WhatsApp ကို Hacker များက ထိန်းချုပ်ပြီး အချက်အလက်များခိုးယူနေကြောင်းရှာဖွေတွေ့ရှိ

Facebook messenger နဲ့ Viber တို့လို တစ်ဦးနဲ့တစ်ဦး စာပို့ခြင်း၊ စကားပြောဆိုခြင်း နဲ့Video call ခေါ်ဆိုခြင်းတို့ကို ပြုလုပ်လို့ရတဲ့ Facebook ရဲ့ ထုတ်ကုန် Application ဖြစ်တဲ့ WhatsApp ကို Hacker များက မေလအစပိုင်း လောက် က ထိန်းချုပ်ခဲ့ပြီး အသုံးပြုသူတွေရဲ့ အချက်အလက်တွေ ကိုခိုးယူနေကြောင်း လုံခြုံရေးဆိုင်ရာ သုတေသီများကတွေ့ရှိခဲ့ပြီး WhatsApp ကလည်းဝန်ခံခဲ့ပါတယ်။

Hacker များအသုံးပြုထားတဲ့ Programဟာ အစ္စရေးလျှို့ဝှက်အဖွဲ့ဖြစ်တဲ့ NSO အဖွဲ့မှ ၂၀၁၆ခုနှစ်က ထုတ်လုပ် ခဲ့တဲ့ Pegasus program ဖြစ်ပါတယ်။ Pegasus program ရဲ့ လုပ်ဆောင်ချက်ကတော့ အသုံးပြုသူရဲ့ ဖုန်းရှိ Cameraကို အလိုအလျှောက်ပွင့်စေခြင်း၊ mic ကိုပွင့်စေခြင်း၊ Email နှင့် messages တွေကို အလိုအလျှောက် ကူးယူခြင်းနဲ့ အသုံးပြုသူရဲ့ တည်နေရာကို ခြေရာခံနိုင်ခြင်းအစရှိတဲ့ အသုံးပြုသူရဲ့ အချက်အလက်တွေကို ခိုးယူနိုင်ပါတယ်။ NSO ဟာ Pegasus program ကို ၂၀၁၆ခုနှစ်တုန်းက အစိုးရအဖွဲ့အစည်းတွေ အသုံးပြုဖို့ရန်အတွက် ထုတ်လုပ် ခဲ့တာဖြစ်ပြီး တချို့သော နာမည်ကြီး TV journalist ၁၂ခုကိုလည်း ရောင်းချပေးခဲ့တယ်လို့ သိရှိရပါတယ်။

Hacker တွေဟာ Pegasus program ကို WhatsApp ထဲမှာထည့်သွင်းခဲ့ပြီး သူတို့၏စီးပွားရေးလုပ်ငန်းမှာ အမြတ်ထုတ်ဖို့အတွက် ကြိုးစားနေကြတာဖြစ်ပါတယ်။ ဘယ်သူပြုလုပ်သွားသလဲ ဆိုတာကို စုံစမ်းစစ်ဆေးမှု တွေပြု လုပ် နေပြီ ဖြစ်ပါတယ်။ WhatsApp ကလည်းသူတို့ရဲ့ လုံခြုံရေးအားနည်းချက်အတွက် အသုံးပြုသူတွေကို တောင်းပန်ခဲ့ပြီး ၎ င်းအားနည်းချက်ကို ပြန်လည်ပြုပြင်ပြီး Version အသစ်ပြန်လည်ထုတ်လုပ်ထားကာ အသုံးပြုသူတွေ လုံခြုံရေးအတွက် နောက်ဆုံး Version ကို Update တင်ကြဖို့အတွက် တိုက်တွန်းခဲ့ပါတယ်။ စာဖတ်ပရိတ်သတ်ကြီးထဲမှာ WhatsApp အသုံးပြုသူတွေရှိနေတယ်ဆိုရင် အမြန်ဆုံး Update တင်ဖို့ ကျွန်တော်တို့ ဆန်းသစ်မြန်မာမှ ထပ်မံတိုက်တွန်း လိုက်ပါ တယ် ခင်ဗျာ။

Source : The Verge News

Leave a comment

Your email address will not be published. Required fields are marked *