင်ရဲ့ရင်းနှီးတဲ့အပေါင်းအသင်းများစုံစုံညီညီတက်ရောက်ခဲ့ကြပါတယ်။ အခန်းအနားမှူးအဖြစ် အလင်းတန်းဂျာနယ် အယ်ဒီတာချုပ် ဆရာအောင်သျှံ၀ိုင်းက ဆောင်ရွက်ပြီး တေးစီးရီးရဲ့ တေးရေးဆရာများဖြစ်ကြတဲ့ သန်းမောင်(စစ်တွေ)၊ မင်းဂျွန်စိုး၊သဟာအောင်၊ရမ္မာ၀တီစံ၀င်း နဲ့ Evening Star တေး ဂီတမှ ဂီတမှူး ကိုကျော်မင်းတို့က တေးစီးရီးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ကိုမိတ်ဆက်ရှင်း လင်း ပြော ကြားခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ တေးသံရှင်၀င်းပိုင်က သူ့ရဲ့တေးစီးရီးသစ်ကို စာနယ်ဇင်းမီဒီယာများသို့ ရှင်း လင်းမိတ်ဆက်စကားပြောကြားခဲ့ပါတယ်။ တက်ရောက်လာကြတဲ့ ဧည့်ပရိသတ်များကို နေ့လည်စာနဲ့ တည်ခင်းခဲ့ပါ တယ်။… Continue reading တေးသံရှင်၀င်းပိုင်ရဲ့ ၀ါဆိုမိုးနဲ့အချစ်ကျွန် တေးစီးရီးသစ် စာနယ်ဇင်းမိတ်ဆက်ပွဲကျင်းပ

အမေရိကန်နာမည်ကြီး တေးရေး၊ တေးဆို Mark Ronson ဟာ sapiosexual တစ်ဦးဖြစ်ကြောင်း ကိုယ်တိုင်ထုတ်ဖော်ပြောကြား

ယခုနှစ် Oscar ဆုပေးပွဲမှာ “Shallow” သီချင်းဖြင့် အကောင်းဆုံးမူရင်းသီချင်းပိုင်ရှင်ဆုကို ရရှိခဲ့သော အသက် (၄၄)နှစ် အရွယ်ရှိ အမေရိကန်နာမည်ကြီး တေးရေး၊ တေးဆို Mark Ronson ဟာ sapiosexual တစ်ဦး ဖြစ် ကြောင်းကို စက်တင်ဘာလ (၁၉)ရက် ကြာသပတေးနေ့တွင် ပြုလုပ်ခဲ့သော ITV’s Good Morning Britain TV အစီ အစဉ်မှာ သူကိုယ်တိုင်ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ထိုသို့ sapiosexual တစ်ဦးဖြစ်ကြောင်း ထုတ်ဖော်ပြော ဆိုပြီး နောက် အစီအစဉ်ကို တင်ဆက်တဲ့ Anchors Ben Shephard နှင့် Kate Garraway တို့က ဂုဏ်ယူကြောင်း ချီး ကျူးပြောဆိုခဲ့ပါတယ်။ sapiosexual ဆိုတာ လူတစ်ယောက်ဟာ ဘယ်လိုလိင်အမျိုးအစားလဲဆိုတာကို စိတ်မဝင်စားပဲ… Continue reading အမေရိကန်နာမည်ကြီး တေးရေး၊ တေးဆို Mark Ronson ဟာ sapiosexual တစ်ဦးဖြစ်ကြောင်း ကိုယ်တိုင်ထုတ်ဖော်ပြောကြား

အဆိုတော် Eddie Money က အစာပြွန်ကင်ဆာ အဆင့် (၄) ခံစားနေရကြောင်း ထုတ်ဖော်ပြောကြား

အသက် (၇၀) ရှိပြီး Eddie Money လို့လူသိများတဲ့ အမေရိကန်ရဲ့ နာမည်ကြီးအဆိုတော် Edward Mahoney ဟာ အစာပြွန်ကင်ဆာ အဆင့်(၄)ကို ခံစားနေရကြောင်း ဩဂုတ်လ (၂၄)ရက် စနေနေ့မှာ AXS TV က ပြုလုပ်ခဲ့သော Real Money အစီအစဉ်တွင် သူကိုယ်တိုင်ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ Eddie Money ဟာ ကျန်းမာရေး အလွန်ချို့တဲ့သူ တစ်ဦးဖြစ်ပြီး နှလုံးအဆို႔ရှင်ခွဲစိတ်ခြင်းနှင့် အဆုတ်နာရောဂါကို ယခုနှစ်အစောပိုင်းမှာ ခံစားခဲ့ရသဖြင့် နွေရာသီ ခရီး စဉ်ကိုပါ ဖျက်ခဲ့ရတယ်လို့လည်းသိရပါတယ်။ Eddie Money မှာရှိနေတဲ့ ကင်ဆာဟာ အသဲနဲ့ lymph nodes တွေကို ပျံ့နှံ့နေပြီးဖြစ်တဲ့အတွက် အဆင့် (၄) အဖြစ် သတ်မှတ်ခြင်းခံထားရတာဖြစ်ပါတယ်။ Eddie Money ဟာ… Continue reading အဆိုတော် Eddie Money က အစာပြွန်ကင်ဆာ အဆင့် (၄) ခံစားနေရကြောင်း ထုတ်ဖော်ပြောကြား

တေးသံရှင်သစ် ဝင်းပိုင်ရဲ့ တေးစီးရီးသစ် မကြာမီ ထွက်ရှိ လာတော့မည်

မြန်မာသံတေးလောကမှာ တေးသံရှင် ဗညားဟန်ရဲ့ ဝါဆိုမိုးနဲပြန်ခဲ့ပါ၊သမုဒယဝါဆိုမိုးစတဲ့ တေးသီချင်းလေးတွေကို ကြားမိလေတိုင်း တေးချစ်သူ ပရိတ်သတ်များရင်မှာ လွမ်းတသသခံစားမိကြမယ်ထင်ပါတယ်။ သမုဒယသံစဉ် အရေးအဖွဲ့ ကို အလွန်ပင်ပိုင်နိုင်လှတဲ့တေးရေးဆရာ မင်းဂျွန်စိုးရဲ့ထင်ပေါ်တဲ့တေးတွေဖြစ်ကြသလို တေးဖန်တီးရှင် မင်းဂျွန်စိုး အဖြစ် ထင်ပေါ်လာစေခဲ့တဲ့တေးတွေလို့ပြောမယ်ဆိုရင်လည်းမှားမယ်မထင်ပါဘူး။ လဝါဆိုကြောင့်တသသရင်မှာငိုခဲ့ရတဲ့ ဆရာမင်းဂျွန်စိုးက ဝါဆိုရောက်တိုင်း အချစ်ကျွန်တစ်ယောက်ပမာရင်မှာ ခံစားရ လွန်းလို့ထင်ပါရဲ့၊ အခုတစ်ခါ ဝင်းပိုင်ဆိုတဲ့ အသံအားကောင်းပြီး ကြည်လင်ပြတ်သားလှတဲ့ တေးသံရှင်သစ် အတွက် ဝါဆိုမိုးနဲ့အချစ်ကျွန်ဆိုတဲ့ တေးအလင်္ကာကို ရင်မှာခံစားရေးဖွဲ့လိုက်ပြန်ပါပြီ။ ဆရာ့ရဲ့လဝါဆိုနှလုံးသားခံစားချက် တိုင်းကို အားပါးတရလိုက်ပါခံစားအားပေးနေတဲ့ မြန်မာသံချစ်ပရိတ်တွေအတွက် တေးသံရှင်သစ် ဝင်းပိုင်ရဲ့ တေးစီးရီး သစ်မှာ Cover Song အဖြစ် ဝါဆိုမိုးနဲ့ အချစ်ကျွန်တေးကိုပဲရွေးချယ်လိုက်ပြန်ပါပြီ။ဒီစီးရီးသစ်မှာ ဆရာ့ရဲ့ နောက် ထပ်တေး၂ ပုဒ်အပါ အဝင် ပေါင်း ၃ပုဒ်ပါဝင်မှာဖြစ်တယ်လို့ သတင်းပေးချင်ပါတယ်။ ဒါတင်မကပါဘူး၊ဗိုလ်အောင်ဒင်နဲ့… Continue reading တေးသံရှင်သစ် ဝင်းပိုင်ရဲ့ တေးစီးရီးသစ် မကြာမီ ထွက်ရှိ လာတော့မည်

၁၀ နှစ်သမီးလေး Sky Brown က အိုလံပစ်ပွဲကိုလူတွေ စိတ်ဝင်စားမှုများအောင် လုပ်ပေးနိုင်မလား။

အိုလံပစ်ပွဲကို လေးနှစ်တစ်ခါ ကျင်းပကြပြီး လွန်ခဲ့တဲ့ နှစ်က Brazil နိုင်ငံ Rio မြို့မှာ ကျင်းပခဲ့ပါတယ်။ အိုလံပစ်ပွဲတွေက အရင်တုန်းကလို တစ်ကမ္ဘာလုံးက TV ဖန်သားပြင်နဲ့ အင်တာနက်တွေက ကြည့်ကြပေမယ့် ကြည့်ရှုတဲ့ လူဦး​ရေထဲမှာ လူငယ်တွေနည်းပါးလာတာကို စစ်တမ်းအရ တွေ့ရှိရပါတယ်။ လာမယ့် Summer Olympic ကိုတော့ ၂၀၂၀ မှာဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ဂျပန်အစိုးရကိုယ်တိုင် ၁၂ဘီလီယံံကုန်ကျခံပြီး ပွဲအတွက် စင်တွေ ခန်းမတွေကို အခုတည်းက ဆောက်နေကြပါပြီ။ အိုလံပစ် စီစစ်ရေးအဖွဲ့ကလည်း အရင်လို အိုလံပစ်မှာ သမရိုးကျ အားကစားတွေသာမက ခေတ်နဲ့အညီ တိုးတက်လာတဲ့ခေတ်မှာ လူငယ်တွေကြိုက်တဲ့ အားကစားတွေကိုပါ ထည့်သွင်းဖို့ စဉ်းစားလာကြပါတယ်။   ၂၀၂၀ မှာ လူငယ်တွေကြိုက်တဲ့ အားကစားတစ်မျိုးဖြစ်တဲ့  Skateboarding… Continue reading ၁၀ နှစ်သမီးလေး Sky Brown က အိုလံပစ်ပွဲကိုလူတွေ စိတ်ဝင်စားမှုများအောင် လုပ်ပေးနိုင်မလား။

ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)ရဲ့ ပထမဆုံးဝတ္ထုစာအုပ် စာနယ်ဇင်းမိတ်ဆက်ပွဲ ကျင်းပ

ဒါရိုက်မောင်မျိုးမင်း(ရင်တွင်းဖြစ်)ရဲ့ပထမဆုံးစာပေလက်ရာဖြစ်တဲ့ နှစ်ပတ်အလို လုံးချင်းဝတ္ထုစာအုပ် စာနယ်ဇင်း မိတ် ဆက်ပွဲအခမ်းအနားကို ယနေ့ညနေ ၃ နာရီက ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းပေါ်က Central Hotel မှာကျင်းပခဲ့ရာ ဆရာ လယ်တွင်းသားစောချစ် အပါအဝင်စာပေနဲ့ ရုပ်ရှင်လောကသား အတော်များများနဲ့ စာနယ်ဇင်းမီဒီယာများ တက် ရောက် အားပေးခဲ့ကြပါတယ်။အခန်းအနားမှာပိုင်မြန်မာစာပေတိုက်မှထုတ်ဝေသူဦးအောင်မျိုးပိုင်ကမိတ်ဆက်စကား ပြောကြား ခဲ့ပြီးဆရာလယ်တွင်းသားစောချစ်၊ဒါရိုက်တာအောင်စိုးဦး၊မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌဦးဇင်ဝိုင်း တို့ကအမှတ် တရစကားများပြောဆိုခဲ့ကြပါတယ်။ ဆရာ့ရဲ့ စာပေနယ်ကိုစတင်ခြေချတဲ့ ပထမဆုံးလုံးချင်းဝတ္ထု နှစ်ပတ်အလိုကို ဦးအောင်မျိုးပိုင်ရဲ့ ပိုင်မြန်မာ စာအုပ် တိုက်က ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ စာအုပ်တန်ဖိုးက ၆၀၀၀ကျပ်ဖြစ်ပြီး စီးတီးမတ်အပါအဝင် စာအုပ်ဆိုင်တွေမှာ ဝယ် ယူရရှိနိုင်ပြီဖြစ်ပါတယ်။ နှစ်ပတ်အလို ဝတ္ထုရဲ့ ထူးခြားချက်ကတော့ စာရေးသူ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)ဟာ ရုပ်ရှင်ဒါရိုက်တာပီပီ သူ့ရဲ့ ပထမဆုံးစာအုပ်ကိုလည်း စကားလုံးတွေကတဆင့် ရုပ်ပုံလွှာတွေအဖြစ် သူတတ်ကျွမ်းတဲ့ ရုပ်ရှင်ဒါရိုက်တာ… Continue reading ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)ရဲ့ ပထမဆုံးဝတ္ထုစာအုပ် စာနယ်ဇင်းမိတ်ဆက်ပွဲ ကျင်းပ

Grammy ဆုရှင် အမေရိကန်ဂီတပညာရှင် Dr John အသက် (၇၇)တွင် ကွယ်လွန်

အမေရိကန်နိုင်ငံ Louisiana ပြည်နယ် အရှေ့တောင်ဘက်ရှိ New Orleansမြို့တွင် မွေးဖွားခဲ့သော အမေရိကန် အဆိုတော် Grammy ဆုရှင် Dr John လို့ လူသိများတဲ့ Malcolm John Rebennack ဟာ ဇွန်လ(၆) ရက်နေ့ တွင် နှလုံးဖောက်ပြီး သေဆုံးသွးခဲ့ပြီဖြစ်ကြောင်း သူ၏ တရားဝင် Twitter အကောင့်တွင် တင်ထားချက်အရ သိရှိရပါ တယ်။ သူဟာ The Rock and Roll ရဲ့ ထင်ပေါ်တဲ့ Hall of Fame အဆိုတော်တစ်ယောက်ဖြစ်ပြီး blues၊ pop၊ jazz၊ boogie woogie နှင့် rockandroll သီချင်းအမျိုးအစားအားလုံးကိုပေါင်းပြီး ကိုယ်ပိုင်ဟန်ဖြင့် သီဆိုခဲ့တဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။ တေးဂီတ… Continue reading Grammy ဆုရှင် အမေရိကန်ဂီတပညာရှင် Dr John အသက် (၇၇)တွင် ကွယ်လွန်

Call of Duty Game ကို အဆင့်ထပ်မြှင့်ထားတဲ့ Modern Warfare 2019 Version အသစ်ထွက်ရှိမည်

လာမည့် အောက်တိုဘာ ၂၅ရက်နေ့တွင် Call of Duty Version အသစ်ကို Player တွေရဲ့လက်ထဲသို့ ပို့ဆောင် ပေး မှာဖြစ်ကြောင်း မေလ ၃၀ရက် ကြာသပတေးနေ့တွင် Infinity Ward မှ Developer များက တရားဝင် ကြေငြာခဲ့ပါ တယ်။ Battle royale Game တွေထဲမှာ နာမည်ကြီးတဲ့ Call of Duty Game Series အစမှ ယခုနောက်ဆုံး ထွက်ရှိထားတဲ့ 2011’s Modern Warfare 3 အထိ ပုံပြင်ဇာတ်လမ်းများကို ပြန်လည်ပြုပြင်ကာ Modern Warfare 2019 Version ကိုထုတ်လုပ်ခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။ Modern Warfare 2019 ဟာ ယခုလက်ရှိ… Continue reading Call of Duty Game ကို အဆင့်ထပ်မြှင့်ထားတဲ့ Modern Warfare 2019 Version အသစ်ထွက်ရှိမည်

Disney က Marvel Studios ရဲ့ နောက်ထပ်ခြေလှမ်းအသစ်များကို ချပြ

မကြာသေးမီက ထွက်ရှိခဲ့ပြီး လူတွေရဲ့ စိတ်ကိုဖမ်းစားနိုင်ခဲ့တဲ့ Marvel ရဲ့ End Game ဟာ ယခုဆိုရင် ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး ဇာတ်ကားတွေထဲမှာ ဒုတိယနေရာကိုရရှိသွားပြီးဖြစ်ပါတယ်။ ပထမနေရာကတော့ ၂၀၀၉ ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ Avatar ပဲဖြစ်ပါတယ်။ Avatar နဲ့ End Game ဟာ $2billions လောက်ပဲကွာတော့တာဖြစ်တဲ့အတွက် End Game ဟာ ပထမနေရာကိုရောက်သွားမလားဆိုတာ စိတ်လှုပ်ရှားစရာပါပဲ။ အဲလိုအောင်မြင်ခဲ့တဲ့ Marvel Studios ရဲ့ နောက်ထပ်ခြေလှမ်းဟာ ဘာဖြစ်နိုင်မလဲဆိုတာကို ယခုအချိန်မှာ လူတိုင်းက စိတ်ဝင်စားနေကြပါတယ်။ Disney က နောက်လာမည့် ၃နှစ် အတွင်းမှာ ပြသသွားမယ့် Marvel ရဲ့ Phase 4 မှာ ပါဝင်တဲ့ ဇာတ်ကား ၈… Continue reading Disney က Marvel Studios ရဲ့ နောက်ထပ်ခြေလှမ်းအသစ်များကို ချပြ