ဇင်ဘာဘွေက ဆင်အကောင် ၉၀ကျော်ကို တရုတ်နှင့် ဒူဘိုင်းသို့ ရောင်းချ

တောင်အာဖရိကရှိ ဇင်ဘာဘွေက အမျိုးသားဥယာဉ်ထဲတွင် ဘေးမဲ့လွှတ်ထားသော ဆင်(၉၈)ကောင်ကို တရုတ်နှင့် ဒူဘိုင်းတို့အား ဒေါ်လာ ၂.၇သန်း ဖြင့် မေလ ၁၄ရက် အင်္ဂါနေ့တွင်ရောင်းချလိုက်ကြောင်းသိရှိရပါတယ်။ ဇင်ဘာဘွေ အမျိုးသားဥယာဉ်နှင့် တောရိုင်းတိရိစ္ဆာန်များထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ပြောခွင့်ရသူ Tinashe Farawo ပြောပြချက်အရ ရောင်းလို့ရရှိလာတဲ့ ငွေတွေကို အမျိုးသားဥယာဉ် ထိန်းသိမ်းစောင့်ရှောက်ရေး ကိစ္စရပ်များအတွက် အသုံးပြုသွားမှာဖြစ်ကြောင်းသိရှိရပါတယ်။

သူတို့အနေနဲ့ အမျိုးသားဥယာဉ်ထဲမှာ တစ်နှစ်ထက်တစ်နှစ် အကောင်ရေးတိုးပွားလာတဲ့ဆင်တွေကို ထိန်းသိမ်း စောင့်ရှောက်ဖို့မနိုင်တော့တဲ့အတွက်အခုလို့ ရောင်းချရတာဖြစ်ပြီး ရောင်းချလို့ရလာတဲ့ ငွေတွေနဲ့ ကျန်ရှိနေတဲ့ ဆင်တွေ အတွက် အကောင်းဆုံးထိန်းသိမ်းစောင့်ရှောက်မှုတွေ ပြုလုပ်သွားမှာဖြစ်ကြောင်း Farawo ကပြောကြားသွားခဲ့ ပါ တယ်။ ဒါ့အပြင် ရာသီဥတုဒဏ်ကြောင့် ဥယျာဉ်အတွင်းကမြစ်ရေဟာ လျော့နည်းလာတဲ့ အတွက် ဥယျာဉ်ထဲရှိ တိရိစ္ဆာန်များအတွက် ရေအခက်အခဲတွေရှိလာပါတယ်။ဒါ့ကြောင့် ရေတွင်းများတူးပြီး ရေခက်ခဲမှုပြဿနာကို ဖြေ ရှင်းနေရတာဖြစ်ကြောင်းလည်း Farawo ကရှင်းပြသွားခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်တွေက အာဖရိကတစ်နိုင်ငံလုံးမှာ ဆင်ပေါင်း ၈၅၀၀၀ ကျော် ရှိခဲ့ပါတယ်။

တရုတ်နဲ့ ဒူဘိုင်းကို ရောင်းလိုက်တဲ့ ဆင်တစ်ကောင်းချင်းစီရဲ့တန်ဖို့ဟာ ဒေါ်လာ13,500 မှ 41, 500 အထိရှိတယ် လို့သိရပါတယ်။ အာဖရိကဆင်တွေဟာ မျိုးတုန်းတော့မယ့် အန္တာရယ်ရှိနေတဲ့ ဆင်မျိုးစိတ်တွေဖြစ်တဲ့အတွက် အပြည် ပြည်ဆိုင်ရာ တောရိုင်းတိရိစ္ဆာန်ဥပဒေနဲ့ ကာကွယ်ပေးထားတဲ့ ဆင်များဖြစ်ပါတယ်။ ဘယ်လိုပဲ ဥပဒေတွေနဲ့ ကာကွယ် ပေးထားသည်ဖြစ်ပါစေ တရားမဝင်ဆင်စွယ်ဖြတ်ပြီး ခိုးရောင်းနေကြတဲ့သူတွေကတော့ ကျန်ရှိနေသေးပါတယ်။ ဒါ့ကြောင့် ဆင်အကောင်ရေများလာလို့ ထိန်းသိမ်းနိုင်စွမ်းလျော့ကျလာတဲ့အပေါ်မှာ အခွင့်ကောင်းယူမယ့်လူတွေ မပေါ်ပေါက်လာမီ အခုလို ရောင်းချပြီး ရရှိလာတဲ့ငွေတွေကို ထိန်းသိမ်းရေးမှာ ပြန်လည်အသုံးပြုလိုက်ခြင်းဟာ ကျန်ရှိနေတဲ့မျိုးစိတ်တွေ အတွက်ရော ရောင်းလိုက်တဲ့ ဆင်တွေအတွက်ရော အကျိုးရှိတဲ့ကိစ္စရပ်တစ်ခုဖြစ်ပါတယ်။

Source :CNN News

Leave a comment

Your email address will not be published. Required fields are marked *