ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)ရဲ့ ပထမဆုံးဝတ္ထုစာအုပ် စာနယ်ဇင်းမိတ်ဆက်ပွဲ ကျင်းပ

ဒါရိုက်မောင်မျိုးမင်း(ရင်တွင်းဖြစ်)ရဲ့ပထမဆုံးစာပေလက်ရာဖြစ်တဲ့ နှစ်ပတ်အလို လုံးချင်းဝတ္ထုစာအုပ် စာနယ်ဇင်း မိတ် ဆက်ပွဲအခမ်းအနားကို ယနေ့ညနေ ၃ နာရီက ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းပေါ်က Central Hotel မှာကျင်းပခဲ့ရာ ဆရာ လယ်တွင်းသားစောချစ် အပါအဝင်စာပေနဲ့ ရုပ်ရှင်လောကသား အတော်များများနဲ့ စာနယ်ဇင်းမီဒီယာများ တက် ရောက် အားပေးခဲ့ကြပါတယ်။အခန်းအနားမှာပိုင်မြန်မာစာပေတိုက်မှထုတ်ဝေသူဦးအောင်မျိုးပိုင်ကမိတ်ဆက်စကား ပြောကြား ခဲ့ပြီးဆရာလယ်တွင်းသားစောချစ်၊ဒါရိုက်တာအောင်စိုးဦး၊မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌဦးဇင်ဝိုင်း တို့ကအမှတ် တရစကားများပြောဆိုခဲ့ကြပါတယ်။

ဆရာ့ရဲ့ စာပေနယ်ကိုစတင်ခြေချတဲ့ ပထမဆုံးလုံးချင်းဝတ္ထု နှစ်ပတ်အလိုကို ဦးအောင်မျိုးပိုင်ရဲ့ ပိုင်မြန်မာ စာအုပ် တိုက်က ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ စာအုပ်တန်ဖိုးက ၆၀၀၀ကျပ်ဖြစ်ပြီး စီးတီးမတ်အပါအဝင် စာအုပ်ဆိုင်တွေမှာ ဝယ် ယူရရှိနိုင်ပြီဖြစ်ပါတယ်။

နှစ်ပတ်အလို ဝတ္ထုရဲ့ ထူးခြားချက်ကတော့ စာရေးသူ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)ဟာ ရုပ်ရှင်ဒါရိုက်တာပီပီ သူ့ရဲ့ ပထမဆုံးစာအုပ်ကိုလည်း စကားလုံးတွေကတဆင့် ရုပ်ပုံလွှာတွေအဖြစ် သူတတ်ကျွမ်းတဲ့ ရုပ်ရှင်ဒါရိုက်တာ အနု ပညာနဲ့ ပုံဖေါ်ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။ဒီရုပ်ရှင်ကိုလည်း ဦးအောင်မျိုးပိုင်ရဲ့ Film House ရုပ်ရှင်ထုတ်လုပ်ရေး ကပဲ တာဝန်ယူထုတ်လုပ်ခဲ့တာဖြစ်ပြီး ယခုလာမယ့် ဇွန်လ ၂၀ ရက်နေ့မှာ စတင်ရုံတင်တော့မယ်လို့ သိရပါတယ်။

အရုပ်တွေကို ဆေးချယ်အသက်သွင်းနိုင်တဲ့ ပန်ချီဆရာဘဝကနေ လူတွေကို အနုပညာရသစုံပေးနိုင်အောင် စီစဉ်ညွှန် ကြားတတ်တဲ့ ရုပ်ရှင်ဒါရိုက်တာ၊ ရီမောစရာဟာသတွေနဲ့ ပရိတ်သတ်ရင်ကို ထိမှန်စေခဲ့တဲ့ နှင်းဆီဒါရိုက်တာ ဘဝ တွေကနေ အခုတစ်ခါ စာပေအနုလက်ရာတွေနဲ့ ပရိတ်သတ်ရင်ကိုရသတွေပေးစွမ်းဦးမယ့် ဆရာမောင်မျိုးမင်းရဲ့ အနုပညာ စွမ်းဆောင်ချက်တွေက ချီးကျူးအားကျစရာကောင်းလှပါတယ်။ ဆရာကတော့ သူစာရေးရတာဟာ ရုပ်ရှင်နဲ့ မပေးစွမ်း နိုင်တဲ့ တစ်ချို့သော အနုပညာတင်ဆက်မှုတွေကို စာပေနဲ့ ပေးစွမ်းနိုင်တဲ့ အတွက်ဖြစ်ပါတယ်လို့ ပြောသွားခဲ့ပါတယ်။

အခမ်းအနားအဆုံးမှာတော့ တက်ရောက်လာတဲ့ ပရိတ်သတ်တွေအားလုံးကို သူကိုယ်တိုင်လက်မှတ်ရေးထိုးပြီး စာအုပ် လက်ဆောင်ချီးမြှင့်ခဲ့ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *