၃နှစ်တာကာလအတွင်း ထိုင်းနိုင်ငံရဲ့ အင်္ဂလိပ်စာတတ်ကျွမ်းမှုအဆင့် ကျဆင်း

အင်္ဂလိပ်ဘာသာစကားဟာ နိုင်ငံတကာသုံး ဘာသာစကားတစ်ခုဖြစ်တာကြောင့် နိုင်ငံတစ်နိုင်ငံရဲ့ ပြည်သူတွေ အင်္ဂလိပ်ဘာသာစကားတတ်ကျွမ်းမှုဟာ တိုင်းပြည်ရဲ့ စီးပွားရေးဖွံံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေတာ က တော့ အမှန်ပါပဲ။

နိုင်ငံပေါင်း ၁၀၀ ရဲ့ အင်္ဂလိပ်ဘာသာစကားတတ်ကျွမ်းမှုကို စူးစမ်းလေ့လာပြီး အဆင့်သတ်မှတ်ချက်တွေ ထုတ် ပြန်တဲ့ EPI ရဲ့ အဆင့်သတ်မှတ်ချက်တွေအရ ၂၀၁၉မှာ ထိုင်းနိုင်ငံဟာ ရမှတ် ၄၇.၆၂ နဲ့ နိုင်ငံ ပေါင်း၁၀၀ မှာ ၇၄ အဆင့်ရှိတဲ့ နိုင်ငံတစ်နိုင်ငံ၊အင်္ဂလိပ်စာတတ်ကျွမ်းမှုအဆင့် အလွန်နိမ့်တဲ့နိုင်ငံ အဖြစ်သတ်မှတ် ခံခဲ့ရ တယ်လို့ ဘန်ကောက်ပို့စ် သတင်းတစ်ပုဒ်အရသိရပါတယ်။

EF

ထိုင်းနိုင်ငံရဲ့ အင်္ဂလိပ်စာတတ်ကျွမ်းမှုအဆင့်ဟာ ၂၀၁၇ ခုနှစ်မှာ ရမှတ် ၄၉.၇နဲ့ နိုင်ငံပေါင်း၈၈ နိုင်ငံမှာ အဆင့်၅၃ ရှိခဲ့ပြီး ၂၀၁၈ခုနှစ်မှာတော့ ရမှတ် ၄၈.၅၄နဲ့နိုင်ငံပေါင်း ၈၈နိုင်ငံမှာ အဆင့် ၆၄ ရှိခဲ့ပါ တယ်။ ထိုင်း နိုင်ငံဟာ အာဆီယံ‌ဒေသအတွင်းမှာ တတိယ အနိမ့်ဆုံးနိုင်ငံဖြစ်ပြီး သူ့အောက်မှာတော့ ထိုင်းတွေထက် အမြဲသာ တယ်လို့ ကိုယ့်ဖာသာ ထင်မှတ်ထားကြတဲ့ မြန်မာနဲ့ ကမ္ဘောဒီးယားတို့ပဲကျန်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *