အမေရိကန်နာမည်ကြီး တေးရေး၊ တေးဆို Mark Ronson ဟာ sapiosexual တစ်ဦးဖြစ်ကြောင်း ကိုယ်တိုင်ထုတ်ဖော်ပြောကြား

ယခုနှစ် Oscar ဆုပေးပွဲမှာ “Shallow” သီချင်းဖြင့် အကောင်းဆုံးမူရင်းသီချင်းပိုင်ရှင်ဆုကို ရရှိခဲ့သော အသက် (၄၄)နှစ် အရွယ်ရှိ အမေရိကန်နာမည်ကြီး တေးရေး၊ တေးဆို Mark Ronson ဟာ sapiosexual တစ်ဦး ဖြစ် ကြောင်းကို စက်တင်ဘာလ (၁၉)ရက် ကြာသပတေးနေ့တွင် ပြုလုပ်ခဲ့သော ITV’s Good Morning Britain TV အစီ အစဉ်မှာ သူကိုယ်တိုင်ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ထိုသို့ sapiosexual တစ်ဦးဖြစ်ကြောင်း ထုတ်ဖော်ပြော ဆိုပြီး နောက် အစီအစဉ်ကို တင်ဆက်တဲ့ Anchors Ben Shephard နှင့် Kate Garraway တို့က ဂုဏ်ယူကြောင်း ချီး ကျူးပြောဆိုခဲ့ပါတယ်။

sapiosexual ဆိုတာ လူတစ်ယောက်ဟာ ဘယ်လိုလိင်အမျိုးအစားလဲဆိုတာကို စိတ်မဝင်စားပဲ ထိုသူရဲ့ အနေအထိုင် အတွေးအခေါ်တွေ အပေါ်မှာစိတ်ဝင်စားပြီး တွဲတတ်တဲ့လူအမျိုးအစားဖြစ်ကြောင်းကို Show ပွဲအစောပိုင်းမှာ စာရေး ဆရာမ Nichi Hodgson က ရှင်းပြခဲ့ပါတယ်။ ထို့နောက် sapiosexual လူတွေဟာ လူ့အသိုင်းအဝိုင်းထဲမှာ ရာခိုင်နှုန်းနည်းပြီး တစ်ချို့က သူတို့ကိုယ် သူတို့ sapiosexual ဖြစ်နေတယ်ဆိုတာကို မသိတဲ့လူတွေလဲရှိတယ်လို့ ဆက်လက်ရှင်းပြခဲ့ပါတယ်။

Source : CNN News

Leave a comment

Your email address will not be published. Required fields are marked *