အမေရိကန်က နယူကလီးယားစာချုပ် INF ကို ဖျက်လိုက်ပြီ

၁၉၈၇ ခုနှစ်တုန်းက ရုရှားနဲ့ အမေရိကန်တို့ ချုပ်ဆိုခဲ့သော တာလတ်နဲ့ တာတိုပစ် နယူကလီးယားနှင့် နယူကလီး ယား မဟုတ်သော ဒုံးကျည်များ ဖျက်ဆီးရေးစာချုပ် (INF) ကို ရုရှားဖက်ကစတင်ချိုးဖောက်ခဲ့တဲ့အတွက် အမေရိကန် ကလည်း ဩဂုတ်လ (၂)ရက်နေ့မှာ စာချုပ်ကိုတရားဝင် ရပ်စဲလိုက်ပြီဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ခဲ့ ပါ တယ်။

ထိုထုတ်ပြန်ချက်နဲ့အတူ ဩဂုတ်လ၁၈ရက် တနင်္ဂနွေနေ့တွင် အမေရိကန်ရေတပ်က Los Angeles ရှိ San Nicolas ကျွန်း၌ INF စာချုပ်တွင် တားမြစ်ထားတဲ့ တာတိုပစ် ပဲ့ထိန်းဒုံးကျည်ကို စမ်းသပ်ပြစ်လွှတ်ခဲ့ပါတယ်။ အမေရိကန် ရေ တပ်ရဲ့ ထုတ်ပြန်ချက်အရ ၎င်းဒုံးကျည်ဟာ နယူကလီးယားဒုံးကျည်မဟုတ်ပဲ သာမန်ဒုံးကျည်တစ်ခုသာဖြစ်ပြီး 500km (310 miles) ကျော်ဖြတ်သန်းပြီးမှ ပစ်မှတ်ကိုထိခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။

လွန်ခဲ့သောကာလတုန်းက ရုရှားဟာ INF စာချုပ်ကို ချိုးဖောက်ခဲ့သဖြစ် အမေရိကန်က သတိပေးခဲ့ရပါသေးတယ်။ သို့ သော် ဇူလိုင်လအကုန်မှာ ရုရှားနိုင်ငံ မော်စကိုမြို့တွင် နယူကလီးယားနဲ့ ပတ်သက်တဲ့ဒုံးကျည်ကို စမ်းသပ်နေတာ ဖြစ် ကြောင်းကို အမေရိကန်နဲ့ နေတိုးတပ်တို့က သက်သေနဲ့တကွ တွေ့ရှိခဲ့တဲ့အတွက် ရုရှားကိုထပ်မံပြီး သတိပေးကာ ဆက်လုပ်ပြု လုပ်နေမယ်ဆိုရင်တော့ အမေရိကန်ကလည်း INF စာချုပ်ကို ဖျက်သိမ်းရတော့မှာဖြစ်ကြောင်း ခြိမ်း ခြောက်ပြော ဆိုခဲ့ ပါ တယ်။

သို့သော် ရုရှားကလည်း သူတို့အနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတာဝန်မယူနိုင်ကြောင်းနဲ့ သူတို့ ပြုလုပ်နေတာ မဟုတ် ကြောင်း ပြန်လည်ပြောဆိုခဲ့သဖြစ် အမေရိကန်က ဩဂုတ်လ (၂)ရက်နေ့တွင် INF စာချုပ်ကို ဖျက်သိမ်းကြောင်း ကြေငြာခဲ့ တာဖြစ်ပါတယ်။

နေတိုးတပ်ကတော့ ယခုလို အမေရိကန်အနေနဲ့ INF စာချုပ်ကိုဖျက်သိမ်းလိုက်ခြင်းဟာ အလွန်ကို အန္တာရယ်ကြီးတဲ့ ကိစ္စတစ်ခုဖြစ်ကြောင်းနဲ့ ကမ္ဘာ့ ကုန်သွယ်ရေးစစ်ပွဲအပြင်ကို ကမ္ဘာ့ဒုံးလက်နက်စစ်ပွဲကြီးပါဖြစ်လာနိုင်ကြောင်း ပြောခဲ့ ပါတယ်။သုံးသပ်သူများကလည်းယခုလိုကမ္ဘာ့နိုင်ငံကြီးများကINFစာချုပ်ကိုဖျက်လိုက်ကြပြီးဖြစ်သောကြောင့်ကမ္ဘာပေါ်မှာ နယူကလီးယားနဲ့ ပတ်သက်ပြီးစိုးရိမ်စရာကိစ္စရပ်တွေ ထပ်မံတိုးပွားလာတော့မှာဖြစ်ကြောင်း သုံးသပ်ပြောဆို နေ ကြ ပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *