၁၀ နှစ်သမီးလေး Sky Brown က အိုလံပစ်ပွဲကိုလူတွေ စိတ်ဝင်စားမှုများအောင် လုပ်ပေးနိုင်မလား။

အိုလံပစ်ပွဲကို လေးနှစ်တစ်ခါ ကျင်းပကြပြီး လွန်ခဲ့တဲ့ နှစ်က Brazil နိုင်ငံ Rio မြို့မှာ ကျင်းပခဲ့ပါတယ်။ အိုလံပစ်ပွဲတွေက အရင်တုန်းကလို တစ်ကမ္ဘာလုံးက TV ဖန်သားပြင်နဲ့ အင်တာနက်တွေက ကြည့်ကြပေမယ့် ကြည့်ရှုတဲ့ လူဦး​ရေထဲမှာ လူငယ်တွေနည်းပါးလာတာကို စစ်တမ်းအရ တွေ့ရှိရပါတယ်။

လာမယ့် Summer Olympic ကိုတော့ ၂၀၂၀ မှာဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ဂျပန်အစိုးရကိုယ်တိုင် ၁၂ဘီလီယံံကုန်ကျခံပြီး ပွဲအတွက် စင်တွေ ခန်းမတွေကို အခုတည်းက ဆောက်နေကြပါပြီ။ အိုလံပစ် စီစစ်ရေးအဖွဲ့ကလည်း အရင်လို အိုလံပစ်မှာ သမရိုးကျ အားကစားတွေသာမက ခေတ်နဲ့အညီ တိုးတက်လာတဲ့ခေတ်မှာ လူငယ်တွေကြိုက်တဲ့ အားကစားတွေကိုပါ ထည့်သွင်းဖို့ စဉ်းစားလာကြပါတယ်။

 

၂၀၂၀ မှာ လူငယ်တွေကြိုက်တဲ့ အားကစားတစ်မျိုးဖြစ်တဲ့  Skateboarding အားကစားနည်းကိုပါ ထည့်သွင်းလာတော့မှာ ဖြစ်ပါတယ်။ Winter Olympic Games မှာ Winter skate ပါသလိုမျိုး Summer Olympic မှာလည်း စကိတ်ဘုတ် အလှစီးအားကစားနည်းကို ထည့်သွင်းလာတော့မှာ ဖြစ်ပါတယ်။ ​လက်ရှိ ဆယ်နှစ်ပတ်ချာလည် အသက်အရွယ်ပိုင်းမှာ နာမည်ကြီးနေတဲ့ Sky Brown ကတော့ အသက်ဆယ်နှစ်သာရှိပေမယ့် စကိတ်စီးကျွမ်းကျင်တဲ့နေရာမှာ နာမည်ကြီးတဲ့ ကလေးတစ်ယောက်လည်းဖြစ်ပါတယ်။ လက်ရှိ လူမှုကွန်ရက်မှာ followers သိန်းနဲ့ချီ ပိုင်ဆိုင်ထားတဲ့ ကလေးလည်းဖြစ်ပါတယ်။

သူမက skateboard စီးတဲ့အပြင် ABC Channel က Dancing with Stars Junior ပွဲမှာလည်း ဆုတွေပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ ၂၀၂၀ခုနှစ် ဂျပန်မှာ ကျင်းပမယ့် summer olympic မှာတော့ Sky Brown က နိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ သူ့ပရိတ်သတ်တွေနဲ့ လူငယ်တော်တော်များများက အိုလံပစ်ရဲ့ အားကစားအသစ်တွေနဲ့အတူ Sky Brown လေးကို ရင်ခုန်စွာနဲ့ စောင့်ကြည့်ကြမှာ သေချာပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *