ဆွီဒင်အခြေစိုက် နည်းပညာဝန်ဆောင်မှု ကုမ္ပဏီSpotify က မိဘတွေစိတ်ချမ်းသာအောင် ကူညီပေးလိုက်ပြီ

သီချင်းများနှင့် ပတ်သက်ပြီး ဝန်ဆောင်မှုပေးနေသော ဆွီဒင်အခြေစိုက်Spotify ဟာ ဩဂုတ်လ ၁၉ရက် တနင်္လာ နေ့က သူတို့ရဲ့ App ထဲမှာ Premium Family Plan ကို ထည့်သွင်းပေးလိုက်ပြီးဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ထိုသို့ ပြုလုပ်လိုက်ခြင်းအားဖြစ် မိဘအုပ်ထိန်းသူများက မိမိရဲ့ အသက်မပြည့်သေးတဲ့ ကလေးငယ်များရဲ့ စိတ်ဓာတ်ကို ထိန်းသိမ်း နိုင်ဖို့အတွက် အရမ်းကိုအဆင်ပြေသွားစေတာဖြစ်ပါတယ်။

ယနေ့ခေတ်မှာ လူငယ်တိုင်းဟာ အင်တာနက် ကိုအသုံးပြုလာကြပြီး အင်တာနက်ပေါ်မှအရာတွေကို အတုယူလာတာ ကြောင့် အလွယ်တကူပျက်စီးလာကြပါတယ်။ ထို့သို့မဖြစ်စေရန်အတွက် Spotify က မိဘများအနေဖြစ် မိမိရဲ့ ကလေး ငယ်များကို မကြားစေချင်တဲ့ ညစ်ညမ်းတဲ့စကားလုံးများ ကြမ်းတမ်းတဲ့စကားလုံးများ ပါဝင်တဲ့သီချင်းတွေကို ကလေး များက ဖွင့်ကြည့်မိမယ်ဆိုရင် အလိုအလျှောက်ပိတ်လိုက်တဲ့ ဝန်ဆောင်မှုလေးပဲဖြစ်ပါတယ်။ ထို့ကြောင့် ကလေး များ ဟာ ညစ်ညမ်းတဲ့ စကားလုံးတွေကို မကြားရတော့တဲ့အတွက် ကလေးတွေရဲ့စိတ်မှာ ကြမ်းတမ်းမှုတွေကို ပယ်ဖျောက် နိုင်မှာဖြစ်ပါတယ်။

ဒါတင်မဟုတ်ပဲ Family Mix လို့ခေါ်တဲ့ မိသာစုသုံး playlist ဝန်ဆောင်မှုကိုလည်း ထည့်သွင်းပေးလိုက်ပြီးဖြစ်ပါတယ်။ ထို့ကြောင့် မိဘအုပ်ထိန်းသူများက မိမိကလေးများအတွက် သီးချင်များကို တစ်နေရာထဲတွင် စုစီးပေးထားလို့ ရမှာဖြစ် ပါတယ်။ ယခုလို Spotify ရဲ့ တိုးမြှင့်ပေးလိုက်တဲ့ဝန်ဆောင်မှုဟာ အနာဂတ်လူငယ်တွေအတွက် အလွန်ကို အကျိုး ရှိတဲ့ ဝန်ဆောင်မှုတစ်ခုပဲဖြစ်ပါတယ်။

Source : Mashable News

Leave a comment

Your email address will not be published. Required fields are marked *